【 နိုင်ငံတကာ 】 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်ပြီး ပြောကြား

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်ပြီး ပြောကြား

ပေကျင်း၊ ဧပြီ - ၂၃

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken သည် ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံကို လာရောက် ခရီးလှည့်လည်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။

ဧပြီလ ၂၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မြောက်အမေရိကနှင့် အိုရှင်နီယာရေးရာဌာနမှ သက်ဆိုင်ရာ အရာရှိသည် Blinken ၏ တရုတ်ခရီးစဉ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

၎င်းက ယခုအကြိမ် Blinken ၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် ရည်မှန်းချက် ငါးရပ်ကို အာရုံစိုက်နေကြောင်း၊ ယင်းတို့သည်

၁။ မှန်ကန်သော နားလည် သိရှိမှုကို ထားရှိရန်
၂။ ဆွေးနွေးမှုကို အားဖြည့်ရန်
၃။ သဘောကွဲလွဲမှုများကို ထိရောက်စွာ ထိန်းချုပ်ရန်
၄။ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် နိုင်ငံကြီးများအဖြစ်ဖြင့် တာဝန်ဝတ္တရားများကို လက်တွဲထမ်းဆောင်ရန်တို့ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း China Media Group သတင်းအရ သိရပါတယ်။