【 နိုင်ငံတကာ 】 အစိုးရယန္တရား ရပ်ဆိုင်းမှုကို ကွန်ဂရက်က ရှောင်မည်ဟု အကောင်းမြင်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌပြော

【 နိုင်ငံတကာ 】 အစိုးရယန္တရား ရပ်ဆိုင်းမှုကို ကွန်ဂရက်က ရှောင်မည်ဟု အကောင်းမြင်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၂၉

သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကွန်ဂရက်ခေါင်းဆောင်များနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံပြီးနောက် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ကွန်ဂရက်သည်  သောကြာနေ့တွင် သတ်မှတ်ချိန်မရောက်မီ အစိုးရယန္တရား ရပ်ဆိုင်းမှုကို ရှောင်ရှားမည်ဟု အကောင်းမြင်ကြောင်း အင်္ဂါနေ့တွင် ပြောကြားလိုက်ပါတယ်။

“ဒီပြဿနာတွေအပေါ် ကျနော်တို့ သဘောတူညီချက်ရပြီး အစိုးရယန္တရား ရပ်ဆိုင်းသွားတာကို ရှောင်နိုင်မယ်၊ ဒါဟာ ကျနော်တို့ရဲ့ ပထမဆုံး တာဝန်ဝတ္တရားဖြစ်တယ်လို့ ကျနော်တို့ယုံကြည်တယ်” ဟု လူဝီစီယားနားမှ ကွန်ဆာဗေးတစ် ရီပတ်ဗလစ်ကန် ဂျွန်ဆင်က ပြောပါတယ်။

“အစိုးရအတွက် ဘဏ္ဍာငွေရအောင် ကျနော်တို့လုပ်မယ်။အဲဒီကိစ္စကို ကျနော်တို့ ဆက်လုပ်နေတယ်” ဟု ဂျွန်ဆင်က အိမ်ဖြူတော်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

အစိုးရအတွက် ရန်ပုံငွေ တစ်စိတ်တစ်ပိုင်း ခွင့်ပြုရမည့် နောက်ဆုံးရက်ချိန်းရောက်ရန် ၄ ရက်ပင် မလိုတော့သည့် အချိန်တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပါတယ်။

အသုံးစရိတ် ဥပဒေ ၁၂ ခုအနက် ၄ ခုသည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပါတယ်။

ကွန်ဂရက်သည် ယခုအပတ်အတွင်း ထိုကိစ္စကို မလုပ်ဆောင်နိုင်ပါက အစိုးရအစီအစဉ်အများအပြားနှင့် အေဂျင်စီများကို ပိတ်ထားရမည်ဖြစ်ပါတယ်။ကျန်သည့် အသုံးစရိတ်ဥပေဒ ၈ ခုသည်လည်း မတ်လ ၈ ရက်နေ့တွင် သက်တမ်းကုန်မည်ဖြစ်ပါတယ်။

အင်္ဂါနေ့တွင် ဘိုင်ဒင်နှင့် အခြားကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ချတ် ရှူးမားက ဂျွန်ဆင်သည် အစိုးရ ယန္တရားရပ်ဆိုင်းခြင်းကို ရှောင်ရှားရန် ပြင်းထန်သော ဆန္ဒရှိကြောင်းပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG