【 နိုင်ငံတကာ 】 ရန်းအိုင်ကျောင် ပြဿနာကို ပူးတွဲဖြေရှင်းရေး ဘုံသဘောတူညီချက်ကို လေးစားရန် တရုတ်က ဖိလစ်ပိုင်ကို တိုက်တွန်း

【 နိုင်ငံတကာ 】 ရန်းအိုင်ကျောင် ပြဿနာကို ပူးတွဲဖြေရှင်းရေး ဘုံသဘောတူညီချက်ကို လေးစားရန် တရုတ်က ဖိလစ်ပိုင်ကို တိုက်တွန်း

ပေကျင်း၊ ဧပြီ - ၁၃
 
ရရှိထားသည့် ၎င်း၏ သဘောတူညီချက်များနှင့် ကတိများကို လေးစားလိုက်နာရန်၊ တွေ့ဆုံဆွေးနွေးမှုနှင့် ညှိုနှိုင်းတိုင်ပင်မှု လမ်းကြောင်းမှန် ပြန်သွားရန်နှင့် ရန်းအိုင်ကျောင်ပြဿနာကို ပူးတွဲဖြေရှင်းရေးအတွက် တရုတ်နှင့်အတူ လုပ်ကိုင်ရန် ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ရိုဒရီဂို ဒူတာတေ အစိုးရသက်တမ်းအတွင်း ရန်းအိုင်ကျောင်ပြဿနာနှင့်ပတ်သက်သည့် သဘောတူညီမှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်မှ တရုတ်သံရုံးပြောခွင့်ရသူတစ်ဦးက သောကြာနေ့တွင် တိုက်တွန်းလိုက်ပါတယ်။
 
လက်ရှိ ဖိလစ်ပိုင်အစိုးရနှင့် တရုတ်အကြား နားလည်မှုသစ် ပြန်လည်တည်ဆောက်ရေး လို၊ မလိုကိုလည်း မေးမြန်းခဲ့ပါတယ်။
 
လူကြီးလူကောင်းသဘောတူညီမှုတစ်ခု ရှိ၊ မရှိမေးမြန်းခြင်းကို ပြောခွင့်ရသူက ပြန်လည် တုံ့ပြန်ခြင်းဖြစ်ပါတယ်။
 
ဖိလစ်ပိုင်၏ ပိုင်နက်၊ အချုပ်အခြာအာဏာနှင့် ချုပ်အခြာအခွင့်အရေးများနှင့်ပတ်သက်ပြီး မိမိတို့သည် လျှို့ဝှက်နားလည်မှုယူထားသည်ဆိုသည့် အယူအဆနှင့် ဖိလစ်ပိုင်သည် ပဋိပက္ခမဖြစ်စေရန် ပြင်ဆင်နိုင်သည့် အခြေအနေမရှိဆိုသည့် အယူအဆအတွက် တုန်လှုပ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမောဒက်ဇ် မားကို့စ်က ဗုဒ္ဓဟူးနေ့တွင် ပြောပါတယ်။
 
တစ်ဘက်တွင်လည်း မားကို့စ် မတိုင်မီ သမ္မတ ဒူတာတေကလည်း ကြာသပတေးနေ့တွင် ရန်းအိုင် ကျောင်ကိစ္စကို စကားအားဖြင့် သဘောတူညီမှုမရှိကြောင်း ကြာသပတေးနေ့တွင် ပြောခဲ့ပါတယ်။
 
ရန်းအိုင်ကျောင်ပြဿနာနှင့်ပတ်သက်သည့် တရုတ်၏ တုံ့ပြန်မှုသည် ရှေ့နောက်ညီညွတ်ကြောင်းပြောပြီး ပြောခွင့်ရသူက ရန်းအိုင်ကျောင်သည် တရုတ်နိုင်ငံ၏ နန်းရှာကန်ဒေါင်ဒေသ အစိတ်အပိုင်းဖြစ်ပြီး တရုတ်သည် ရန်းအိုင်ကျောင်အပါအဝင် နန်ရှာကန်ဒေါင်ဒေသတစ်ခုလုံးကို အချုပ်အခြာအာဏာပိုင်ကြောင်း တရုတ်ပြောခွင့်ရသူ ပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG