【 နိုင်ငံတကာ 】 အိန္ဒိယတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို ရှီ တက်ရောက်ဖွယ်မရှိ

【 နိုင်ငံတကာ 】 အိန္ဒိယတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို ရှီ တက်ရောက်ဖွယ်မရှိ

နယူးဒေလီ၊ သြဂုတ် - ၃၁

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် G20 ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ကျော်သွားဖွယ်ရှိကြောင်း အိန္ဒိယနှင့် တရုတ်တို့နှင့် နီးစပ်သော သတင်းရင်းမြစ်များက Reuters သို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယအရာရှိနှစ်ဦး၊ တစ်ဦးမှာ တရုတ်နိုင်ငံအခြေစိုက် သံတမန်နှင့် အခြားတစ်ဦးမှာ G20 အတွက် အခြားနိုင်ငံအစိုးရများဖြင့် တာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးက စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ နယူးဒေလီတွင် ကျင်းပသည့် အစည်းအဝေးတွင် ဝန်ကြီးချုပ် လီချန်သည် ပေကျင်းကို ကိုယ်စားပြုဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ယခုသတင်းများအပေါ် အိန္ဒိယနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက မှတ်ချက်ပေးဖို့ တောင်းဆိုချက်မှုကို တုံ့ပြန်ခြင်း မရှိပါဘူး။

စူပါပါဝါနှစ်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသော ဆက်ဆံရေးကို တည်ငြိမ်စေရန် ကြိုးပမ်းနေချိန်ဖြစ်သဖြင့် ရှီ တက်ရောက်ခဲ့ပါက အိန္ဒိယတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသည်  ရှီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့  တွေ့ဆုံမည့် နေရာအဖြစ် ရှုမြင်ထားပါတယ်။

ရှီသည် ပြီးခဲ့သည့်နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေး၏ ဘေးဆွယ်အဖြစ် ဘိုင်ဒန်နှင့် နောက်ဆုံးတွေ့ဆုံခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်မှာ နယူးဒေလီသို့  မလာတော့ဘူးလို့ ကြေညာထားပြီး အဲဒီအစား နိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်းလာဗက်ဗော့ကို စေလွှတ်မှာဖြစ်ပါတယ်။

အိမ်ရှင် အိန္ဒိယနိုင်ငံမှ အကြီးတန်းအစိုးရအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားရာတွင် ရှီ၏အစား “ဝန်ကြီးချုပ်လာမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှ နိုင်ငံခြားသံတမန်နှစ်ဦးနှင့် အခြား G20 နိုင်ငံမှ အစိုးရအရာရှိတစ်ဦးတို့က ထိပ်သီးအစည်းအဝေးအတွက် ရှီသည် ခရီးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Linko
Ref - Reuters