【 နိုင်ငံတကာ 】 တရုတ်-ဂျာမဏီ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေးသည် အန္တရာယ်မဟုတ်ဘဲ အခွင့်အလမ်းဖြစ်ကြောင်း သမ္မတ ရှီ ပြော

【 နိုင်ငံတကာ 】 တရုတ်-ဂျာမဏီ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေးသည် အန္တရာယ်မဟုတ်ဘဲ အခွင့်အလမ်းဖြစ်ကြောင်း သမ္မတ ရှီ ပြော

ပေကျင်း၊ ဧပြီ - ၁၇
 
တရုတ်နှင့် ဂျာမဏီအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုသည် အန္တရာယ်မ ဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်သို့ လာရောက်လည်ပတ်သည့် ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှုဇ်လ်သို့ အင်္ဂါနေ့တွင် ပြော ပါတယ်။
 
ပေကျင်းတွင် ရှုဇ်လ်နှင့် တွေ့ဆုံစဉ် ရှီက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်ပြီး ရှုဇ်လ်သည် တရုတ်သို့ ၃ ရက်ကြာ ခရီးစဉ်အတွင်း ပထမ ၂ ရက်တွင် ချုံကင်းနှင့် ရှန်ဟိုင်းသို့လည်းသွားရောက်ခဲ့ပါတယ်။
 
တရုတ်နှင့် ဂျာမဏီအနေဖြင့် ခေါင်းထောင်ထလာသည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို သတိထားရန် လိုအပ်ကြောင်း ထုတ်လုပ်မှုစွမ်းရည်ကိစ္စကို ဓမ္မဒိဋ္ဌာန်ကျကျနှင့် အနုပဋိလောမကျစွာ ရှုမြင်ရန်လိုကြောင်း တောင်းဆိုပါတယ်။
 
တရုတ်နှင့် ဂျာမဏီ၏ စက်မှုနှင့် ကုန်စည် ဖြန့်ချိရေးကွင်းဆက်သည် အပြန်အလှန်ဆက်စပ်နေပြီး ၂ နိုင်ငံ ဈေးကွက်များသည် အပြန်အလှန်မှီခိုကြောင်း ရှီ ပြောကြားပြီး တရုတ်နှင့် ဂျာမဏီအကြား အပြန်အလှန်အကျိုးရှိသည် ပူးပေါင်း ဆောင်ရွက်မှုသည် အန္တရာယ်မဟုတ်ဘဲ ၂ နိုင်ငံဆက်ဆံရေးတည်ငြိမ်မှုနှင့် အနာဂတ်အတွက် အခွင့်အလမ်းဖြစ်ကြောင်း ပြောပါတယ်။
 
တရုတ်နှင့် ဂျာမဏီတို့သည် စက်မှုပစ္စည်းထုတ်လုပ်ခြင်း၊ မော်တော်ယာဉ် ထုတ်လုပ်ခြင်းနှင့် အစိမ်းရောင်စွမ်းအင် အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဉာဏ်ရည်တုနည်းပညာ ဆန်းသစ်လုပ်ငန်းများကဲ့သို့သော သမားရိုးကျနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရန် အလားအလာများစွာရှိကြောင်း ရှီက ပြောပါတယ်။
 
“တရုတ်က လျှပ်စစ်မော်တော်ယာဉ်၊ လီသီယံဘက်ထရီနဲ့ ဖိုတိုဗို့လတစ် ထုတ်ကုန် တင်ပို့တာဟာ ကမ္ဘာ့ကုန်စည်ဖြန့်ချိမှုကို ကြွယ်ဝစေရုံသာမက ငွေကြေးဖောင်းပွမှုကိုလည်း လျှော့ချပေးသလို ရာသီဥတုပြောင်းလဲမှုနဲ့ အစိမ်းရောင် ကာဗွန်နိမ့် အသွင်ကူးပြောင်းရေးကို တုံ့ပြန်ရာမှာလည်း အရမ်းအကျိုးပြုတယ်” ဟု ရှီက ပြောပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG