ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသွင်းထားသော ပုဂံဒေသသမိုင်းတန်ဖိုးများအကြောင်း ရှင်းလင်းဆွေးနွေး

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသွင်းထားသော ပုဂံဒေသသမိုင်းတန်ဖိုးများအကြောင်း ရှင်းလင်းဆွေးနွေး

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် စာရင်းတင်သွင်းထားတဲ့ ပုဂံဒေသနဲ့ပတ်သက်သော သမိုင်းတန်ဖိုးများ အကြောင်းကို ဒီကနေ့(ဧပြီ ၁၂ ရက်) မနက်က ရန်ကုန်မြို့၊ ပြည်လမ်းက အမျိုးသားပြတိုက်(ရန်ကုန်)မှာ ဆွေးနွေးခဲ့ကြပါတယ်။

ထိုပုဂံဒေသဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတော် အဆင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာ ဒေသဖြစ်ကြောင်း၊ လာမယ့် ဇွန်လထဲမှာ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာကျင်းပမယ့် ကမ္ဘာ့ အမွေအနှစ်ကော်မတီအစည်းအဝေးမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထောက်ခံပေးဖို့ တိုက်တွန်းပါကြောင်း ကိုလည်း အဆိုပါ အခမ်းအနားမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားခဲ့ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံက ဘာကူမြို့မှာ လာမယ့် ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ကျင်းပသွားမယ့် ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ်ကော်မတီ ညီလာခံအစည်းအဝေးမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆုံးဖြတ် မှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရှိနေတဲ့ ကမ္ဘာ့ အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ သြစတြေးလျ၊ ဘရာဇီး၊ တရုတ်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံဆိုင်ရာ သံရုံးတွေ၊ သံအမတ်တွေနဲ့ တာဝန်ရှိသူတွေ၊ အလှူရှင်နိုင်ငံတွေ၊ Jica, World Bank, UNESCO တို့က သူတွေကို ပုဂံဒေသအကြောင်း၊ ပုဂံဒေသရဲ့ သမိုင်းတန်ဖိုးတွေကို ဒီကနေ့ ရှင်းပြခဲ့ကြတာ ဖြစ်ပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရဲ့ အဆိုပြုလွှာစာတွဲ(Nomination Dossier)ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ ကမ္ဘာ့အမွေအနှစ်ကော်မတီကို တင်သွင်းခဲ့တာဖြစ်ပြီး နိုင်ငံတကာက ပညာရှင်တွေဟာ လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ပြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဧပြီ ၁၂

(  Zawgyi  )

 ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ေဒသအျဖစ္ စာရင္းတင္သြင္းထားတဲ့ ပုဂံေဒသနဲ႔ပတ္သက္ေသာ သမိုင္းတန္ဖိုးမ်ား အေၾကာင္းကို ဒီကေန႔(ဧၿပီ ၁၂ ရက္) မနက္က ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းက အမ်ိဳးသားျပတိုက္(ရန္ကုန္)မွာ ေဆြးေႏြးခဲ့ၾကပါတယ္။

ထိုပုဂံေဒသဟာ တန္ဖိုးမျဖတ္ႏိုင္တဲ့ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားတည္ရွိရာ ေနရာေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ၿပီး ႏိုင္ငံေတာ္ အဆင့္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ရာ ေဒသျဖစ္ေၾကာင္း၊ လာမယ့္ ဇြန္လထဲမွာ အဇာဘိုင္ဂ်န္ႏိုင္ငံ ဘာကူၿမိဳ႕မွာက်င္းပမယ့္ ကမာၻ႔ အေမြအႏွစ္ေကာ္မတီအစည္းအေဝးမွာ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္သတ္မွတ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ တာဝန္ရွိသူေတြက ေထာက္ခံေပးဖို႔ တိုက္တြန္းပါေၾကာင္း ကိုလည္း အဆိုပါ အခမ္းအနားမွာ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးၾကည္မင္းက ေျပာၾကားခဲ့ပါတယ္။

အဇာဘိုင္ဂ်န္ႏိုင္ငံက ဘာကူၿမိဳ႕မွာ လာမယ့္ ဇြန္လ ၃၀ ရက္ကေန ဇူလိုင္ ၁၀ ရက္အထိ က်င္းပသြားမယ့္ ၄၃ ႀကိမ္ေျမာက္ ကမာၻ႔အေမြ အႏွစ္ေကာ္မတီ ညီလာခံအစည္းအေဝးမွာ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသကို ကမာၻ႔အေမြအႏွစ္စာရင္းတင္သြင္းႏိုင္ေရးအတြက္ ဆုံးျဖတ္ မွာျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံမွာရွိေနတဲ့ ကမာၻ႔ အေမြအႏွစ္ေကာ္မတီဝင္ ၂၁ ႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်၊ ဘရာဇီး၊ တ႐ုတ္၊ အင္ဒိုနီးရွား စတဲ့ႏိုင္ငံဆိုင္ရာ သံ႐ုံးေတြ၊ သံအမတ္ေတြနဲ႔ တာဝန္ရွိသူေတြ၊ အလႉရွင္ႏိုင္ငံေတြ၊ Jica, World Bank, UNESCO တို႔က သူေတြကို ပုဂံေဒသအေၾကာင္း၊ ပုဂံေဒသရဲ႕ သမိုင္းတန္ဖိုးေတြကို ဒီကေန႔ ရွင္းျပခဲ့ၾကတာ ျဖစ္ပါတယ္။

ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသရဲ႕ အဆိုျပဳလႊာစာတြဲ(Nomination Dossier)ကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလထဲမွာ ကမာၻ႔အေမြအႏွစ္ေကာ္မတီကို တင္သြင္းခဲ့တာျဖစ္ၿပီး ႏိုင္ငံတကာက ပညာရွင္ေတြဟာ လာေရာက္ကြင္းဆင္း စစ္ေဆးခဲ့ၿပီးလည္း ျဖစ္တယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဧၿပီ ၁၂