【 နိုင်ငံတကာ 】 ထိုင်ဝမ်အား လက်နက်ရောင်းချမှုတွင် ပါဝင်သော ကန်ကုမ္ပဏီ နှစ်ခုအား တန်ပြန်ဆောင်ရွက်မှု ပြုလုပ်ရန် တရုတ် ဆုံးဖြတ်

【 နိုင်ငံတကာ 】 ထိုင်ဝမ်အား လက်နက်ရောင်းချမှုတွင် ပါဝင်သော ကန်ကုမ္ပဏီ နှစ်ခုအား တန်ပြန်ဆောင်ရွက်မှု ပြုလုပ်ရန် တရုတ် ဆုံးဖြတ်

ပေကျင်း၊ ဧပြီ - ၁၂
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန် General Atomics Aeronautical Systemsနှင့် General Dynamics Land Systems အပါအဝင် ကုမ္ပဏီနှစ်ခုအား တန်ပြန်ဆောင်ရွက်မှု ပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
 
ယင်းဆုံးဖြတ်ချက်တွင် အမေရိကန်က တရုတ်၊ ထိုင်ဝမ်ဒေသအား လက်နက်များကို ဆက်တိုက် ရောင်းချခဲ့ပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်းပါသတ်မှတ်ချက်များကို ပြင်းထန်စွာ ဖောက်ဖျက်ကာ တရုတ်ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
 
တရုတ်နိုင်ငံသည် ထိုင်ဝမ်ဒေသအား လက်နက်များ ရောင်းချသော အမေရိကန် General Atomics Aeronautical Systemsနှင့် General Dynamics Land Systems ကုမ္ပဏီ နှစ်ခုအား တန်ပြန်ဆောင်ရွက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းတို့၏ ရွှေ့ပြောင်းလို့ရသည့် ပိုင်ဆိုင်မှု၊ ရွှေ့ပြောင်းလို့ မရသည့် ပိုင်ဆိုင်မှုများနှင့် အခြားသော ပိုင်ဆိုင်မှုများကို ချိတ်ပိတ်မည်ဖြစ်ပြီး အဆင့်မြင့် စီမံခန့်ခွဲရေး ဝန်ထမ်းများအား ဗီဇာ ထိုးပေးခြင်းကို ရပ်တန့်ပြီး တရုတ်ပြည်တွင်းသို့ ဝင်ခွင့်မပြုတော့ကြောင်း၊ ဤဆုံးဖြတ်ချက်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စတင် ကျင့်သုံးမည်ဖြစ်ကြောင်း ဖော်ပြထားတယ်လို့ China Media Group သတင်းအရ သိရပါတယ်။