သဘာဝဘေးအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

သဘာဝဘေးအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

သဘာဝဘေးအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ဧပြီ ၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ ဆူရ်ခွါးကျေးရွာရှိ ရိုမန်ကတ်သလစ်ဘုရားကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ရကြောင်း၊အလားတူ ဧပြီ ၈ ရက်နေ့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့နယ်၊ ဇီးကုန်းကျေးရွာပါ(၇)ရွာရှိ နေအိမ်(၃၄)လုံး၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံး(၁) လုံး၊စာသင်ကျောင်း (၂)ကျောင်း၊ ပညာရေးဝန်ထမ်းနေအိမ်(၁)လုံးအမိုးလန်ပျက်စီးခဲ့ရသလို၊ယင်းနေ့ ည ၇ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကလေးမြို့နယ်၊ဖက်ရားရေရှင်ကျေးရွာတွင် နေအိမ်(၈)လုံး အမိုးလန် ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

ထို့အတူ ကောလင်းမြို့နယ်၊အင်းမကျေးရွာပါ ရွာ(၇)ရွာရှိ နေအိမ်(၆၆)လုံး၊စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် ကျန်းမာရေးဆေးပေးခန်း(၁)ခန်းအမိုးလန်ပျက်စီးခဲ့ကြောင်း၊ဒါ့အပြင် ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာပါ ကျေးရွာ(၄)ရွာတွင် လည်းလေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂၅)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ပညာရေးဝန်ထမ်းနေအိမ်(၁)လုံး၊ဇရပ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဧပြီလ ၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် တန့်ဆည်မြို့နယ်၊သစ်တော်ပေါက်ကျေးရွာပါ ကျေးရွာ(၃)ရွာတွင် နေအိမ်(၂၇)လုံး အမိုးလန်ပျက်စီးခဲ့ရသလို ယင်းနေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်မှာလည်း တမူးခရိုင်၊ခါမ်းပါတ်မြို့နယ်၊မင်းသမီးကျေးရွာ၌ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း၊ကနီမြို့နယ်၊ အိုင်သာကျေးရွာမှာလည်းနေအိမ်(၆)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း၊ကလေးမြို့နယ် ၊စော်ဘွားရှင်ကျေးရွာရှိ နေအိမ် (၂)လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းနှင့်ကလေးဝမြို့နယ်၊ချောင်းကျဉ်း ကျေးရွာပါ(၂)ရွာရှိ နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်း မြို့နယ်၊သစ်ပုတ်ကျေးရွာပါ ကျေးရွာ(၁၃)ရွာတွင် နေအိမ်(၇၈)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း(၃)ကျောင်းနှင့်ခရစ်ယာန်ကျောင်း(၁)ကျောင်း အမိုးလန်၍ နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ကြောင်း၊အလားတူ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့များက ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ကျောက်ကြမ်းကျေးရွာပါ(၂)ရွာ၌ နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း၊ထို့အတူ ကျောက်မဲမြို့နယ် (၅)မိုင် ကျေးရွာပါကျေးရွာ(၆)ရွာတွင် လူနေအိမ်(၁၆)လုံး၊စာသင်ကျောင်း(၁)ကျောင်းနှင့် နွား/ကြက်/ပြောင်းခြံတဲ (၆)လုံးတို့ အမိုးလန်ပျက်စီးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြေသိမ်း  
ရန်ကုန်၊ဧပြီ ၁၁
ဓါတ်ပုံ - ရဲဇာနည် 

(   Zawgyi  )

 သဘာဝေဘးအႏၲရာယ္ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါထုတ္ျပန္ခ်က္အရ ဧၿပီ ၉ ရက္ေန႔က ေလျပင္းတိုက္ခတ္မႈေၾကာင့္ ခ်င္းျပည္နယ္၊ဟားခါးၿမိဳ႕နယ္၊ ဆူရ္ခြါးေက်း႐ြာရွိ ႐ိုမန္ကတ္သလစ္ဘုရားေက်ာင္း(၁)ေက်ာင္း အမိုးလန္ပ်က္စီးခဲ့ရေၾကာင္း၊အလားတူ ဧၿပီ ၈ ရက္ေန႔တြင္လည္း ေလျပင္းတိုက္ခတ္မႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ေမာ္လိုက္ၿမိဳ႕နယ္၊ ဇီးကုန္းေက်း႐ြာပါ(၇)႐ြာရွိ ေနအိမ္(၃၄)လုံး၊ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံး(၁) လုံး၊စာသင္ေက်ာင္း (၂)ေက်ာင္း၊ ပညာေရးဝန္ထမ္းေနအိမ္(၁)လုံးအမိုးလန္ပ်က္စီးခဲ့ရသလို၊ယင္းေန႔ ည ၇ နာရီအခ်ိန္ခန႔္က ေလျပင္းတိုက္ခတ္မႈေၾကာင့္ ကေလးၿမိဳ႕နယ္၊ဖက္ရားေရရွင္ေက်း႐ြာတြင္ ေနအိမ္(၈)လုံး အမိုးလန္ ပ်က္စီးခဲ့ရေၾကာင္း သိရပါတယ္။

ထို႔အတူ ေကာလင္းၿမိဳ႕နယ္၊အင္းမေက်း႐ြာပါ ႐ြာ(၇)႐ြာရွိ ေနအိမ္(၆၆)လုံး၊စာသင္ေက်ာင္း(၁)ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း(၁)ေက်ာင္းႏွင့္ က်န္းမာေရးေဆးေပးခန္း(၁)ခန္းအမိုးလန္ပ်က္စီးခဲ့ေၾကာင္း၊ဒါ့အျပင္ ကြၽန္းလွၿမိဳ႕နယ္ ႐ြာကုန္းႀကီးေက်း႐ြာပါ ေက်း႐ြာ(၄)႐ြာတြင္ လည္းေလျပင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္(၂၅)လုံး၊ စာသင္ေက်ာင္း(၁)ေက်ာင္း၊ပညာေရးဝန္ထမ္းေနအိမ္(၁)လုံး၊ဇရပ္(၁)လုံး အမိုးလန္ပ်က္စီးခဲ့ရတယ္လို႔ ဆိုပါတယ္။

အလားတူ ဧၿပီလ ၉ ရက္ေန႔က ေလျပင္းတိုက္ခတ္မႈေၾကာင့္ တန႔္ဆည္ၿမိဳ႕နယ္၊သစ္ေတာ္ေပါက္ေက်း႐ြာပါ ေက်း႐ြာ(၃)႐ြာတြင္ ေနအိမ္(၂၇)လုံး အမိုးလန္ပ်က္စီးခဲ့ရသလို ယင္းေန႔ ညေန ၅ နာရီ ၂၀ မိနစ္အခ်ိန္မွာလည္း တမူးခ႐ိုင္၊ခါမ္းပါတ္ၿမိဳ႕နယ္၊မင္းသမီးေက်း႐ြာ၌ ေနအိမ္(၁)လုံး အမိုးလန္ပ်က္စီးခဲ့ေၾကာင္း၊ကနီၿမိဳ႕နယ္၊ အိုင္သာေက်း႐ြာမွာလည္းေနအိမ္(၆)လုံး အမိုးလန္ပ်က္စီးခဲ့ေၾကာင္း၊ကေလးၿမိဳ႕နယ္ ၊ေစာ္ဘြားရွင္ေက်း႐ြာရွိ ေနအိမ္ (၂)လုံးအမိုးလန္ပ်က္စီးခဲ့ေၾကာင္းႏွင့္ကေလးဝၿမိဳ႕နယ္၊ေခ်ာင္းက်ဥ္း ေက်း႐ြာပါ(၂)႐ြာရွိ ေနအိမ္(၂)လုံး အမိုးလန္ပ်က္စီးခဲ့ရတယ္လို႔ သိရပါတယ္။

 ဒါ့အျပင္ ပဲခူးတိုင္းေဒသႀကီး၊ေပါက္ေခါင္း ၿမိဳ႕နယ္၊သစ္ပုတ္ေက်း႐ြာပါ ေက်း႐ြာ(၁၃)႐ြာတြင္ ေနအိမ္(၇၈)လုံး၊ ဘုန္းႀကီးေက်ာင္း(၁)ေက်ာင္း၊ စာသင္ေက်ာင္း(၃)ေက်ာင္းႏွင့္ခရစ္ယာန္ေက်ာင္း(၁)ေက်ာင္း အမိုးလန္၍ ေနအိမ္(၁)လုံးၿပိဳက်ပ်က္စီးခဲ့ေၾကာင္း၊အလားတူ ဧၿပီလ ၈ ရက္ႏွင့္ ၉ ရက္ေန႔မ်ားက ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ေက်ာက္ၾကမ္းေက်း႐ြာပါ(၂)႐ြာ၌ ေနအိမ္(၂)လုံး အမိုးလန္ပ်က္စီးခဲ့ေၾကာင္း၊ထို႔အတူ ေက်ာက္မဲၿမိဳ႕နယ္ (၅)မိုင္ ေက်း႐ြာပါေက်း႐ြာ(၆)႐ြာတြင္ လူေနအိမ္(၁၆)လုံး၊စာသင္ေက်ာင္း(၁)ေက်ာင္းႏွင့္ ႏြား/ၾကက္/ေျပာင္းၿခံတဲ (၆)လုံးတို႔ အမိုးလန္ပ်က္စီးခဲ့တာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ေျပသိမ္း  
ရန္ကုန္၊ဧၿပီ ၁၁
ဓါတ္ပုံ - ရဲဇာနည္