【 နိုင်ငံတကာ အနုပညာ 】 Squid Game ကို အမေရိကန်ပုံစံဖြင့် ပြန်ရိုက်မည့် အကြံအစည်မှာ ကြောက်စရာစိတ်ကူးဟု ဆို

【 နိုင်ငံတကာ အနုပညာ 】 Squid Game ကို အမေရိကန်ပုံစံဖြင့် ပြန်ရိုက်မည့် အကြံအစည်မှာ ကြောက်စရာစိတ်ကူးဟု ဆို

နယူးယောက်၊ ဖေဖော်ဝါရီ - ၂၉

Netflix မှာ Squid Game မူရင်းစီးရီး ပထမဆုံးစတင်ပြသကတည်းက အမေရိကန်ပုံစံဖြင့် Squid Game အကြောင်း ကောလာဟလတွေ ပျံ့နေခဲ့ပြီး ဒါက ကြောက်စရာကောင်းတဲ့ စိတ်ကူးဖြစ်ရခြင်း အကြောင်းအရင်းများစွာ ရှိနေပါတယ်။

ကိုရီးယားရုပ်သံစီးရီးဟာ ၎င်း၏ပထမဆုံးရာသီမှာ ကမ္ဘာတစ်ဝန်း အကျော်ကြားဆုံးဖြစ်ခဲ့ပြီး ၂ ရာသီ ဆက်ခဲ့ကာ လက်တွေ့ကျတဲ့ TV စီးရီးဖြစ်သလို ပရိတ်သတ်ထဲ သီအိုရီများစွာ စတင်ရန် များပြားလှသော စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးခဲ့ပါတယ်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုမှ ပရိသတ်အချို့က ယင်းစီးရီးကို အမေရိကန်ဆက်တင်ဖြင့် အင်္ဂလိပ်စကားပြော ဇာတ်ကွက်ဖြင့် ပြန်လည်စတင်ရိုက်ကူးရန် တောင်းဆိုတာတွေရှိပါတယ်။

ဒါဟာ မူရင်း Squid Game ဇာတ်လမ်း အရသာကို ပျက်စီးစေနိုင်ပါတယ်။

ကျေးဇူးတင်စရာကောင်းတာက Netflix ဥက္ကဋ္ဌ တက်ဒ်ဆန်းဒရို့စ်က အမေရိကန်ပုံစံဖြင့် Squid Game ပြန်လည်ရိုက်ကူးမယ့် စိတ်ကူးကို ပိတ်လိုက်တာပါ။

တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကောလာဟလတွေအကြောင်း မေးမြန်းတဲ့အခါ ဆန်းဒရို့စ်က ဒါတွေဟာ ကောလာဟလတွေပဲလို့ ပြောပါတယ်။

သို့သော်လည်း အထူးသဖြင့် Squid Game season 2 ဟာ ယခင်အစီအစဉ်ထက် ပိုမိုအောင်မြင်ပါက၊ အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို မပြောနိုင်ကြောင်းတော့ ပြောခဲ့ပါတယ်။

အမေရိကန်ပုံစံနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အဲဒီစီးရီးကို ပြန်လည်ရိုက်ကူးခြင်းဟာ  အချိန်ဖြုန်းသလို ဖြစ်လာနိုင်တာကြောင့် ယင်းကဲ့သို့ဖြစ်လာမည် မဟုတ်ဟု မျှော်လင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Screenrant