【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ချုံချင့်မြို့တွင် လေ့လာကြည့်ရှု

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ချုံချင့်မြို့တွင် လေ့လာကြည့်ရှု

ပေကျင်း၊ ဧပြီ - ၂၃

ဧပြီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ချုံချင့်မြို့သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြောင်း China Media Group သတင်းအရ သိရပါတယ်။

ရှီကျင့်ဖျင်သည် ချုံချင့်မြို့ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဗဟိုချက်မဇုန်၊ ကျိုလုံဖိုမြို့နယ်၊ မင်ကျူရွာ လူနေရပ်ကွက်၊ ချုံချင့်မြို့ ဒစ်ဂျစ်တယ် မြို့ပြလည်ပတ်ရေးနှင့် စီမံခန့်ခွဲရေးစင်တာသို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ခဲ့ပြီး၊ ဒေသခံ အနောက်ပိုင်းဒေသ ကုန်တွင်းနှင့် ပင်လယ်ပြင် လမ်းမကြီးသစ် လျင်မြန်စွာတည်ဆောက်ခြင်း၊ မြို့ပြဆန်းသစ်ရေး၊ လူထုနေထိုင်မှုဘဝ အာမခံပေးရေးနှင့် တိုးတက်ကောင်းမွန်ရေးအခြေအနေ၊ မြို့ပြစီမံခန့်ခွဲမှု ခေတ်မီရေး အဆင့်အတန်း စသည်တို့ကို လေ့လာကြည့်ရှုခဲ့ပါတယ်။