နှစ် ၇၀ ကျော်ကြာ နေ့အပူချိန် စံချိန်ကို သံတွဲမြို့ ကျော်ဖြတ်

နှစ် ၇၀ ကျော်ကြာ နေ့အပူချိန် စံချိန်ကို သံတွဲမြို့ ကျော်ဖြတ်

ရခိုင်ပြည်နယ်၊သံတွဲ တွင် ဧပြီလ ၁၀ ရက်နေ့က နှစ်ပေါင်း ၇၃ နှစ်အတွင်း အပူချိန် စံချိန်တင်မြင့် တက်ခဲ့တယ်လို့ မိုး/ဇလ မှ သတင်းထုတ်ပြန် ခဲ့ပါတယ်။

သံတွဲမြို့တွင် ၁၉၇၀ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က ၃၉ ဒဿမ ၂ ဒီဂရီ ဖာရင်ဟိုက်ဖြင့် အပူချိန် အမြင့်ဆုံး စံချိန် တင်ခဲ့ပြီး ၇၃ နှစ်အကြာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ၃၉ ဒဿမ ၄ ဒီဂရီ ဖာရင်ဟိုက်ဖြင့် ယခင် စံချိန် ဟောင်းကို ချိုးဖျက်ပြီး အပူချိန်စံချိန်တင် မြင့်တက်ခဲ့ပါတယ်။၂၀၁၉ ခုနှစ် သည် ပူပြင်းခြောက်သွေ့သည့် အယ်နီညိုရာသီဥတု ဖြစ်စဉ်ဖြစ်ပေါ်နေသည့်အတွက် အချို့သော ဒေသများတွင်လည်း အပူချိန်စံချိန်တင် မြင့်တက်မှုများလည်း ဖြစ်ပေါ်လျှက်ရှိပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့က မွန်ပြည်နယ် ရေးမြို့တွင် နှစ်ပေါင်း ၃၅ နှစ်အတွင်း အပူချိန်အမြင့်ဆုံး စံချိန်တင်မြင့်တက်ခဲ့ပါတယ်။၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့ကလည်း လွိုင်လင်မြို့တွင် နှစ်ပေါင်း ၅၃ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်သစ်တင်ခဲ့ပြီး တောင်ငူတွင် နှစ်ပေါင်း ၅၅ နှစ်အတွင်း အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် အပူချိန်စံချိန်တင်မြင့်တက်လာမှုကြောင့် အပူပြန်တက်တိမ်များကြောင့် မိုးတိမ်တောင်များ ဖြစ်ပေါ် ပြီး မွန်းလွဲ နှင့် ညနေပိုင်းများတွင် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းနဲ့ လေပြင်တိုက်ခတ်ခြင်များ ဖြစ်ပေါ်နိုင်တဲ့ အတွက် သတိပြုနေထိုင်သင့်တယ်လို့ မိုး/ဇလ မှ သတင်းထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
Photo Credit:tripadvisor.com.sg
သံတွဲ၊ ဧပြီ ၁၁

(  Zawgyi  )

 ရခိုင္ျပည္နယ္၊သံတြဲ တြင္ ဧၿပီလ ၁၀ ရက္ေန႔က ႏွစ္ေပါင္း ၇၃ ႏွစ္အတြင္း အပူခ်ိန္ စံခ်ိန္တင္ျမင့္ တက္ခဲ့တယ္လို႔ မိုး/ဇလ မွ သတင္းထုတ္ျပန္ ခဲ့ပါတယ္။

သံတြဲၿမိဳ႕တြင္ ၁၉၇၀ ခုႏွစ္ ဧၿပီလ ၁၄ ရက္ေန႔က ၃၉ ဒႆမ ၂ ဒီဂရီ ဖာရင္ဟိုက္ျဖင့္ အပူခ်ိန္ အျမင့္ဆုံး စံခ်ိန္ တင္ခဲ့ၿပီး ၇၃ ႏွစ္အၾကာ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔တြင္ ၃၉ ဒႆမ ၄ ဒီဂရီ ဖာရင္ဟိုက္ျဖင့္ ယခင္ စံခ်ိန္ ေဟာင္းကို ခ်ိဳးဖ်က္ၿပီး အပူခ်ိန္စံခ်ိန္တင္ ျမင့္တက္ခဲ့ပါတယ္။၂၀၁၉ ခုႏွစ္ သည္ ပူျပင္းေျခာက္ေသြ႕သည့္ အယ္နီညိဳရာသီဥတု ျဖစ္စဥ္ျဖစ္ေပၚေနသည့္အတြက္ အခ်ိဳ႕ေသာ ေဒသမ်ားတြင္လည္း အပူခ်ိန္စံခ်ိန္တင္ ျမင့္တက္မႈမ်ားလည္း ျဖစ္ေပၚလွ်က္ရွိပါတယ္။

၂၀၁၉ ခုႏွစ္ မတ္လ ၂၂ ရက္ေန႔က မြန္ျပည္နယ္ ေရးၿမိဳ႕တြင္ ႏွစ္ေပါင္း ၃၅ ႏွစ္အတြင္း အပူခ်ိန္အျမင့္ဆုံး စံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။၂၀၁၉ ခုႏွစ္ မတ္လ ၂၆ ရက္ေန႔ကလည္း လြိဳင္လင္ၿမိဳ႕တြင္ ႏွစ္ေပါင္း ၅၃ ႏွစ္အတြင္း အျမင့္ဆုံးအပူ ခ်ိန္စံခ်ိန္သစ္တင္ခဲ့ၿပီး ေတာင္ငူတြင္ ႏွစ္ေပါင္း ၅၅ ႏွစ္အတြင္း အပူခ်ိန္ စံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္ အပူခ်ိန္စံခ်ိန္တင္ျမင့္တက္လာမႈေၾကာင့္ အပူျပန္တက္တိမ္မ်ားေၾကာင့္ မိုးတိမ္ေတာင္မ်ား ျဖစ္ေပၚ ၿပီး မြန္းလြဲ ႏွင့္ ညေနပိုင္းမ်ားတြင္ မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြက်ျခင္းနဲ႔ ေလျပင္တိုက္ခတ္ျခင္မ်ား ျဖစ္ေပၚႏိုင္တဲ့ အတြက္ သတိျပဳေနထိုင္သင့္တယ္လို႔ မိုး/ဇလ မွ သတင္းထုတ္ျပန္ထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
Photo Credit:tripadvisor.com.sg
သံတြဲ၊ ဧၿပီ ၁၁