【 နိုင်ငံတကာ 】 မြောက်ကိုရီးယား ခြိမ်းခြောက်မှုကြားမှ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ ရေတပ်စစ်ရေးလေ့ကျင့်

【 နိုင်ငံတကာ 】 မြောက်ကိုရီးယား ခြိမ်းခြောက်မှုကြားမှ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ ရေတပ်စစ်ရေးလေ့ကျင့်

ဆိုးလ်၊ ဧပြီ - ၁၂

တောင်ကိုးရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်တိုက်ခိုက်နိုင်သည့် ခြိမ်းခြောက်မှုများကို အဆင်သင့်ဖြစ်စေရန်အတွက် အမေရိကန်လေယာဉ်တင်သင်္ဘော ပါဝင်သည့် နှစ်ရှည်လများ စီစဉ်ထားသော ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း ဆိုးလ်ရေတပ်က သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားသည် လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပြီး၊ ပြီးခဲ့သည့် သီတင်းပတ်က လောင်စာအစိုင်အခဲဖြင့် အသံထက်မြန်သည့် ဒုံးကျည်များကို စမ်းသပ်နေပြီး ခေါင်းဆောင် ကင်ဂျုံအမ်က  မတည်မငြိမ်ဖြစ်နေတဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေကို ကိုးကားပြီး အခုအချိန်ဟာ စစ်ပွဲအတွက် အရင်ကထက် ပိုပြင်ဆင်ရမယ့်အချိန်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

“ပါဝင်သည့် တပ်ဖွဲ့များတွင် ရေငုပ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များအပါအဝင် မြောက်ကိုရီးယား၏ ရေအောက်ခြိမ်းခြောက်မှုများကို တုံ့ပြန်မှုများ တိုးတက်စေရန်အတွက် ရေငုပ်သင်္ဘောတိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း” တောင်ပိုင်းရေတပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနှင့် ဂျပန်ကြား နိုင်ငံတကာရေပိုင်နက်တွင် ကြာသပတေးနေ့မှစသည့် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် အာရှအိမ်နီးချင်းနိုင်ငံများမှ စစ်သင်္ဘောများနှင့်အတူ လေယာဉ်တင်သင်္ဘော Theodore Roosevelt နှင့် ဖျက်သင်္ဘော Howard ၊ Russell နှင့် Daniel Inouye တို့ ပါဝင်ခဲ့ပါတယ်။

အဆိုပါလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ၎င်းတို့၏ ပေါင်းစပ်စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ပြီး ယမန်နှစ်က ပြုလုပ်ခဲ့သော လမ်းသုံးသွယ် ထိပ်သီးဆွေးနွေးပွဲအပြီး နှစ်ရှည် ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို လိုက်နာဆောင်ရွက်ခဲ့ကြောင်း တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters