ရန်ကုန်သြင်္ကန်တွင် မဏ္ဍပ်အကြီး ၁၄ ခုအပါအဝင် ဖျော်ဖြေရေးပါသော မဏ္ဍပ် ၃၀ ကျော် ပြင်ဆင်

ရန်ကုန်သြင်္ကန်တွင် မဏ္ဍပ်အကြီး ၁၄ ခုအပါအဝင် ဖျော်ဖြေရေးပါသော မဏ္ဍပ် ၃၀ ကျော် ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီးထဲမှာ လာမယ့် မဟာသြင်္ကန်ကာလထဲ မဏ္ဍပ်အကြီး ၁၄ ခု၊ မဏ္ဍပ်အလတ် ၁၃ ခု အပါအဝင် ဖျော်ဖြေရေး အစီအစဉ်တွေပါဝင်တဲ့ မဏ္ဍပ်ပေါင်း ၃၀ ကျော် ဟာ ပြင်ဆင်နေလျက်ရှိတယ်လို့ မြန်မာ့ရိုးရာမဟာသြင်္ကန် ကျင်းပရေးကော်မတီမှ သိရပါတယ်။"ခရိုင်အလိုက် မဏ္ဍပ်တွေလည်း ရှိပါလိမ့်မယ်၊ တစ်ချို့လည်း မိသားစု မဏ္ဍပ်သေးသေးလေးတွေလည်း အများကြီးပါ၊ အခုဒီစာရင်းမှာက ဖျော်ဖြေရေးအစီအစဉ်တွေ ပါတဲ့မဏ္ဍပ်တွေ ဖြစ်တဲ့အပြင် တည်ဆောက်ဖို့ ခွင့်ပြုချက်ချပေးထားတဲ့ မဏ္ဍပ်တွေ ဖြစ်ပါတယ်"လို့ ယင်းကော်မတီမှ ဦးသန်း က ရှင်းပြပါတယ်။

အဆိုပါ သြင်္ကန်မဏ္ဍပ်တွေမှာ အချို့ဟာ ဧပြီလ ပထမပတ်ထဲ စတင်တည်ဆောက်နေကြသလို တစ်ချို့မှာလည်း အခုရက်ပိုင်းမှသာ အလျင်အမြန်တည်ဆောက်နေကြတာ ဖြစ်ပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဧပြီ ၁၁ 

(  Zawgyi  )



 ဇွဲမာန်  
ရန်ကုန်၊ ဧပြီ ၁၁