【 နိုင်ငံတကာ 】 အောက်တိုဘာ ၇ ရက် ဖြစ်ရပ်ကြောင့် အစ္စရေး စစ်ထောက်လှမ်းရေးအကြီးအကဲ နုတ်ထွက်
ဂျေရုဆလင်၊ ဧပြီ - ၂၃
အစ္စရေးကို ဟားမတ်စ်က အောက်တိုဘာလ ၇ ရက်နေ့တိုက်ခိုက်မှုအတွင်း ပျက်ကွက်မှုများအတွက် တာဝန်ယူသည့်အနေဖြင့် အစ္စရေးစစ်ထောက်လှမ်းရေးအကြီးအကဲ နုတ်ထွက်သွားသည်ဟု စစ်တပ်က တနင်္လာနေ့တွင် ပြောလိုက်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ဝါရင့်ဗိုလ်ချုပ် အဟာရွန် ဟာလီဗာသည် အစ္စရေးသမိုင်းတွင် လူသေပျောက်မှုအများဆုံး ထိုတိုက်ခိုက်မှုကို တားဆီးရန် ပျက်ကွက်ကြောင်း ဝန်ခံသည့် ထိပ်တန်းတပ်မှူးများအနက် တစ်ဦးဖြစ်ပါတယ်။
“ကျနော့်ကွပ်ကဲမှုအောက်က ထောက်လှမ်းရေးတပ်မဟာ ကျနော်တို့ကို ပေးအပ်ထားတဲ့ တာဝန်ကို မကျေပွန်ခဲ့ဘူး။အဲဒီမှောင်မိုက်တဲ့နေ့ကို ကျနော်အမြဲတမ်းမှတ်သားထားပါမယ်” ဟု စစ်တပ်က ထုတ်ပြန်သည့် သူ၏ နုတ်ထွက်စာတွင် ရေးသားထားပါတယ်။
သူသည် သူ့ကိုဆက်ခံသူအမည် ထုတ်ဖော်ကြေညာသည်အထိ ထိုရာထူးတွင် ဆက်လက်ရှိနေမည်ဖြစ်ပါတယ်။
ဂါဇာမှ စစ်ပွဲများပြီးဆုံးပါက ထပ်မံနုတ်ထွက်မှုများရှိမည်ဟု အစ္စရေး မီဒီယာနှင့် ဝေဖန်သုံးသပ်သူများ ပြောပါတယ်။
စိုးချစ်
သတင်းရင်းမြစ် - Reuters