【 နိုင်ငံတကာ 】 ရုရှားကာကွယ်ရေးဝန်ကြီး ရှိုင်းဂု၏ မဟာမိတ်ကို အဂတိမှုဖြင့် ဖမ်းဆီး

【 နိုင်ငံတကာ 】 ရုရှားကာကွယ်ရေးဝန်ကြီး ရှိုင်းဂု၏ မဟာမိတ်ကို အဂတိမှုဖြင့် ဖမ်းဆီး

မော်စကို၊ ဧပြီ - ၂၅

ကာကွယ်ရေး ဆာဂေး ရှိုင်းဂု၏ လက်ထောက်များအနက် တစ်ဦးကို လာဘ်ယူမှုသံသယဖြင့် ဖမ်းဆီးရန် ရုရှားတရားရုံးတစ်ရုံးက ဗုဒ္ဓဟူးနေ့တွင် အမိန့်ထုတ်လိုက်သောကြောင့် သမ္မတ ပူတင်က ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်မှု စတင်ပြီးနောက် အဆင့်အမြင့်ဆုံးအရာရှိပတ်သက်သည့် အကျင့်ခြစားမှု ဖြစ်လာပါတယ်။

အကြီးအကျယ် လာဘ်ယူမှုဖြင့် ဒု-ကာကွယ်ရေးဝန်ကြီး တီမာ အိုင်ဗန်နော့ကို ဆိုဗီယက်ခေတ် KGB ကိုဆက်ခံသည့် ဖက်ဒရယ်လုံခြုံရေးဌာနက လုပ်ငန်းခွင်အတွင်း အင်္ဂါနေ့ ဖမ်းဆီးလိုက်ပါတယ်။

မော်စကိုမှ ဘက်စ်မန်နီခရိုင်တရားရုံးက အိုင်ဗန်နော့ကို ဇွန်လ ၂၃ ရက်နေ့အထိ ဖမ်းဆီးထားရန် အမိန့်ထုတ်ခဲ့ပါတယ်။အသက် ၄၈ နှစ်ရှိပြီဖြစ်သော အိုင်ဗန်နော့ တရားရုံးမှ ဖန်လှောင်အိမ်အတွင်း စစ်ဝတ်စုံဖြင့် မျက်မှောင်အနည်းငယ်ကျုံ့ကာ ရပ်နေသည့် ပုံများကို တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

“အိုင်ဗန်နော့သည် တတိယပါတီများနှင့် ရာဇဝတ်မှုကြံစည်ကာ ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်ရန် အဖွဲ့-ဖွဲ့ခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုက ယူဆသည်” ဟု တရားရေးဌာနက ပြောပါတယ်။

ထိုကြံစည်မှုမှာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကန်ထရိုက်များနှင့် ကန်ထရိုက်ခွဲများအတွင်း အလွန်များပြားသည့် ပိုင်ဆိုင်မှု ဝန်ဆောင်မှုများ ရယူရန်ဖြစ်သည်ဟုလည်း တရားရုံးက ပြောပါတယ်။

အပြစ်မရှိကြောင်း အိုင်ဗန်နော့ ပြောသော်လည်း စီရင်ခံရပါက ထောင် ၁၅ နှစ်အထိ ကျနိုင်ပါတယ်။နိုင်ငံပိုင်မီဒီယာက ထိုအမှုကို အပြည့်အဝဖော်ပြခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters