【 နိုင်ငံတကာ 】 အီရန်-အစ္စရေး အခြေအနေကို တရုတ်က စိုးရိမ်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အားလုံးကို တောင်းဆို

【 နိုင်ငံတကာ 】 အီရန်-အစ္စရေး အခြေအနေကို တရုတ်က စိုးရိမ်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အားလုံးကို တောင်းဆို

ပေကျင်း၊ ဧပြီ - ၁၅
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးနိုင်ငံအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တုံ့ပြန်ရာမှာ လက်ရှိ အီရန်-အစ္စရေး အခြေအနေ တိုးမြင့်လာမှုကို တရုတ်က အလွန်စိုးရိမ်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို တင်းမာမှုများ ထပ်မံတိုးမလာအောင် ခေါင်းအေးအေးထားထားပြီး စိတ်ရှည်သည်းခံကြရန် ပန်ကြားခဲ့ကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
 
ယင်းအခြေအနေတင်းမာမှု မြင့်တက်လာခြင်းသည် ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခသက်ရောက်မှု ကျယ်ပြန့်လာခြင်း၏ နောက်ဆုံးလက္ခဏာဖြစ်‌ကြောင်းပြောခဲ့ပြီး ဂါဇာပဋိပက္ခကိုအမြန်ဆုံး အဆုံးသတ်ရန်အတွက် ယခု အရေးတကြီး လုပ်ဆောင်ရန်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၇၂၈ ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မတ်လ ၂၅ ရက်နေ့တွင် ဆုံးဖြတ်ချက်တစ်ခု အတည်ပြုခဲ့ပြီးထို ဆုံးဖြတ်ချက်တွင် ရမ်ဇာန်လအတွက် အပစ်အခတ်ရပ်စဲရေး ချက်ခြင်းတောင်းဆိုခဲ့ကာဓားစာခံများကို ချက်ခြင်း ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် အရေးတကြီး အကူအညီလိုအပ်နေသည့် ဂါဇာကမ်းမြောင်သို့ အကူအညီများ စီးဆင်းမှုကို ချဲ့ထွင်ရန်တို့ ပါဝင်ပါတယ်။
 
ထိုဆုံးဖြတ်ချက်ကို အမေရိကန်က ကြားနေကာ ၁၄ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။
 
တစ်ချိန်တည်းမှာပဲ တရုတ်က နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် ဒေသတွင်း အခြေအနေတွေကို လွှမ်းမိုးနိုင်တဲ့ နိုင်ငံတွေကိုဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG