【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်နှင့် ဂါဘွန် ယာယီ သမ္မတ Nguema တို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်နှင့် ဂါဘွန် ယာယီ သမ္မတ Nguema တို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့

ပေကျင်း၊ ဧပြီ - ၂၀
 
ဧပြီလ ၂၀ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ဂါဘွန်နိုင်ငံ ယာယီသမ္မတ Nguema တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်သည့်အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြပါတယ်။
 
ရှီကျင့်ဖျင်၏ သဝဏ်လွှာတွင် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း တရုတ်နှင့် ဂါဘွန် နှစ်နိုင်ငံတို့သည် အစဉ်တစိုက် တန်းတူရည်တူ သဘောထားပြီး အပြန်အလှန်အားပေး ထောက်ခံကာ နှစ်နိုင်ငံဆက်ဆံမှု အဆက်မပြတ် တိုးမြင့်လာ၍ နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများကို ထိထိရောက်ရောက် ဆောင်ကြဉ်းပေးလာကြောင်း ဖော်ပြထားတယ်လို့ China Media Group သတင်းအရ သိရပါတယ်။
 
Nguema က တရုတ်နှင့် ဂါဘွန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ အတွင်း နှစ်ဖက်တို့သည် အပြန်အလှန် ယုံကြည်ပြီး စိတ်ရင်းမှန်ဖြင့် သဘောထားကြကာ နှစ်ဖက်ဆက်ဆံမှု တည်ငြိမ်စွာ တိုးတက်လာ၍ စီးပွားရေး၊ လူမှုရေးနှင့် စစ်ရေးအပါအဝင် နယ်ပယ်များ၌ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှု ရလဒ်များရရှိခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။