【 နိုင်ငံတကာ 】 China Media Group သည် ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်အားကစားပြိုင်ပွဲအတွက် မီဒီယာမျိုးစုံဖြင့် ထုတ်လွှင့်ပြသရေးဝန်ဆောင်မှုအစီအစဉ်ကို ထုတ်ပြန်

【 နိုင်ငံတကာ 】 China Media Group သည် ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်အားကစားပြိုင်ပွဲအတွက် မီဒီယာမျိုးစုံဖြင့် ထုတ်လွှင့်ပြသရေးဝန်ဆောင်မှုအစီအစဉ်ကို ထုတ်ပြန်

ပေကျင်း၊ ဧပြီ - ၁၈
 
ဧပြီလ ၁၇ ရက်နေ့က ပါရီအိုလံပစ်ပြိုင်ပွဲ ကျင်းပရန် ရက် ၁၀၀ သာ လိုတော့သည့် အခါသမယတွင် China Media Group မှ ပေကျင်း၌ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲအား မီဒီယာမျိုးစုံဖြင့် ထုတ်လွှင့်ပြသရေး ဝန်ဆောင်မှုအစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။
 
နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် China Media Group တို့ကြား ထားရှိခဲ့သည့် မဟာဗျူဟာသဘောတူညီချက်အရ OBS နှင့် China Media Group ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ယမန်နှစ်က ပေကျင်း၌ လက်မှတ်ရေးထိုးခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။
 
China Media Group သည် ပါရီအိုလံပစ်ပြိုင်ပွဲ၏ အဓိကရုပ်သံလွှင့်အေဂျင်စီအဖြစ် တရားဝင် ဖိတ်ကြားခံခဲ့ပြီး ပါရီအိုလံပစ်ပြိုင်ပွဲအတွက် ထုတ်လွှင့်မှု အများဆုံးသော နိုင်ငံတကာမီဒီယာလည်း ဖြစ်လာခဲ့ပါတယ်။