【 နိုင်ငံတကာ 】စီးပွားရေးကျဆင်းနိုင်သည့် စိုးရိမ်မှုများကြောင့် အမေရိကန်တွင် ကုမ္ပဏီများဝန်ထမ်းလျှော့ချလာ

【 နိုင်ငံတကာ 】စီးပွားရေးကျဆင်းနိုင်သည့် စိုးရိမ်မှုများကြောင့် အမေရိကန်တွင် ကုမ္ပဏီများဝန်ထမ်းလျှော့ချလာ

အမေရိကန်နိုင်ငံက ကုမ္ပဏီကြီးများဟာ ထောင်ပေါင်းများစွာသော အလုပ်သမားများကို ယခုနှစ်နွေရာသီတွင် အလုပ်ထုတ်ခဲ့ပါတယ်။ ကုမ္ပဏီများ၏ အလုပ်မှုဆောင်အရာရှိချုပ်များဟာ စီးပွားရေးကျဆင်းမှုအတွက် စိုးရိမ်နေကြပြီး ခုလို ဝန်ထမ်းများကို အလုပ်ထုတ်လာခြင်းဖြစ်ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ Gemini ကုမ္ပဏီဟာ ဝန်ထမ်း ၆၈ ဦးကို လျှော့ချခဲ့ပြီး ကုမ္ပဏီ၏ အလုပ်သမားအင်အား ၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ Gemini ဟာ လွန်ခဲ့တဲ့ ၂ လတုန်းကလည်း ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကို‌ လျှော့ချခဲ့ကြောင်း TechCrunch က ရေးသားခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ နယူးယောက်မြို့အခြေစိုက် NFT ကုမ္ပဏီဖြစ်တဲ့ OpenSea ဟာ ဝန်ထမ်း ၂၀ ရာခိုင်နှုန်းခန့်ကို လျှော့ချမည်ဟု တွစ်တာကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ Tesla ဟာ ဝန်ထမ်းပေါင်း ၂၂၉ ဦးကို လျှော့ချလိုက်ကြောင်း ကယ်လီဖိုးနီးယား ဆန်မာတီယိုမှာရှိတဲ့ ကုမ္ပဏီ၏ ရုံးကို ပိတ်လိုက်ပြီဖြစ်ကြောင်း၊ အီလွန်မတ်ခ်ကတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး သူဟာ ယုံကြည်မှုမရှိကြောင်း ကုမ္ပဏီ၏ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန် စီစဉ်နေကြောင်း ဆိုပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ကပဲ LoanDepot ၏ ထုတ်ပြန်ချက်အရ ဒီနှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၂၀၀၀ အထိ လျှော့ချရန် ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ထို့ကြောင့် ၂၀၂၂ အတွင်း ဝန်ထမ်းပေါင်း ၄၈၀၀ အထိ လျှော့ချမည်ဖြစ်ပြီး ဝန်ထမ်း ၈၅၀၀ ရှိသော ကုမ္ပဏီ၏ အလုပ်သမား ထက်ဝက်အထိ‌ လျှော့ချခြင်းလည်းဖြစ်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့တုန်းကတော့ Rivian ၏ ထုတ်ပြန်ချက်အရ အလုပ်သမား ၅ ရာခိုင်နှုန်း အထိလျှော့ချမည်ဟု ပြောပြီး ဝန်ထမ်းပေါင်း ၁၄၀၀၀ ခန့်ဖြစ်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့တွင် အိမ်ခြံမြေကုမ္ပဏီဖြစ်တဲ့ Re/Max ၏ ထုတ်ပြန်ချက်အရ ဒီနှစ်ကုန်တွင် အလုပ်သမား ၁၇ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု ထုတ်ပြန်ထားပြီး ၂၀၂၈ ခုနှစ်တွင် တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၁၀၀ အထိ ငှားရမ်းခ လျှော့ချရန် ကြိုးပမ်းနေကြောင်းဆိုပါတယ်။

ဇွန်လ ၂၂ ရက်နေ့တွင် JPMorgan Chase ၏ ထုတ်ပြန်ချက်အရ ဝန်ထမ်း ၂၇၄၉၄၈ ထဲတွင် ၁၀၀၀ ကို အလုပ်ထုတ်မည်ဟု ကြေညာခဲ့ပြီး မြင့်တက်လာသော ငှားရမ်းခနှင့် ငွေကြေးဖောင်းပွမှုကြောင့် ဟုဆိုပါတယ်။

ဇွန်လ ၁၅ ရက်နေ့တွင် အိမ်ခြံမြေကုမ္ပဏီဖြစ်တဲ့ Compass နှင့် Redfin တို့ကလည်း ဝန်ထမ်း ၁၀ ရာခိုင်နှုန်း နှင့် ၈ ရာခိုင်နှုန်း စီလျှော့ချမည်ဟု ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၄ ရက်နေ့တွင် Coinbase ကုမ္ပဏီကလည်း အလုပ်သမား ၁၁၀၀ ခန့်ကို အလုပ်ထုတ်လိုက်ပြီး ဝန်ထမ်း ၁၈ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တာဖြစ်ပါတယ်။

မေလ ၂၁ ရက်နေ့တွင် Carvana ကုမ္ပဏီကလည်း အလုပ်သမား ၂၅၀၀ ကို အလုပ်ထုတ်ကြောင်း အီမေလ်းပို့ခဲ့ပြီး ထိုပမာဏဟာ ဝန်ထမ်းအင်အား ၁၂ ရာခိုင်နှုန်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးဟာ ၂၀၂၂ ပထမ ၃ လတွင် ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အမေရိကန် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ နိုင်ငံ၏ စီးပွားရေးဟာ အချိန်အဟုန်လျှော့ကျလာကြောင်း ဆိုပါတယ်။ ငွေကြေးဖောင်းပွမှုကလည်း ၉.၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ကုန်စျေးနှုန်းများကလည်း ဆက်လက်မြင့်တက်လာနေပါတယ်။

Naing

Ref: forbes

နယူးယောက်၊ ဇူလိုင် ၂၀