【 နိုင်ငံတကာ 】 တရုတ်သည် ဂျပန်နှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သော အနုတ်လက္ခဏာပြသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး တည်ကြည် လေးနက်စွာ အရေးဆို

【 နိုင်ငံတကာ 】 တရုတ်သည် ဂျပန်နှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သော အနုတ်လက္ခဏာပြသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး တည်ကြည် လေးနက်စွာ အရေးဆို

ပေကျင်း၊ ဧပြီ - ၁၂
 
ဂျပန်နှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သော အနုတ်လက္ခဏာပြသည့် အကြောင်းများနှင့်ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားမှုများများ ပြုလုပ်ပေးခဲ့ပါတယ်။
 
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဂျပန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီး အာရုံစိုက်ချက်တွေကို လေးစားပြီး မဟာဗျူဟာမြောက် အပြန်အလှန်ဆက်ဆံမှု ဘက်စုံတွန်းအားပေးရေးဆိုင်ရာ အရေးကြီးသဘောတူညီချက်များကို ထိရောက်စွာ ဖော်ဆောင်ပေး၍ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့်၊ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်သည့် ကိစ္စများ ပြုလုပ်ခြင်းကို ရပ်တန့်ကာ နှစ်နိုင်ငံဆက်ဆံမှု ပိုမိုဆိုးရွားသော ထိခိုက်မှုကို ရှောင်ရှားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။