သြင်္ကန်လုံခြုံရေး ကာလသုံးရပ်ခွဲခြားသတ်မှတ်၍ အင်အား ၅၀၀၀ ကျော်ဖြင့် ရန်ကုန်၌ ဆောင်ရွက်

သြင်္ကန်လုံခြုံရေး ကာလသုံးရပ်ခွဲခြားသတ်မှတ်၍ အင်အား ၅၀၀၀ ကျော်ဖြင့် ရန်ကုန်၌ ဆောင်ရွက်

ယခုသြင်္ကန်ပွဲတော်ကာလမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီး ကာလသုံးရပ် ခွဲခြား သတ်မှတ်ကာ အင်အား ၅၀၀၀ ကျော် အသုံးပြုလုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

အဆိုပါ ခွဲခြားသတ်မှတ်ဆောင်ရွက်နေတဲ့ ကာလသုံးရပ်ဟာ ပွဲတော်အကြိုကာလ၊ ပွဲတော်ကာလနဲ့ ပွဲတော်အပြီး ကာလအဖြစ် ခွဲခြား ထားတာဖြစ်ပြီး အခုလုပ်ဆောင်နေတဲ့ ပွဲတော်အကြိုကာလမှာတော့ လိင်စိတ်ကြွဆေးတွေ၊ လက်နက်ပုန်းတွေ၊ ယစ်မျိုး၊ မူးယစ်ဆေးဝါး၊ ဆင်ဆာမဲ့ဗီဒီယို အစရှိတဲ့ဟာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တာတွေကို အသိပညာပေးတာနဲ့ ကြိုတင်ကာကွယ်ဖမ်းဆီးတာတွေကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အထိ လေးရက်တာ ကျင်းပမယ့် မြန်မာ့ရိုးရာ မဟာ သြင်္ကန်ပွဲတော်ဟာ မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ် ကနေ ၁၃၈၁ ခုနှစ်ကို ကူးပြောင်းတဲ့ ကာလလည်းဖြစ်ပြီး ရေသဘင်ပွဲတော်ဟာ အများပြည်သူတွေ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော် တစ်ခုဖြစ်သလို မူးယစ်ရမ်းကားတာတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ အပါအဝင် အခြားသော မှုခင်းဖြစ်ပွားမှု တွေကို ဒီပွဲတော်အတွင်း တားဆီးကာကွယ်နိုင်ဖို့အပါအဝင် အများပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေက လုံခြုံရေးအစီအမံတွေကို ချမှတ်ကာ နှစ်စဉ်ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

ယခုပွဲတော်ကာလထဲမှာ တိုင်းဒေသကြီးရဲတပ်ဖွဲ့က အခြားမိတ်ဖွဲ့တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စီမံဆောင်ရွက် သွားမှာဖြစ်ပြီး စတုဒီသာမဏ္ဍပ်၊ လမ်းလျှောက်သြင်္ကန်တွေ အပါအဝင် အများပြည်သူ စုဝေးရာနေရာတွေ၊ အပန်းဖြေရာနေရာတွေနဲ့ မဏ္ဍပ်နေရာတွေ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား(၅၀၀၀)ကျော်နဲ့ လုံခြုံရေးဆောင်ရွက်သွားဖို့ စီစဉ်ထားတာ ဖြစ်သလို ရေကစားမဏ္ဍပ်တွေမှာတော့ အဲ့ဒီထဲက အင်အား ၅၀၀ကို ဖြန့်ခွဲ တာဝန်ချထားကြောင်း သိရပါတယ်။ ယခုနှစ် သြင်္ကန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် လမ်းလျှောက်သြင်္ကန် ခြောက်နေရာနှင့် မဏ္ဍပ်အကြီး၊ အလတ်၊ အသေး ရေကစားမဏ္ဍပ်စုစုပေါင်း ၈၀ ကျော် တည်ဆောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဧပြီ ၁၂ 

(  Zawgyi  )

 ယခုၾသကၤန္ပြဲေတာ္ကာလမွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုံၿခဳံေရးကိစၥနဲ႔ပတ္သက္ၿပီး ကာလသုံးရပ္ ခြဲျခား သတ္မွတ္ကာ အင္အား ၅၀၀၀ ေက်ာ္ အသုံးျပဳလုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရပါတယ္။

အဆိုပါ ခြဲျခားသတ္မွတ္ေဆာင္႐ြက္ေနတဲ့ ကာလသုံးရပ္ဟာ ပြဲေတာ္အႀကိဳကာလ၊ ပြဲေတာ္ကာလနဲ႔ ပြဲေတာ္အၿပီး ကာလအျဖစ္ ခြဲျခား ထားတာျဖစ္ၿပီး အခုလုပ္ေဆာင္ေနတဲ့ ပြဲေတာ္အႀကိဳကာလမွာေတာ့ လိင္စိတ္ႂကြေဆးေတြ၊ လက္နက္ပုန္းေတြ၊ ယစ္မ်ိဳး၊ မူးယစ္ေဆးဝါး၊ ဆင္ဆာမဲ့ဗီဒီယို အစရွိတဲ့ဟာေတြနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္တာေတြကို အသိပညာေပးတာနဲ႔ ႀကိဳတင္ကာကြယ္ဖမ္းဆီးတာေတြကို အရွိန္အဟုန္ျမႇင့္ကာ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဧၿပီ ၁၃ ရက္ကေန ၁၆ ရက္အထိ ေလးရက္တာ က်င္းပမယ့္ ျမန္မာ့႐ိုးရာ မဟာ ၾသကၤန္ပြဲေတာ္ဟာ ျမန္မာသကၠရာဇ္ ၁၃၈၀ျပည့္ႏွစ္ ကေန ၁၃၈၁ ခုႏွစ္ကို ကူးေျပာင္းတဲ့ ကာလလည္းျဖစ္ၿပီး ေရသဘင္ပြဲေတာ္ဟာ အမ်ားျပည္သူေတြ ေပ်ာ္ေပ်ာ္ပါးပါး ပါဝင္ဆင္ႏႊဲၾကတဲ့ ပြဲေတာ္ တစ္ခုျဖစ္သလို မူးယစ္ရမ္းကားတာေတြ၊ ခိုက္ရန္ျဖစ္ပြားမႈေတြ အပါအဝင္ အျခားေသာ မႈခင္းျဖစ္ပြားမႈ ေတြကို ဒီပြဲေတာ္အတြင္း တားဆီးကာကြယ္ႏိုင္ဖို႔အပါအဝင္ အမ်ားျပည္သူေတြ စိတ္ေအးခ်မ္းသာစြာနဲ႔ ေဘးအႏၲရာယ္ကင္းရွင္းစြာ ေရကစားႏိုင္ဖို႔အတြက္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ သက္ဆိုင္ရာ တာဝန္ရွိအဖြဲ႕အစည္းေတြက လုံၿခဳံေရးအစီအမံေတြကို ခ်မွတ္ကာ ႏွစ္စဥ္ေဆာင္႐ြက္ေနရတာ ျဖစ္ပါတယ္။

ယခုပြဲေတာ္ကာလထဲမွာ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က အျခားမိတ္ဖြဲ႕တပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းကာ စီမံေဆာင္႐ြက္ သြားမွာျဖစ္ၿပီး စတုဒီသာမ႑ပ္၊ လမ္းေလွ်ာက္ၾသကၤန္ေတြ အပါအဝင္ အမ်ားျပည္သူ စုေဝးရာေနရာေတြ၊ အပန္းေျဖရာေနရာေတြနဲ႔ မ႑ပ္ေနရာေတြ အပါအဝင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္အင္အား(၅၀၀၀)ေက်ာ္နဲ႔ လုံၿခဳံေရးေဆာင္႐ြက္သြားဖို႔ စီစဥ္ထားတာ ျဖစ္သလို ေရကစားမ႑ပ္ေတြမွာေတာ့ အဲ့ဒီထဲက အင္အား ၅၀၀ကို ျဖန႔္ခြဲ တာဝန္ခ်ထားေၾကာင္း သိရပါတယ္။ ယခုႏွစ္ ၾသကၤန္မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီးတစ္ခုလုံးတြင္ လမ္းေလွ်ာက္ၾသကၤန္ ေျခာက္ေနရာႏွင့္ မ႑ပ္အႀကီး၊ အလတ္၊ အေသး ေရကစားမ႑ပ္စုစုေပါင္း ၈၀ ေက်ာ္ တည္ေဆာက္ေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ဧၿပီ ၁၂