【 နိုင်ငံတကာ 】 အရှေ့အလယ်ပိုင်းတွင် တရုတ်က အပြုသဘော ဆက်လက်ပါဝင်မည်

【 နိုင်ငံတကာ 】 အရှေ့အလယ်ပိုင်းတွင် တရုတ်က အပြုသဘော ဆက်လက်ပါဝင်မည်

ပေကျင်း၊ ဧပြီ - ၁၃
 
ဆက်လက်ဖြစ်ပွားနေသော ဂါဇာပဋိပက္ခနှင့်ပတ်သက်သူအားလုံးအနေဖြင့် ချက်ခြင်းအပစ်အခတ်ရပ်စဲရန် တရုတ်က တောင်းဆိုပြီး အရှေ့အလယ်ပိုင်းပြဿနာ ဖြေရှင်းရေးတွင် အပြုသဘော ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက သောကြာနေ့တွင် ပြောလိုက်ပါတယ်။
 
ကြာသပတေးနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန် ထော်နီ ဘလင်ကန်အကြား ဖုန်းဖြင့်ဆက်သွယ်မှုနှင့်ပတ်သက်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရသူ မော်နင်က ပြောခဲ့ပါတယ်။
 
ထိုသို့ဖုန်းဖြင့်ဆက်သွယ်ချိန်တွင် ဝမ်က တရုတ်သည် ဆီးရီးယားမှ အီရန်သံရုံးကိုတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချပြီး သံတမန် အဖွဲ့အစည်းများ လုံခြုံရေးကို ချိုးဖောက်မရဘဲ အီရန်နှင့် ဆီးရီးယားတို့၏ အချုပ်အခြာအာဏာကို လေးစားသင့်ကြောင်းပြောသည်ဟု မော်ကပြောခဲ့ပါတယ်။
 
ယခုလက်ရှိတင်းမာမှုသည် ဂါဇာပဋိပက္ခ ကျယ်ပြန့်လာကြောင်း နောက်ဆုံးပြသသည့် လက္ခဏာဖြစ်ကြောင်းနှင့် ထိုပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်ရန် အရေးကြီးကြောင်း မော်က ဆက်လက်ပြောကြားခဲ့ပါတယ်။
 
တရုတ်နိုင်ငံသည် ပဋိပက္ခနှင့် သက်ဆိုင်သူအားလုံးအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၇၂၈ ကို ရိုးသားတည်ကြည်စွာ အကောင်အထည်ဖော်ရန်နှင့် အပစ်အခတ်ချက်ခြင်းရပ်စဲရန် လူသားချင်းစာနာမှုအကျပ်အတည်း ချက်ခြင်းရပ်ရန် တောင်းဆိုသည်ဟု အထက်ပါပြောခွင့်ရသူ ပြောပါ တယ်။
 
မတ်လ ၂၅ ရက်နေ့က ချမှတ်သည့် ဆုံးဖြတ်ချက် ၂၇၂၈ သည် ဂါဇာတွင် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခစတင်ပြီးနောက်  အပစ်အခတ်ရပ်စဲရန်လုံခြုံရေးကောင်စီ၏ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG