【 နိုင်ငံတကာ 】၁၉၅၀ နောက်ပိုင်း အကြမ်းဖက်မှု အများဆုံးဖြစ်ပွားသော နိုင်ငံဖြစ်လာသော အမေရိကန်နိုင်ငံ

【 နိုင်ငံတကာ 】၁၉၅၀ နောက်ပိုင်း အကြမ်းဖက်မှု အများဆုံးဖြစ်ပွားသော နိုင်ငံဖြစ်လာသော အမေရိကန်နိုင်ငံ 

၂၀၂၂ စက်တင်ဘာလတွင် Athen Democracy Forum က ဗီဒီယိုဖိုင်တစ်ခုတွင် အမေရိကန်နိုင်ငံသား စီးပွားရေး ပညာရှင်ဖြစ်တဲ့ ဂျေဖရီဆက်စ်က သူ့ရဲ့ဒီမိုကရေစီအပေါ် အမြင်များကို ပြောခဲ့ပါတယ်။

သို့သော်လည်း သူဟာ အမေရိကန်နိုင်ငံအပေါ် ပြင်းထန်သော ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် သူဟာ အစီအစဉ်တင်ဆက်သူ၏ ၂ ကြိမ် တိုင်တိုင် ကြားဖြတ် သတိပေးခြင်း ခံခဲ့ရပါတယ်။

ဂျေဖရီကတော့ သူ့ရဲ့ အမြင်များကို ထိုဖိုရမ်တွင် ရှင်းရှင်းလင်းလင်းပဲ ပြောခဲ့ပါတယ်။

“ကျွန်တော်ဟာ ကျွန်တော့်ရဲ့နိုင်ငံ အမေရိကန်နိုင်ငံကို ကြည့်လိုက်တော့၊ ဒါဟာ ဆီမီးဒီမိုကရေစီနိုင်ငံပဲ ဖြစ်တယ်၊ လူဖြူတွေက စိုးမိုးထားပြီး အဆင့်အတန်းများနဲ့ ဖွဲ့စည်းထားတယ်၊ လူမျိုးရေးခွဲခြားမှုနဲ့ ပြည့်နှက်နေ တယ်။ ဒါကြောင့် ဒီလို ဒီမိုကရေစီရဲ့ ရည်မှန်းချက်ကလည်း အုပ်ချုပ်ရေးလူတန်းစားရဲ့ အကျိုးကိုပဲ ကာကွယ်ပေး ဖို့ဖြစ်တယ်။

အမေရိကန်နိုင်ငံကို ၁၇၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တုန်းကလည်း ရည်ရွယ်ချက်ကတော့ ဒါပဲ” ဖြစ်တယ်။ ထိုအချိန်က အစိုးရဟာ ကျွန်စနစ်ကို အသုံးပြုခဲ့သော စနစ်ဖြစ်တယ်၊ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူး လွန်ခဲ့တယ်၊ ဌာနေတိုင်းရင်းသားများကို လူဖြူယာဉ်ကျေးမှုအတွက် သတ်ဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် အံ့ဩစရာ ကောင်းတာက ခုလည်း ဒီလို သွားနေတုန်းပါပဲ၊ ခုတော့ ကျွန်တော်တို့ဟာ ယခင်ကထက် လူမျိုးပေါင်းများစွာ စုပေါင်းနေထိုင်ကြသော်လည်း အရင်ကလိုပဲ နေထိုင်ကြတုန်းပဲ။

ဒီလို ပြောကြားမှုကို ကြားပြီးနောက်၊ အစီအစဉ်တင်ဆက်သူဟာ ဂျေဖရီကို တားဆီးဖို့ရန် ကြိုးပမ်းခဲ့ပါ တယ်၊ ဒါပေမယ့် ဂျေဖရီကတော့ မသိချင်ယောင် ဆောင်ခဲ့ကာ ဆက်ပြီး ဆွေးနွေးခဲ့ပါတယ်။

“ကျွန်တော် ပြောလိုတာကတော့ ယာဉ်ကျေးမှုတွင် နက်ရှိုင်းသော ခြားနားမှုတွေရှိတယ်။

ဒါပေမယ့် ဒါကို ရှင်းလင်းဖို့ရန် မကြိုးစားသင့်ပါဘူး။ ၁၉၅၀ နောက်ပိုင်း အကြမ်းဖက်မှု အများဆုံး ဖြစ်ပွားနေသော နိုင်ငံကတော့ အမေရိကန်နိုင်ငံပဲဖြစ်တယ်။

ဂျေဖရီဆွေးနွေးနေတုန်းမှာပဲ အစီအစဉ်တင်ဆက်သူဟာ ဂျေဖရီကိုတားဆီးရန် ထပ်မံကြိုးပမ်းခဲ့ပြီး “ဂျေဖရီ၊ တော်တော့၊ တော်လောက်ပြီ၊ ကျွန်တော်က အစီအစဉ်တင်ဆက်နေသူပါ” ဟု ပြောခဲ့ပါတယ်။

ထို့နောက် ဂျေဖရီစကားပြောတာကို ရပ်လိုက်ပါတယ်။ ထိုဗီဒီယိုအရ ဂျေဖရီဟာ ပရိသတ်များ၏ လက်ခုပ်တီးဩဘာပေးခြင်းကို ခံရပါတယ်။

Linko

Ref: weixin

ဝါရှင်တန်၊ အောက်တိုဘာ ၂၇