မန္တလေးမြို့တော်မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင်မှု ပြုလုပ်

မန္တလေးမြို့တော်မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင်မှု ပြုလုပ်

မန္တလေးမြို့တော်မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင်မှုကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ဒီနှစ်မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မန်းစည်ပင်ယိမ်းအဖွဲ့နဲ့ အခြေခံပညာကျောင်းသူငါးရာရဲ့ယိမ်းအကအလှဖျော်ဖြေ တင်ဆက်မှုတွေနဲ့ ကျင်းပသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးချိုးငှက်ပုံပါတဲ့ အပြာရောင်ဘောလုံးတစ်ထောင် လွှတ်တင်သွားမယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာ ရဲလွင်ကဒီနေ့အခမ်းအနားမှာပြောပါတယ်။

မန္တလေးမြို့တော်မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ရက် အကြိုနေ့မနက် ၅ နာရီခွဲမှာ သံဃာတော် ၁၀၈ ပါး ပင့်ဖိတ်ပြီး အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲနဲ့စတင်သွားမှာဖြစ်ပြီး မနက် ၇နာရီမှာ အရင်နှစ်ကအစီအစဉ်အတိုင်းကျင်းပသွားမှာပါ။"ဆရာတော်တွေ ကို ဆွမ်းကပ်မယ် ဆွမ်းလောင်းမယ် အဲဒါပြီးရင် မနက် ၇နာရီမှာ ဖွင့်ပွဲအခမ်းအနားစမယ် ဖွင့်ပွဲမှာ ငြိမ်းချမ်းရေးချိုးငှက်ပုံပါတဲ့ အပြာရောင်ဘောလုံးတစ်ထောင် လွှတ်တင်သွားမယ်" လို့ မန္တလေးမြို့တော်မဟာသြင်္ကန်ပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးကပြောပါတယ်။ဒီနှစ် မန္တလေးမြို့တော်မဟာသြင်္ကန်ပွဲတော်မှာ ယိမ်းအဖွဲ့ ၁၈ ဖွဲ့၊ သံချပ်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး၊ ဧပြီ ၁၁

(  Zawgyi  )

မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင်မှုကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ဒီနှစ်မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မန်းစည်ပင်ယိမ်းအဖွဲ့နဲ့ အခြေခံပညာကျောင်းသူငါးရာရဲ့ယိမ်းအကအလှဖျော်ဖြေ တင်ဆက်မှုတွေနဲ့ ကျင်းပသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးချိုးငှက်ပုံပါတဲ့ အပြာရောင်ဘောလုံးတစ်ထောင် လွှတ်တင်သွားမယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာ ရဲလွင်ကဒီနေ့အခမ်းအနားမှာပြောပါတယ်။

မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ရက် အကြိုနေ့မနက် ၅ နာရီခွဲမှာ သံဃာတော် ၁၀၈ ပါး ပင့်ဖိတ်ပြီး အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲနဲ့စတင်သွားမှာဖြစ်ပြီး မနက် ၇နာရီမှာ အရင်နှစ်ကအစီအစဉ်အတိုင်းကျင်းပသွားမှာပါ။"ဆရာတော်တွေ ကို ဆွမ်းကပ်မယ် ဆွမ်းလောင်းမယ် အဲဒါပြီးရင် မနက် ၇နာရီမှာ ဖွင့်ပွဲအခမ်းအနားစမယ် ဖွင့်ပွဲမှာ ငြိမ်းချမ်းရေးချိုးငှက်ပုံပါတဲ့ အပြာရောင်ဘောလုံးတစ်ထောင် လွှတ်တင်သွားမယ်" လို့ မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးကပြောပါတယ်။ဒီနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်မှာ ယိမ်းအဖွဲ့ ၁၈ ဖွဲ့၊ သံချပ်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး၊ ဧပြီ ၁၁