【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှု ဆက်လက်ကြီးထွားလာခဲ့

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှု ဆက်လက်ကြီးထွားလာခဲ့

ပေကျင်း၊ ဧပြီ - ၁၈
 
ဧပြီလ ၁၆ ရက်နေ့တွင် တရုတ်အမျိုးသားစာရင်းအင်းဌာနမှ ယခုနှစ် ပထမသုံးလပတ်အတွင်း အမျိုးသားစီးပွားရေးလည်ပတ်မှုဆိုင်ရာ အဓိကအချက်အလက်များကို ထုတ်ပြန်ခဲ့ပါတယ်။
 
ထိုအချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက်နာလန်ပြန်ထူပြီး တိုးတက်လာနေကြောင်း ပြသနေပါတယ်။
 
သို့သော် တစ်ချိန်တည်းတွင် အနောက်တိုင်းမီဒီယာအချို့သည် ညွှန်းကိန်းအချို့၏ စွမ်းဆောင်ရည်နည်းမှုနှင့်ပတ်သက်၍ စိုးရိမ်ဆဲဖြစ်ပြီး တရုတ်နိုင်ငံသည် ယခုနှစ်တွင် ၎င်း၏ တိုးတက်မှု ရည်မှန်းချက် ၅ ရာခိုင်နှုန်းခန့် အောင်မြင်နိုင်မည့်အပေါ် သံသယရှိနေသေးကြောင်း ဖော်ပြကြပါတယ်။
 
ယင်းနှင့်ပတ်သက်ပြီး ဧပြီလ ၁၇ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Lin Jian က တရုတ်နိုင်ငံ၏ စီးပွားရေး ကိန်းဂဏန်းများသည် ဆက်ပြီး ပြန်တက်လာကာ တည်ငြိမ်သော တိုးတက်မှုများရှိခဲ့၍ ဒီနှစ်တွင် ကောင်းမွန်သော စတင်မှုကို ရရှိခဲ့သည်ဟု ရှင်းလင်းပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။