【 နိုင်ငံတကာ 】 “အဆင့်မြင့် တွေ့ဆုံမေးမြန်းမှု” အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံ ဝန်ကြီးချုပ် Gaston Browne နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခြင်း

【 နိုင်ငံတကာ 】 “အဆင့်မြင့် တွေ့ဆုံမေးမြန်းမှု” အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံ ဝန်ကြီးချုပ် Gaston Browne နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခြင်း

ပေကျင်း၊ ဧပြီ - ၁၆
 
အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံ ဝန်ကြီးချုပ် Gaston Browne သည် ပေကျင်းတွင် “အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု” ၏ သီးသန့်တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
 
ဝန်ကြီးချုပ် Gaston Browne က ယခုနှစ်တွင် ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် လာရောက်သည့် လက်တင်အမေရိကတိုက်နှင့် ကာရေဘီယံနိုင်ငံခေါင်းဆောင်ဖြစ်ပါတယ်။
 
သူသည် တရုတ်နိုင်ငံဆိုင်ရာ အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံ သံရုံး တရားဝင် စတင်ဖွင့်လှစ်မှုကို ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ Gaston Browne က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်ကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံအားပေးကြောင်း အလေးထားပြောကြားခဲ့ပါတယ်။
 
တရုတ်-အင်တီဂွါနှင့် ဘာဘူဒါသည် သံတမန်ဆက်ဆံရေး ထူထောင်လာသည်မှာ ၄၁ နှစ်ရှိပြီးဖြစ်ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည်လည်း များပြားသည့် ရလဒ်များ ရရှိခဲ့ပြီးဖြစ်ပါတယ်။
 
Gaston Browneက “ကြွေးမြီထောင်ချောက်” ဆိုသည့် ပြောကြားချက်သည် တရုတ်နိုင်ငံအား အမည်ဖျက်မှုပင်ဖြစ်သည်ဟု ဆိုပါတယ်။
 
တစ်နှစ်တွင် ရက်ပေါင်း ၃၆၅ ရက်ရှိပြီး အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံတွင်မူ လှပသော ကမ်းခြေပေါင်း ၃၆၅ ခုရှိသဖြင့် ဝန်ကြီးချုပ် Gaston Browne က တရုတ်ခရီးသွားများ ကာရေဘီယံပင်လယ်ကျွန်းအလှကို ခံစားရန် လှိုက်လှဲစွာကြိုဆိုဖိတ်ခေါ်လိုက်ပါတယ်လို့ ပြောကြားခဲ့ကြောင်း China Media Group သတင်းအရ သိရပါတယ်။