【 နိုင်ငံတကာ အနုပညာ 】 Civil War သည် ယခုနှစ်အတွက် ပေါက်ကွဲမှုအမြင့်မားဆုံး ရုပ်ရှင်ဖြစ်မည်

【 နိုင်ငံတကာ အနုပညာ 】 Civil War သည် ယခုနှစ်အတွက် ပေါက်ကွဲမှုအမြင့်မားဆုံး ရုပ်ရှင်ဖြစ်မည်

နယူးယောက်၊ ဧပြီ - ၁၂

အဲလက် ဂါးလန်း၏ ရုပ်ရှင်များသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကပ်ရောဂါ ( ၂၀၂၂ ခုနှစ်က 28 Days Later) နှင့် ထိန်းချုပ်မရသည့် ဉာဏ်ရည်တုနည်းပညာ (၂၀၁၄ ခုနှစ်က Ex Machina) နှင့် အပြင်းအထန် စစ်ရေးတိုက်ခိုက်မှုကြောင့် နာကျင်နေသည့် အမေရိက၏ မကြာမီအနာဂတ်ကို ဖော်ပြနေရာ ယခု သူ၏နောက်ဆုံးလက်ရာသည် ပြည်တွင်းစစ် Civil War အဖြစ် အမြင်အာရုံတွင် ပေါ်လာစေခဲ့ပြီဖြစ်ပါတယ်။

စံချိန်တင်သည့် ရုပ်ရှင်ရိုက်ကူးသူအများစုသည် သမိုင်းခေတ် အတွေးအခေါ်ကို အသုံးချသည့် ကျွမ်းကျင်မှုရှိကြောင်း ပြောကြပါတယ်။သို့သော် ဂါးလန်းသည် ထိုကိစ္စကို ထိုကဲ့သို့မမြင်ပေ။သူက သူသည် ထိုးထွင်းသိမြင်စရာမလိုသည့် နေရာတိုင်းတွင် တွေ့နေရသော ပကတိအခြေအနေများကို ကိုင်တွယ်နေခြင်းဖြစ်ကြောင်း သူကပြောပါတယ်။ကမ္ဘာသည် ကိုဗစ်နိုင်တင်းကြောင့် ပြိုကွဲနေပြီး လူ့အဖွဲ့အစည်းပြိုကွဲမှုသည် လူတိုင်း၏စိတ်တွင်ရှိနေသည့် ၂၀၂၀ ခုနှစ်တွင် Civil War ကို သူရေးသားထားပါတယ်။

Civil War သည် ကျယ်ပြန့်သည့် အမေရိကန် စိုးရိမ်ပူပန်မှုများကို အကြမ်းဖက်၊ မတည်ငြိမ်သည့် ပိတ်ကားပြင် ပကတိအခြေအနေသို့ ပြောင်းလဲရန် နိမိတ်မကောင်းသည့် အားထုတ်မှုဖြစ်ပါတယ်။

ဂါးလန်း၏ ရုပ်ရှင်ကို ၁၈၆၁ ခုနှစ် ပြည်တွင်းစစ် စတင်သည့် နှစ်ပတ်လည်နေ့ သောကြာနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ထို့အပြင် လွန်စွာအရေးပါသည့် သမ္မတရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် စတင်ပြသသောကြောင့် ထိုရုပ်ရှင်သည် ယခုနှစ်အတွင်း ပေါက်ကွဲမှုအမြင့်မားဆုံး ရုပ်ရှင်ဖြစ်နိုင်နေပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP