အမြန်လမ်းကြီးပေါ်တွင် သတ်မှတ်ချက်ထက် ပိုမို တင်ဆောင်လာသည့် မော်တော်ယာဉ်များအား တားမြစ် ထိန်းသိမ်းလျှက်ရှိ

အမြန်လမ်းကြီးပေါ်တွင် သတ်မှတ်ချက်ထက် ပိုမို တင်ဆောင်လာသည့် မော်တော်ယာဉ်များအား တားမြစ် ထိန်းသိမ်းလျှက်ရှိ

အမြန်လမ်းပေါ်တွင် လူနှင့် ကုန်ပစ္စည်းများ သတ်မှတ်ချက်ထက် ပိုမို တင်ဆောင်လာသည့် မော်တော်ယာဉ် များအား တားမြစ် ထိန်းသိမ်းလျှက်ရှိတယ်လို့ အမြန်လမ်းမကြီး့ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ အချိန်တွင် ခရီးသွားပြည်သူ တစ်ဦး သတင်းပေးပို့မှု အရ ရန်ကုန် မြို့၊အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ ထွက်ခွာလာသည့် HIGHT CLASS Express ယာဉ်တွင် ခရီးသည်များ အပြင် ငါးစိမ်းအိတ် များ ကို အန္တရာယ် ဖြစ်ဖွယ်တင်ဆောင်လာကြောင်း သတင်းပေးပို့မှုအရ အမြန်လမ်း မကြီးရဲတပ်ဖွဲ့အမှတ်(၃) လမ်းဆုံ စခန်း တပ်ဖွဲ့ဝင်များသည် အဆိုပါ ယာဉ်အား စောင့်ဆိုင်းစစ်ဆေးခဲ့ပြီး သတင်းပေးပို့တိုင်ကြားမှု မှန်ကန်သည့်အတွက် ယာဉ်အား အမြန်လမ်းမပေါ် သို့ ဝင်ရောက်ခွင့်မပြုဘဲ ယာဉ်ပေါ်ပါ ငါးစိမ်းအိတ် ၁၄အိတ်ကို မူလဂိတ်တွင် ပြန်လည် ချထား ရန် တားမြစ်ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

နံနက် ၁၁ နာရီ ခွဲအချိန်ကလည်း မိုင်တိုင် (၃၃၃/၁- ၃၃၃/၂)ကြား တွင် ယာဉ်မောင်း က်ုအောင်ဇော်ဦး(၃၀)နှစ် ပျူကန်ကျေးရွာ မလိုင်မြို့နယ်နေသူ မောင်းနှင်လာသည့် HYUNDAI STAREX ယာဉ်၏ အမိုးပေါ်တွင် ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည်ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ၊စကားအင်းစခန်း လှည့်ကင်း အဖွဲ့မှတွ့ရှိသဖြင့် ရပ်တန့် စစ်မေးရာ မလှိုင်မြို့သို့သွားရောက်မည် ဖြစ်ပြီး မိုင်တိုင် အမှတ် (၃၄၉/၅) လမ်းဟောင်း ဖြတ်လမ်း မှတတ်ရောက်မောင်းနှင်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့်. အမြန်လမ်းမပေါ် ထုတ်ပြန်ထားသည့် တားမြစ်ချက်များကို လေးစားလိုက်နာမှု မရှိသည့်အပြင် အန္တရာယ် ဖြစ်ပေါ်စေနိုင် သဖြင့် အမြန်လမ်းမကြီးဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဧပြီ ၁၁
ဓာတ်ပုံ- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး(FB) 

(  Zawgyi  )

အျမန္လမ္းေပၚတြင္ လူႏွင့္ ကုန္ပစၥည္းမ်ား သတ္မွတ္ခ်က္ထက္ ပိုမို တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ မ်ားအား တားျမစ္ ထိန္းသိမ္းလွ်က္ရွိတယ္လို႔ အျမန္လမ္းမႀကီး့ရဲတပ္ဖြဲ႕မႉး႐ုံးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ယေန႔ ဧၿပီလ ၁၁ ရက္ နံနက္ ၁၁ နာရီ အခ်ိန္တြင္ ခရီးသြားျပည္သူ တစ္ဦး သတင္းေပးပို႔မႈ အရ ရန္ကုန္ ၿမိဳ႕၊ေအာင္မဂၤလာ အေဝးေျပးဂိတ္မွ ထြက္ခြာလာသည့္ HIGHT CLASS Express ယာဥ္တြင္ ခရီးသည္မ်ား အျပင္ ငါးစိမ္းအိတ္ မ်ား ကို အႏၲရာယ္ ျဖစ္ဖြယ္တင္ေဆာင္လာေၾကာင္း သတင္းေပးပို႔မႈအရ အျမန္လမ္း မႀကီးရဲတပ္ဖြဲ႕အမွတ္(၃) လမ္းဆုံ စခန္း တပ္ဖြဲ႕ဝင္မ်ားသည္ အဆိုပါ ယာဥ္အား ေစာင့္ဆိုင္းစစ္ေဆးခဲ့ၿပီး သတင္းေပးပို႔တိုင္ၾကားမႈ မွန္ကန္သည့္အတြက္ ယာဥ္အား အျမန္လမ္းမေပၚ သို႔ ဝင္ေရာက္ခြင့္မျပဳဘဲ ယာဥ္ေပၚပါ ငါးစိမ္းအိတ္ ၁၄အိတ္ကို မူလဂိတ္တြင္ ျပန္လည္ ခ်ထား ရန္ တားျမစ္ထိန္းသိမ္းခဲ့တယ္လို႔ ဆိုပါတယ္။

နံနက္ ၁၁ နာရီ ခြဲအခ်ိန္ကလည္း မိုင္တိုင္ (၃၃၃/၁- ၃၃၃/၂)ၾကား တြင္ ယာဥ္ေမာင္း က္ုေအာင္ေဇာ္ဦး(၃၀)ႏွစ္ ပ်ဴကန္ေက်း႐ြာ မလိုင္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာသည့္ HYUNDAI STAREX ယာဥ္၏ အမိုးေပၚတြင္ ခရီးသည္မ်ား တင္ေဆာင္ေမာင္းႏွင္လာသည္ကို အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ၊စကားအင္းစခန္း လွည့္ကင္း အဖြဲ႕မွတြ႕ရွိသျဖင့္ ရပ္တန႔္ စစ္ေမးရာ မလႈိင္ၿမိဳ႕သို႔သြားေရာက္မည္ ျဖစ္ၿပီး မိုင္တိုင္ အမွတ္ (၃၄၉/၅) လမ္းေဟာင္း ျဖတ္လမ္း မွတတ္ေရာက္ေမာင္းႏွင္ခဲ့ေၾကာင္း စစ္ေဆးသိရွိရသျဖင့္. အျမန္လမ္းမေပၚ ထုတ္ျပန္ထားသည့္ တားျမစ္ခ်က္မ်ားကို ေလးစားလိုက္နာမႈ မရွိသည့္အျပင္ အႏၲရာယ္ ျဖစ္ေပၚေစႏိုင္ သျဖင့္ အျမန္လမ္းမႀကီးဥပေဒပုဒ္မ ၂၂ ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဧၿပီ ၁၁
ဓာတ္ပုံ- အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး(FB)