【 နိုင်ငံတကာ အနုပညာ 】 ပါရာမောင့်ရုပ်ရှင်ကို ဝယ်ယူရန် ကမ်းလှမ်းထား

【 နိုင်ငံတကာ အနုပညာ 】 ပါရာမောင့်ရုပ်ရှင်ကို ဝယ်ယူရန် ကမ်းလှမ်းထား

လာ့စ်ဗီးဂက်စ်၊ ဧပြီ - ၁၃
 
ပါရာမောင့်ရုပ်ရှင်ကို ဝယ်ယူပေါင်းစည်းသည့် သတင်းများနှင့် ကောလာဟလများနှင့်အတူ ထို ရုပ်ရှင်စတူဒီယိုသည် CinemaCon ဇာတ်ရုံပိုင်ရှင်များအတွက် အကောင်းဆုံးခြေလှမ်းကို ကြာသပတေးနေ့တွင် ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။
 
ထိုသမိုင်းဝင် စတူဒီယိုသည် G.I. Joe/Transformers ဇာတ်ကားများမှ ပြောင်းလဲလာသည့် အော်စကာဆုရ La LaLand ဇာတ်ကား ဒါရိုက်တာ ဒမီယန် ရှဇလီ၏ ရုပ်ရှင်သစ်ကို ကြေညာပြီး ဂလန်းပါဝဲလ်သည် အဂ္ဂါရိုက်၏ Running Man စက်ရုပ်အဖြစ် သရုပ်ဆောင်မည်ဖြစ်ပါတယ်။
 
ထို့အပြင် ၎င်းတို့သည် ခရစ် ဟမ်းစ်ဝေါ့သ်နှင့် လူပီတာညောင်ဂိုတို့ကိုလည်း လာမည့်ရုပ်ရှင်များအကြောင်း စကော့၊ ဒန်ဇယ် ဝါရှင်တန်နှင့် ပေါလ် မက်စကယ်တို့၏ ဗီဒီယိုသတင်းစကားများကိုလည် တင်ထားကြပါတယ်။၎င်းတို့သည် Gladiator II ကို ကူညီမိတ်ဆက်ခဲ့သူများလည်းဖြစ်ပါတယ်။
 
ဒန်ဇယ်လ် ဝါရှင်တန်က ထိုစိတ်ခံစားမှုပြင်းထန်သည့် အက်ရှင်ဇာတ်ကားသည် မည်သည်ဇာတ်ကားနှင့်မျှ တူမည်မဟုတ်ကြောင်းကတိပြုခဲ့ပါတယ်။
 
ပါရာမောင့် ရုပ်ရှင်သည် ၂၀၂၄ ခုနှစ် စတင်ချိန်တွင် “Mean Girls” ၊ “Bob Marley: One Love,” နှင့် နောက်ထပ်ထုတ်လွှင့်မည့် ရုပ်ရှင်များဖြစ်သည်  “A Quiet Place: Day One” (June 28), the animated “Transformers One” (Sept. 13), a “Smile” sequel (Oct. 18) and the “Gladiator” sequel (Nov. 22) တို့ဖြင့် ၂၀၂၄ ခုနှစ်တွင် တာထွက်ကောင်းခဲ့ပါတယ်။
 
ထိုရုပ်ရှင်ကုမ္ပဏီသည် ခရစ်စတိုဖာနိုလန်၏ “Interstellar” ကို ဆယ်နှစ်ပြည့်အဖြစ် စက်တင်ဘာလတွင် ထုတ်ဝေမည်ဖြစ်ပြီး၂၀၂၅ ခုနှစ်တွင် “Mission: Impossible 8” ကို ထုတ်ဝေမည်ဖြစ်ပါတယ်။
 
ဖျော်ဖြေရေး၊ ရုပ်သံနှင့် ပါရာမောင့်ကဲ့သို့သော လုပ်ငန်းများလုပ်ကိုင်သည် ထိုစတူဒီယိုကို ပုဂ္ဂလိကပိုင် Apollo Global က ဒေါ်လာ ၁၁ သန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - AP