【 နိုင်ငံတကာ 】 ရန်အိုင်းကျောင်နှင့်ပတ်သက်ပြီး မည်သို့ဖြေရှင်းရမည်ကို တရုတ်က ပြတ်ပြတ် သားသားသိဟု ဆို

【 နိုင်ငံတကာ 】 ရန်အိုင်းကျောင်နှင့်ပတ်သက်ပြီး မည်သို့ဖြေရှင်းရမည်ကို တရုတ်က ပြတ်ပြတ် သားသားသိဟု ဆို

ပေကျင်း၊ ဧပြီ - ၁၄
 
ရန်အိုင်းကျောင်အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို တရုတ်က ရှင်းလင်းပြတ်သားစွာ သဘောထားကြောင်း ဖိလစ်ပိုင်ရှိ တရုတ် သံရုံးက စနေနေ့တွင် ပြောခဲ့ပါတယ်။
 
သတင်းများအရ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် ရိုမောလ်ဒက် မားကို့စ်က တောင်တရုတ်ပင်လယ် တင်း မာမှုများနှင့် ပွတ်တိုက်မှုများနှင့် ရေအမြောက်ပစ်ခတ်မှုများ ရှောင်ရှားရေးအတွက် အဆင့်အားလုံးတွင် ဆွေးနွေးမည်ဖြစ်ကြောင်းပြောပါတယ်။
 
တုံ့ပြန်သည့်အနေဖြင့် သံရုံးပြောခွင့်ရသူက တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် နယ်နိမိတ် အငြင်းပွားမှုပြဿနာကို တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် ဆုံးဖြတ်ထားကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး အစွမ်းကုန်အားထုတ်နေကြောင်း ပြောခွင့်ရသူ ပြောပါတယ်။
 
“ရန်အိုင်းကျောင်မှာ တင်းမာမှုတွေကို လျှော့ချရေးအတွက် တွေ့ဆုံဆွေးနွေး ဆက်သွယ်ရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် ကတိကဝတ်တွေနဲ့ နားလည်မှုတွေကို လေးစားလိုက်နာဖို့နဲ့ ရန်စတာရပ်ဖို့ဖြစ်တယ်” ဟု ထိုပြောခွင့်ရသူက ပြောပါတယ်။
 
လက်ရှိ လူနေထိုင်မှုမရှိသော ကျွန်းများနှင့် ကျောက်တန်းများတွင် လူနေထိုင်ခြင်းကို တားမြစ်သည့် စာချုပ် အပိုဒ် ၅ အရ ဖိလစ်ပိုင်သည် သောင်တင်ထားသော စစ်သင်္ဘောကို အမြန်ဆုံး ပြန်လည်ဆွဲယူရန် တောင်းဆိုခဲ့ပါတယ်။
 
ဖိလစ်ပိုင်သည် ရန်အိုက်ကျောင်းတွင် စစ်သင်္ဘောကို သောင်တင်ထားသည်မှာ ဆယ်စုနှစ်များစွာကြာပြီး ဖိလစ်ပိုင်သည် တရုတ်၏ အချုပ်အခြာအာဏာနှင့် တောင်ရုတ်ပင်လယ် သက်ဆိုင်သူများအပြုအမူကို ကြေညာချက်ကို ချိုးဖောက်ကြောင်း သူကပြောပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG