မတ်လအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ သန်း ၂၅၀ ကျော်ဖိုးတင်ပို့ခဲ့

မတ်လအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ သန်း ၂၅၀ ကျော်ဖိုးတင်ပို့ခဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီလအတွင်းထုတ်ပြန်သည့် စာရင်းအချက်အ လက်များအရ မတ်လအတွင်း ပြည်ပသို့တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၂၅၀ ကျော်ရှိပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလထက် ကန်ဒေါ်လာ သန်း၁၀၀ ခန့် လျော့နည်းခဲ့ကြောင်း သိရပါတယ်။

“ နယ်စပ်ကုန်သွယ်ရေးက အကြောင်းအမျိုးမျိုးနဲ့ကျနေတာ။ အခုက ဟိုဘက်က စစ်ဆေးနေတာက ရံဖန်ရံခါမဟုတ်ဘူး။ ပုံမှန်သဘောဖြစ်သွားပြီ။အခုက ထိုင်းဘက်ကို ပြန်လှည့်နေရတယ်။ အရင်က ဆန်ကို အား ထားပြီးတင်တယ်။ အခုက ဆန်ရတယ်ဆိုတာနဲ့ သူလိုင်းမဟုတ်ဘဲ ဝန်တင်တဲ့ သူက တင်၊ ပြီးတော့ လုပ်ချင် သလိုလုပ်ကြတော့ ဈေးကွက်က ပျက်မတတ်ဘဲ။ပဲလိုဘဲ  ဆန်ကို အရည်အသွေး စစ်ဖို့ လိုသလို တောင့်ခံဖို့ လည်း လို တယ်။ အခုက ဈေးနှိမ်တာခံရသလို ဒီဘက်ကလည်းရရင် ရသလို လုပ်လွှတ်တာတွေ ရှိတဲ့ အတွက် ပြဿနာ တွေက နယ်စပ်မှာ တစ်ပုံကြီး။ဒါတွေကို မဖြေရှင်းနိုင်ရင် ရေရှည်မှာ ထိဖို့ များတယ်”လို့ နယ်စပ်သို့ ဆန်တင်ပို့သူကုန်သည် တစ်ဦးကဆိုပါတယ်။

မတ် ၉ ရက်မှ မတ် ၂၉ ရက်အတွင်း ပြည်ပသို့ ဆန်အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် ကန်ဒေါ်လာ ၂၅၃ဒသမ ၂၀၇ သန်းဖိုးတင်ပို့ခဲ့ပြီး ယခင်ကာလတူထက် ၂၂၇ ဒသမ ၁၀၆  သန်းထက် ကန်ဒေါ်လာ ၂၆ ဒသမ ၁၀၁ သန်းပိုများခဲ့ကာ အဆိုပါ ကုန်သွယ်မှု ပမာဏမှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်နှစ်ခု အနက် ပုဂ္ဂလိကအပိုင်းတစ်ခုတည်းမှ တင်ပို့ကုန်သွယ်မှုသာ ဖြစ်ကြောင်းသိရပါတယ်။

အောက်တိုဘာလက စတင်သည့် ဘဏ္ဍာရေးနှစ်အတွင်း မတ် ၂၉ ရက်အထိ  ပြည်ပသို့ဆန်အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုမှာ  အမေရိကန် ဒေါ်လာ ၁၆၉၈ ဒသမ ၇၁၉ သန်းရှိပြီး ထိုပမာဏမှာ ယခင် ဘဏ္ဍာနှစ်ကာလတူကုန်သွယ်မှုပမာဏ ဖြစ် သည့် အမေရိကန်ဒေါ်လာ ၁၅၇၁ ဒသမ ၂၀၆ သန်းနှင့် နိုင်းယှဉ်ပါ က ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ ၁၂၇ ဒသမ ၅၁၃ သန်းပိုမိုခဲ့ ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ဧပြီ ၁၈ 

(   Zawgyi   )

 စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဧၿပီလအတြင္းထုတ္ျပန္သည့္ စာရင္းအခ်က္အ လက္မ်ားအရ မတ္လအတြင္း ျပည္ပသို႔တင္ပို႔သည့္ ကုန္ပစၥည္းတန္ဖိုးမွာ ကန္ေဒၚလာ သန္း ၂၅၀ ေက်ာ္ရွိၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ေဖေဖၚဝါရီလထက္ ကန္ေဒၚလာ သန္း၁၀၀ ခန႔္ ေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

“ နယ္စပ္ကုန္သြယ္ေရးက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔က်ေနတာ။ အခုက ဟိုဘက္က စစ္ေဆးေနတာက ရံဖန္ရံခါမဟုတ္ဘူး။ ပုံမွန္သေဘာျဖစ္သြားၿပီ။အခုက ထိုင္းဘက္ကို ျပန္လွည့္ေနရတယ္။ အရင္က ဆန္ကို အား ထားၿပီးတင္တယ္။ အခုက ဆန္ရတယ္ဆိုတာနဲ႔ သူလိုင္းမဟုတ္ဘဲ ဝန္တင္တဲ့ သူက တင္၊ ၿပီးေတာ့ လုပ္ခ်င္ သလိုလုပ္ၾကေတာ့ ေဈးကြက္က ပ်က္မတတ္ဘဲ။ပဲလိုဘဲ  ဆန္ကို အရည္အေသြး စစ္ဖို႔ လိုသလို ေတာင့္ခံဖို႔ လည္း လို တယ္။ အခုက ေဈးႏွိမ္တာခံရသလို ဒီဘက္ကလည္းရရင္ ရသလို လုပ္လႊတ္တာေတြ ရွိတဲ့ အတြက္ ျပႆနာ ေတြက နယ္စပ္မွာ တစ္ပုံႀကီး။ဒါေတြကို မေျဖရွင္းႏိုင္ရင္ ေရရွည္မွာ ထိဖို႔ မ်ားတယ္”လို႔ နယ္စပ္သို႔ ဆန္တင္ပို႔သူကုန္သည္ တစ္ဦးကဆိုပါတယ္။

မတ္ ၉ ရက္မွ မတ္ ၂၉ ရက္အတြင္း ျပည္ပသို႔ ဆန္အပါအဝင္ လယ္ယာထြက္ကုန္ပစၥည္းတင္ပို႔ရာတြင္ ကန္ေဒၚလာ ၂၅၃ဒသမ ၂၀၇ သန္းဖိုးတင္ပို႔ခဲ့ၿပီး ယခင္ကာလတူထက္ ၂၂၇ ဒသမ ၁၀၆  သန္းထက္ ကန္ေဒၚလာ ၂၆ ဒသမ ၁၀၁ သန္းပိုမ်ားခဲ့ကာ အဆိုပါ ကုန္သြယ္မႈ ပမာဏမွာ ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကပိုင္ႏွစ္ခု အနက္ ပုဂၢလိကအပိုင္းတစ္ခုတည္းမွ တင္ပို႔ကုန္သြယ္မႈသာ ျဖစ္ေၾကာင္းသိရပါတယ္။

ေအာက္တိုဘာလက စတင္သည့္ ဘ႑ာေရးႏွစ္အတြင္း မတ္ ၂၉ ရက္အထိ  ျပည္ပသို႔ဆန္အပါအဝင္ လယ္ယာထြက္ကုန္ပစၥည္းမ်ားတင္ပို႔မႈမွာ  အေမရိကန္ ေဒၚလာ ၁၆၉၈ ဒသမ ၇၁၉ သန္းရွိၿပီး ထိုပမာဏမွာ ယခင္ ဘ႑ာႏွစ္ကာလတူကုန္သြယ္မႈပမာဏ ျဖစ္ သည့္ အေမရိကန္ေဒၚလာ ၁၅၇၁ ဒသမ ၂၀၆ သန္းႏွင့္ ႏိုင္းယွဥ္ပါ က ကုန္သြယ္မႈပမာဏအေမရိကန္ ေဒၚလာ ၁၂၇ ဒသမ ၅၁၃ သန္းပိုမိုခဲ့ ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ဧၿပီ ၁၈