ညောင်ဦးတွင် ရှေးဟောင်း သံချက်ဖို သုတေသနလုပ်ငန်းများ ဆောင်ရွက်

ညောင်ဦးတွင် ရှေးဟောင်း သံချက်ဖို သုတေသနလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တွင် မြန်မာ-ပြင်သစ် နှစ်နိုင်ငံ ပူးပေါင်း၍ ရှေးဟောင်း သံချက်ဖိုများ အားတူးဖော်ပြီး သုတေ သနလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ သတင်းထုတ် ပြန်ခဲ့ ပါတယ်။

ပြင်သစ်နိုင်ငံမှ Dr. Thomus Oliver Pryee ဦးဆောင်သည့်အဖွဲ့၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကို တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့နယ်၊ ဇီးအို ကျေးရွာအနီးရှိ ရှေးဟောင်းသံချက်ဖို များကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ မတ် လ ၁ ရက်နေ့အထိ သုတေသန လုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇီးအိုကျေးရွာ အနီးရှိ ထနောင်းကုန်း နေရာတွင် စမ်းသပ်ကျင်း(၉)နေရာ၊ သံဖိုကုန်း နေရာတွင် စမ်းသပ်ကျင်း (၅)နေရာ၊ ကိုဖိုးချွန်ဖိုကုန်း နေရာတွင် စမ်းသပ်ကျင်း(၄)နေရာတို့ကို တူးဖော်သုတေသနပြုခဲ့လုပ်ခဲ့ပါတယ်။သုတေသနဆောင်ရွက်ချက်အရ ဇီးအိုကျေးရွာအနီးတွင် တွေ့ရှိရသော သံချက်ဖိုများသည် တိုက်ရိုက် သံချက် လုပ်သောနည်း အသုံးပြုခဲ့သော ဖိုများ ဖြစ်ပြီး ရှေးဟောင်းသံချက်ဖိုများ၏ သံချက်လုပ်မှု နည်းပညာများကို လေ့လာသိရှိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းဒေသ ပတ်ဝန်းကျင်တွင် ကုန်ကြမ်း အဖြစ် အသုံးပြုနိုင်သော သံရိုင်း၊ ဟေမတိုက် ၊ လီမိုနိုက် များကို များပြားစွာတွေ့ရှိခဲ့ရပြီး တူးဖော်သုတေသန တွေ့ရှိချက်နှင့် နမူနာ ကောက်ယူထားသော သံ ၊ ချော်ခဲ၊ မီးသွေးခဲ၊ သံအပိုင်းအစများအား အသေးစိတ် သုတေသနပြု ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တက္ကသိုလ် ဓာတ်ခွဲခန်း နှင့် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဓာတ်ခွဲခန်း များသို့ ပေးပို့ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ညောင်ဦး ၊ ဧပြီ ၁၂
MORAC

( Zawgyi  )

 မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္ တြင္ ျမန္မာ-ျပင္သစ္ ႏွစ္ႏိုင္ငံ ပူးေပါင္း၍ ေရွးေဟာင္း သံခ်က္ဖိုမ်ား အားတူးေဖာ္ၿပီး သုေတ သနလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့တယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန မွ သတင္းထုတ္ ျပန္ခဲ့ ပါတယ္။

ျပင္သစ္ႏိုင္ငံမွ Dr. Thomus Oliver Pryee ဦးေဆာင္သည့္အဖြဲ႕၊ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန၊ ပုဂံဌာနခြဲမွ ဦးစီးအရာရွိ ဦးၿဖိဳးျပည့္ကိုကို တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေညာင္ဦးၿမိဳ႕နယ္၊ ဇီးအို ေက်း႐ြာအနီးရွိ ေရွးေဟာင္းသံခ်က္ဖို မ်ားကို ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွ မတ္ လ ၁ ရက္ေန႔အထိ သုေတသန လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဇီးအိုေက်း႐ြာ အနီးရွိ ထေနာင္းကုန္း ေနရာတြင္ စမ္းသပ္က်င္း(၉)ေနရာ၊ သံဖိုကုန္း ေနရာတြင္ စမ္းသပ္က်င္း (၅)ေနရာ၊ ကိုဖိုးခြၽန္ဖိုကုန္း ေနရာတြင္ စမ္းသပ္က်င္း(၄)ေနရာတို႔ကို တူးေဖာ္သုေတသနျပဳခဲ့လုပ္ခဲ့ပါတယ္။သုေတသနေဆာင္႐ြက္ခ်က္အရ ဇီးအိုေက်း႐ြာအနီးတြင္ ေတြ႕ရွိရေသာ သံခ်က္ဖိုမ်ားသည္ တိုက္႐ိုက္ သံခ်က္ လုပ္ေသာနည္း အသုံးျပဳခဲ့ေသာ ဖိုမ်ား ျဖစ္ၿပီး ေရွးေဟာင္းသံခ်က္ဖိုမ်ား၏ သံခ်က္လုပ္မႈ နည္းပညာမ်ားကို ေလ့လာသိရွိခဲ့တယ္လို႔ ဆိုပါတယ္။

ယင္းေဒသ ပတ္ဝန္းက်င္တြင္ ကုန္ၾကမ္း အျဖစ္ အသုံးျပဳႏိုင္ေသာ သံ႐ိုင္း၊ ေဟမတိုက္ ၊ လီမိုႏိုက္ မ်ားကို မ်ားျပားစြာေတြ႕ရွိခဲ့ရၿပီး တူးေဖာ္သုေတသန ေတြ႕ရွိခ်က္ႏွင့္ နမူနာ ေကာက္ယူထားေသာ သံ ၊ ေခ်ာ္ခဲ၊ မီးေသြးခဲ၊ သံအပိုင္းအစမ်ားအား အေသးစိတ္ သုေတသနျပဳ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ တကၠသိုလ္ ဓာတ္ခြဲခန္း ႏွင့္ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ရွိ ဓာတ္ခြဲခန္း မ်ားသို႔ ေပးပို႔ေဆာင္႐ြက္ သြားမွာ ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေညာင္ဦး ၊ ဧၿပီ ၁၂
MORAC