【 နိုင်ငံတကာ 】 ဝမ်ယိနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno တို့ သတင်းထောက်များနှင့်အတူ တွေ့ဆုံ

【 နိုင်ငံတကာ 】 ဝမ်ယိနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno တို့ သတင်းထောက်များနှင့်အတူ တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၁၉
 
ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဂျကာတာတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno နှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းထောက်များနှင့် အတူတွေ့ဆုံခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။
 
ဝမ်ယိက အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ တည်ငြိမ်ချောမွေ့စွာ ကျင်းပခဲ့ခြင်းအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
 
ထို့နောက် ဆက်လက်ပြီး သမ္မတ ဂျိုကိုမှ ပြည်သူများကို ဦးဆောင်ပြီး ထူးချွန်သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိခြင်းအပေါ် ဂုဏ်ပြုကြောင်း၊ ယခုအကြိမ် အင်ဒိုနီးရှားခရီးစဉ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်၊ အင်ဒိုနီးရှား အပေါ် ပြတ်သားသော အားပေးထောက်ခံမှုကို ပြသရန်နှင့် နှစ်နိုင်ငံဆက်ဆံမှုတွင် ပိုမိုကြီးမားသည့် တိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိနိုင်အောင် တွန်းအားပေးရန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့သည် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်ရေး အစဉ်အလာကို ပြန့်ပွားစေပြီး ကိုယ့်ဝိသေသ ထူးခြားချက်ပါရှိသော ခေတ်မီရေးလမ်းကြောင်းအတိုင်း ကိုယ်စီ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်အောင် အပြန်အလှန်ကူညီဖေးမကာ အဆင့်ပိုမိုမြင့်မားသော တရုတ်-အင်ဒိုနီးရှား ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်၍ နှစ်နိုင်ငံ ဆက်ဆံမှုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပူးပေါင်း ဖန်တီးပေးရန် မိမိတို့ မျှော်လင့်ကြောင်း ဝမ်ယိက ပြောကြားခဲ့ပါတယ်။