【 နိုင်ငံတကာ အနုပညာ 】 ဥရုဂွေး တေးရေး၊ တေးဆို ဂျော့ချ် ဒရက်ဇလာ ဥရောပ ခရီးစတင်

【 နိုင်ငံတကာ အနုပညာ 】 ဥရုဂွေး တေးရေး၊ တေးဆို ဂျော့ချ် ဒရက်ဇလာ ဥရောပ ခရီးစတင်

မက်ဒရစ်၊ ဧပြီ - ၁၄
 
စပိန်ဘာသာစကား သီချင်းများကို စွဲမက်သည့် ခေတ်တွင် ဥရုဂွေး သီချင်းရေးဆရာနှင့် အဆိုတော် ဂျော့ချ် ဒရက်ဇလာသည် ပထမဆုံး ဥရောပဂီတခရီး စတင်လိုက်ပြီဖြစ်ပါတယ်။
 
“ဒွန်ကီစုတ်တောင်မှ မြို့ပြစပိန်တေးဂီတလောက် ဒီနေ့ခေတ်မှာ မဆွဲဆောင်နိုင်တော့ဘူး။ဘယ်ကို သွားသွား စပိန်ဘာသာစကား တေးဂီတတွေကြားနေရမှာပဲ” ဟု AP သတင်းဌာနနှင့် တွေ့ဆုံရာတွင် သူက ပြောပါတယ်။
 
“အရင်က စိတ်ကူးမယဉ်နိုင်တဲ့နေရာတွေကို စပိန်ဘာသာစကား ထိုးဖောက်နိုင်လို့ ကျနော် ဝမ်းသာတယ်” ဟု သူကပြောပါတယ်။
 
သူ၏နောက်ဆုံးဆုရ ဓာတ်ပြား “Tintay tiempo” (“Ink and time”) သည် သူ့ကို အော်စကာဆုအပါအဝင် လက်တင်ဂရမ်မီဆု ၁၃ ဆုအနက် ၄ ဆု ရစေခဲ့ပါတယ်။
 
သူ၏ ဂီတခရီးစဉ်အတွင်း ဒရက်ဇလာသည် သူ၏ ဂီတသင်္ကေတများမှာ ကယ်တင်ထားသည့် အချစ်ကိုဆုံးရှုံးခြင်း သီချင်းဖြစ်သည့် “Derrumbe” ကို ဖျော်ဖြေမည်ဖြစ်ပါတယ်။
 
ထိုသီချင်းသည် ၂၀၂၁ ခုနှစ်က ရုပ်သံ “Todo va a estar bien” တွင် ပါဝင်ခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - AP