【ပြည်တွင်း】တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး ရလဒ်ကောင်းများရရှိခဲ့ဟုဆို

【ပြည်တွင်း】တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး ရလဒ်ကောင်းများရရှိခဲ့ဟုဆို

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ် ပူးပေါင်းဆောင်ရွက်မှုအခြေနေများကို ပြီးခဲ့တဲ့မေလ ၂၀ရက်ကနေ ၂၁ရက်အထိ ကွင်းဆင်းလေ့လာခဲ့တာလို့ ဆိုပါတယ်။

၎င်းတို့ဟာ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning ၊ အမျိုးသားဆိပ်ကမ်းရုံး ညွှန်ကြားရေးမှူး Mr. Zhao Zenglian တို့နှင့် တွေ့ ဆုံခဲ့သလို တရုတ်-မြန်မာနယ်စပ်ရှိ တယ်ဟုန်ပြည်နယ်ခွဲသို့လည်း သွားရောက်ကွင်းဆင်းလေ့လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ခရီးစဉ်အတွင်းမှာ နှစ်ဦးနှစ်ဖက်အနေနဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိုမိုချောမွေ့စေရေး၊ နယ်စပ် ဂိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အား ကောင်းစေရေးစသည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ကာ ရလဒ်ကောင်းများရရှိခဲ့တာလို့ ဆိုပါတယ်။

အောင်အောင်

ရန်ကုန်၊ မေ ၃၁