【 နိုင်ငံတကာ 】 တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သတင်းအချက်အလက် ထောက်ပံ့ရေးတပ်ဖွဲ့ တည်ထောင်ရေး အခမ်းအနား ကျင်းပ

【 နိုင်ငံတကာ 】 တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သတင်းအချက်အလက် ထောက်ပံ့ရေးတပ်ဖွဲ့ တည်ထောင်ရေး အခမ်းအနား ကျင်းပ

ပေကျင်း၊ ဧပြီ - ၂၀
 
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သတင်းအချက်အလက် ထောက်ပံ့ရေးတပ်ဖွဲ့ တည်ထောင်ခြင်း အခမ်းအနားကို ဧပြီလ ၁၉ ရက်နေ့တွင် ပေကျင်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။
 
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် ယင်းတပ်ဖွဲ့အား တပ်မတော်အလံ ပေးအပ်ပြီး အမှာစကားပြောကြားခဲ့ကာ ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင် ကိုယ်စားပြုပြီး တပ်ဖွဲ့မှ အရာရှိနှင့် စစ်သားများအားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုထောမနာပြုခဲ့ပါတယ်။