【 နိုင်ငံတကာ 】 တရုတ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ လူသုံးကုန်ပစ္စည်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သစ်ရရှိ

【 နိုင်ငံတကာ 】 တရုတ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ လူသုံးကုန်ပစ္စည်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သစ်ရရှိ

ပေကျင်း၊ ဧပြီ - ၁၂

တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် လူသုံးကုန်များ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာလုပ်ရန် သဘောတူညီချက်သစ် ဗုဒ္ဓဟူးနေ့တွင်ရရှိကြောင်း အကောက်ခွန်အထွေထွေဌာန (GAC) အရ သိရပါတယ်။

ထိုဘက် ၃ ဘက်သည် ဘုံစံနှုန်းများ ထူထောင်ရေး၊ ဘုံကြီးကြပ်မှု ပိုမိုနက်ရှိုင်းရေး၊ စားသုံးသူများ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများ ကာကွယ်ရေးနှင့် လူသုံးကုန်များ ဘုံလုံခြုံရေးကာကွယ်ရေး ကြိုးစားရေးတို့ကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ Zhejiang ပြည်နယ်၊ Hangzhou တွင် ကျင်းပသည့် ၈ ကြိမ်မြောက် တရုတ်-အမေရိ ကန်ပြည်ထောင်စု-ဥရောပသမဂ္ဂ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြပါတယ်။

ထိုအစည်းအဝေးကို တရုတ် GAC ၊ အမေရိကန် လူသုံးကုန်လုံခြုံရေး ကော်မတီနှင့် ဥရောပကော်မရှင် စားသုံးသူ တရားမျှတရေး ညွှန်ချုပ်တို့က ပူးတွဲကျင်းပခြင်းဖြစ်ပါတယ်။

စားသုံးသူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ကာကွယ်ရန် နိုင်ငံတကာစံနှုန်းများ ကြိုးစားကျင့်သုံးရေး ဘုံသဘောတူညီချက်သစ်အရ လက်ရှိပူးပေါင်းဆောင်ရွက်ရေး မူဘောင်များ၊ လုပ်ထုံးလုပ်နည်း အားထုတ်မှုများနှင့် ဘေးအန္တရာယ် သတင်းမျှဝေရေးကို မြှင့်တင် အပြည့်အဝအသုံးချရေးအတွက် ပူးတွဲဆောင်ရွက်မည်ဖြစ်ပါတယ်။

စဉ်ဆက်မပြတ် အဆင့်မြင့်ဆွေးနွေးပွဲ မူဘောင်အရ ညှိနှိုင်းစီမံအုပ်ချုပ်မှုဖြင့် ထိုဘက် ၃ ဘက်သည် စီမံကိန်းပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ဖလှယ်မှု၊ ဆွေးနွေးပွဲများနှင့် ပညာရပ်ဆိုင်ရာလေ့ကျင့်မှု ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေပြီး သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာတိုင်ပင်ရေး တောင့်တင်းအောင် လုပ်ဆောင်မည်ဖြစ်ပါတယ်။

လွန်ခဲ့သော ၁၆ နှစ်က စတင်သည့် ၃ ပွင့်ဆိုင် မူဘောင်ကနေ ကောင်းမွန်သော ရလဒ်များ ရလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တွင် တရုတ်၏ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂအကြား လူသုံးကုန်ကုန်သွယ်မှုသည် ယွမ် ၁.၈ ထရီလီယံ (ဒေါ်လာ ၂၅၀ ဘီလီယံကျော်) နှင့် ၁.၇၉ ထရီလီယံယွမ် အသီးသီးရှိကြောင်း သိရပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG