【 ပြည်တွင်း 】တစ်လအတွင်း ဆန်ကောင်း (၁)အိတ်စျေး ငါးထောင်ကျပ်ဝန်းကျင် တက်လာပြီး အခြားအမျိုးအစားများလည်း တစ်ထောင်ဝန်းကျင်တက်နေ

【 ပြည်တွင်း 】တစ်လအတွင်း ဆန်ကောင်း (၁)အိတ်စျေး ငါးထောင်ကျပ်ဝန်းကျင် တက်လာပြီး အခြားအမျိုးအစားများလည်း တစ်ထောင်ဝန်းကျင်တက်နေ

ယခုဇူလိုင်လတစ်လအတွင်း ဆန်ကောင်းများ (၁)အိတ်စျေး ငါးထောင်ကျပ်ဝန်းကျင် တက်လာပြီးအခြားဆန်များလည်း အမျိုးအစားအလိုက် တစ်ထောင်ဝန်းကျင်ခန့်တက်လတာကို ဘုရင့်နောင်ရှိ ဆန်စျေးကွက်မှ စုံစမ်းသိရပါတယ်။
 
အခုဇူလိုင်လ(၁) ရက်နေ့က ဆန်ကောင်းစာရင်းဝင်အဖြစ် တန်းတစ်ခုအနေနဲ့ရှိနေတဲ့ ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲဝင် တစ်အိတ်ကို အရည်အသွေးအလိုက် စျေးနှုန်းအားဖြင့်ကျပ်ငွေ ၇၀၀၀၀ ကနေ ၇၃၀၀၀ ကျပ်ရှိခဲ့ပြီး ဇူလိုင်(၁၉) ရက်မှာတော့  ကျပ်ငွေ (၇၄၀၀၀) ကနေ (၇၈၀၀၀) ကျပ်အထိရှိလာနေတာပါ။
 
“ ဆန်စျေးတက်တာက အမျိုးအစားအလိုက်ကို တက်နေတာ။ဆန်အမြင့်တန်းတွေက ပိုပြီးတက်တယ်။ပုံမှန်အတန်းကတော့ (၅၀၀) ကနေ (၁၀၀၀) လောက်တက်နေတယ်။” လို့ ဘုရင်နောင်ဆန်စျေးကွက်ကနေ သိရပါတယ်။
 
ပုသိမ်ပေါ်ဆန်းမွှေးကတော့ ဇူလိုင်လ(၁)ရက်နေ့က တစ်အိတ်ကို ကျပ် (၅၈၀၀၀) ရှိရာကနေ လက်ရှိမှာတော့ (၆၀၀၀၀) ကျပ် ဝန်းကျင်ရှိလာနေပြီဖြစ်ပါတယ်။
 
ရန်ကုန်၊ ဇူလိုင် ၁၉