【 နိုင်ငံတကာ 】 ဂေဟစနစ် ထိန်းသိမ်းရေး လျော်ကြေးပေးမှုဆိုင်ရာ စည်းမျဉ်းဥပဒေကို တရုတ် ထုတ်ပြန်

【 နိုင်ငံတကာ 】 ဂေဟစနစ် ထိန်းသိမ်းရေး လျော်ကြေးပေးမှုဆိုင်ရာ စည်းမျဉ်းဥပဒေကို တရုတ် ထုတ်ပြန်

ပေကျင်း၊ ဧပြီ - ၁၁

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မကြာသေးမီက နိုင်ငံတော်ကောင်စီအမိန့်ကို လက်မှတ်ရေးထိုးပြီး ဂေဟစနစ်ထိန်းသိမ်းရေး လျော်ကြေးပေးမှုဆိုင်ရာ စည်းမျဉ်းဥပဒေကို ထုတ်ပြန်ကာ ၂၀၂၄ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပါတယ်။

ဂေဟစနစ် ထိန်းသိမ်းရေး လျော်ကြေးပေးမှုစနစ်သည် ဂေဟယဉ်ကျေးမှုစနစ်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါတယ်။

ဂေဟစနစ် ထိန်းသိမ်းရေး လျော်ကြေးပေးမှုဆိုင်ရာ စည်းမျဉ်းဥပဒေသည် သမ္မတ ရှီကျင့်ဖျင်၏ ဂေဟယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်ကို ဘက်စုံအကောင်အထည်ဖော်ပြီး စိမ်းလန်းစိုပြေသော တောတောင်နှင့် ရေမြေများသည် ရွှေတောင်ငွေတောင်ပင်ဖြစ်သည့် သဘောတရားကို စွဲကိုင်ထားကာ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ တရုတ်နိုင်ငံတော်ကောင်စီမှ ဂေဟစနစ် ထိန်းသိမ်းရေး လျော်ကြေးပေးမှုဆိုင်ရာ သတ်မှတ်ချက်များ၊ ထိရောက်သော အတွေ့အကြုံနှင့် နည်းလမ်းများကို စီမံအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေပုံစံဖြင့် ပိုမိုခိုင်မြဲလာစေပြီး တိုးချဲ့ဆောင်ရွက်လာခြင်းဖြစ်တယ်လို့ China Media Group သတင်းအရ သိရပါတယ်။