【 နိုင်ငံတကာ 】 တိုင်ဖွန်း ဆအိုလာ (Saola) ချဉ်းကပ်လာချိန် ဟောင်ကောင်တွင် မုန်တိုင်းပြင်းအားကို အဆင့် ၈ အထိ သတ်မှတ်

【 နိုင်ငံတကာ 】 တိုင်ဖွန်း ဆအိုလာ (Saola) ချဉ်းကပ်လာချိန် ဟောင်ကောင်တွင် မုန်တိုင်းပြင်းအားကို အဆင့် ၈ အထိ သတ်မှတ်

ဟောင်ကောင်၊ စက်တင်ဘာ - ၁

တိုင်ဖွန်းမုန်တိုင်း ဆအိုလာ၏ အကျိုးသက်ရောက်မှုကြောင့် မုန်တိုင်းပြင်းအားကို အနောက်မြောက် လေပြင်းအား အဆင့် ၈ အဖြစ် ဟောင်ကောင်စောင့်ကြည့်လေ့လာရေးဌာနက သောကြာနေ့ နံနက်အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

နံပါတ် ၈ အချက်ပြမှုသည် ဟောင်ကောင်၏ မိုးလေဝသစနစ်အောက်တွင် တတိယအမြင့်ဆုံး သတိပေးချက်ဖြစ်ပြီး တိုင်ဖွန်းမုန်တိုင်းတွင် အဆင့် ၅ ပြင်းအားတွင်ရှိပါတယ်။

ပျမ်းမျှအမြန်နှုန်း တစ်နာရီလျှင် ၆၃ ကီလိုမီတာ (သို့မဟုတ်) ထိုထက်ပိုသော လေတိုက်နှုန်းကို အနောက်မြောက်ဘက်အတွက် ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ဟောင်ကောင်ရှိ အများပြည်သူဝန်ဆောင်မှုနှင့် လုပ်ငန်းအများအပြားကို ရပ်ဆိုင်းထားရပါတယ်။

ကျောင်းများအားလုံးကို ပိတ်ထားရပြီး ဟောင်ကောင်စတော့အိတ်ချိန်းတွင် ကုန်သွယ်မှုများ ရပ်ဆိုင်းထားကာ  ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ရပြီး ဟောင်ကောင် Disneyland ကဲ့သို့သော အထင်ကရနေရာများကို ခေတ္တပိတ်ထားခဲ့ပါတယ်။

သောကြာနေ့ နံနက် ၁၀ နာရီ (၀၂:၀၀ ဂရင်းနစ်စံတော်ချိန်) တွင် တိုင်ဖွန်း ဆအိုလာသည် ဟောင်ကောင်၏ အရှေ့-အရှေ့တောင်ဘက် ကီလိုမီတာ ၂၁၀ ခန့်အကွာကို ဗဟိုပြုပြီး အနောက်-အနောက်မြောက် ဘက်သို့ တစ်နာရီလျှင် ၁၀ ကီလိုမီတာခန့်အရှိန်ဖြင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ပုလဲမြစ်ဝဘက်သို့ ရွေ့လျှားမည်ဟု ခန့်မှန်းရပါတယ်။

Linko
Ref - Xinhua