【 နိုင်ငံတကာ 】 တရုတ်နိုင်ငံသည် ကုန်စည်ကူးသန်းရောင်းဝယ်မှု အကြီးဆုံးနိုင်ငံအဖြစ် ၇ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံသည် ကုန်စည်ကူးသန်းရောင်းဝယ်မှု အကြီးဆုံးနိုင်ငံအဖြစ် ၇ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့

ပေကျင်း၊ ဧပြီ - ၁၄
 
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနမှ တာဝန်ခံက ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံတကာပို့ကုန်ဈေးကွက်ဝေစုသည် ၁၄.၂ ရာခိုင်နှုန်းဖြစ်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အကြီးဆုံးနိုင်ငံအဖြစ် ၇ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်းပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။
 
ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် ခက်ခဲသော အခြေအနေမျိုးတွင် တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံတကာဈေးကွက်ဝေစုကို ပဏာမအားဖြင့် တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခြင်းသည် အားကောင်းသော ဖွံ့ဖြိုးမှုဆိုင်ရာ ရေရှည်ခိုင်မာမှုကို ပြသခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါတယ်။