【 နိုင်ငံတကာ 】 ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်သည် နိုင်ငံတကာလုံခြုံရေးပြဿနာ ဖြေရှင်းရေးအတွက် အကျိုးပြုဟု နိုင်ငံတကာပုဂ္ဂိုလ်များ ဆို

【 နိုင်ငံတကာ 】 ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်သည် နိုင်ငံတကာလုံခြုံရေးပြဿနာ ဖြေရှင်းရေးအတွက် အကျိုးပြုဟု နိုင်ငံတကာပုဂ္ဂိုလ်များ ဆို

ပေကျင်း၊ ဧပြီ - ၂၂

၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်သည် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို ပထမဆုံးအကြိမ်အဖြစ် ဖော်ပြပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပြဿနာ ဖြေရှင်းရေးအတွက် တရုတ်နည်းလမ်းကို ပံ့ပိုးပေးခဲ့ပါတယ်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် လက်တွဲတွန်းအားပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်သည် နိုင်ငံတကာလုံခြုံရေးပြဿနာ ဖြေရှင်းရေးအတွက် အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း နိုင်ငံတကာပုဂ္ဂိုလ်များက ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။