【 နိုင်ငံတကာ 】 ယူကရိန်းအကျပ်အတည်း ဖြေရှင်းနိုင်ရေး မူ ၄ ခု ရှီ အဆိုပြု

【 နိုင်ငံတကာ 】 ယူကရိန်းအကျပ်အတည်း ဖြေရှင်းနိုင်ရေး မူ ၄ ခု ရှီ အဆိုပြု

ပေကျင်း၊ ဧပြီ - ၁၇
 
ယူကရိန်းအကျပ်အတည်း ထိန်းချုပ်မရဖြစ်ခြင်းကို တားဆီးပြီး ငြိမ်းချမ်းရေးကို စောစီးစွာပြန်လည်ထိန်းသိမ်းရေးအတွက် မူ ၄ ချက်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က အင်္ဂါနေ့တွင် အဆိုပြုလိုက်ပါတယ်။
 
ရှီသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်နေသည့် ဂျာမန်ဝန်ကြီးချုပ် အိုလပ်ရှုဇ်လ်နှင့် ပေကျင်းတွင် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်ပြီး အလေးအနက် ဆွေးနွေးကြပါတယ်။
 
လက်ရှိအခြေအနေအရ အကျပ်အတည်းကို ထိန်းချုပ်မရ မဖြစ်စေရန် သက်ဆိုင်သူအားလုံးသည် ငြိမ်းချမ်းရေးအမြန်ဆုံးပြန်လည်ထိန်းသိမ်းရန် လုပ်ရမည်ဟု ရှီက အလေးထားပြောခဲ့ပါတယ်။ထိုသို့လုပ်ရန်အတွက် မူ ၄ ခုကို သူက အဆိုပြုခဲ့ပါတယ်။
 
“ပထမဆုံးအနေနဲ့ ကျနော်တို့တွေ ငြိမ်းချမ်းတည်ငြိမ်မှုရအောင်နဲ့ ကိုယ်ကျိုးမရှာအောင် လုပ်သင့်တယ်” ဟု သူကပြောပါတယ်။
 
“ဒုတိယအနေနဲ့ အခြေအနေကို အေးဆေးအောင်လုပ်ပြီး မီးမထိုးဖို့လိုတယ်” ဟု သူကဆက်လက်ပြောပါတယ်။
 
“တတိယအချက်နေနဲ့ ငြိမ်းချမ်းရေး 
ပြန်လည်ထိန်းသိမ်းရေးနဲ့ တင်းမာမှု ပိုမိုမမြင့်မားရေး လုပ်သင့်တယ်” ဟု သူကပြောပါတယ်။
 
“စတုတ္ထအချက်မှာ ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးကျိုးသက်ရာက်မှု လျှော့ချရရန် အာရုံစိုက်ပြီး ကမ္ဘာ့စက်မှုနှင့် ဖြန့်ချိရေးဈေးကွက်ကို ထိခိုက်မှုလျှော့ချရန် လိုအပ်ကြောင်း” ရှီက ပြောပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG