【ပြည်တွင်း】 မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ

【ပြည်တွင်း】 မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့နံနက်ပိုင်းကစတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အပြန်အလှန်ပစ်ခတ်သံများကို ကြားနေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 
 
ဇူလိုင် ၁၈ ရက်နေ့ နံနက် ၇ နာရီကျော်မှစကာ နံနက် ၁၁ နာရီကျော်အထိ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ် ချောင်းအလွန် တရိန်းနှင့် မြဝတီရွာကြားရှိ တောတောင်များဘက်မှ အပြန်အလှန်ပစ်ခတ်သံများကို ကြားနေရတာ လို့ ဆိုပါတယ်။ 
 
အဆိုပါ ပစ်ခတ်မှုတွေဟာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်(AA) တို့အကြားဖြစ်ပွားတယ်လို့ပြောဆိုနေကြသလို စစ်ကောင်စီတပ်နဲ့ ARSAတို့အကြား ဖြစ်ပွားနေတာလို့လည်း ဆိုကြပြီး ယခုသတင်းရေးသားချိန်ထိ သက်ဆိုင်ရာက သတင်းထုတ်ပြန်မှုမရှိသေးချေ။ 
 
ထိုကဲ့သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေတာကြောင့် အနီးအနားရှိ ကျေးရွာက လူတွေဟာ စိုးရိမ်ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်နေရသလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကားလိုင်းတွေ ယာယီရပ်နားထားရတယ်လို့ ဆိုပါတယ်။
အဆိုပါ နေရာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၊ ရက္ခိုင့်တပ်တော်(AA)နဲ့ ARSA  လက်နက်ကိုင်အဖွဲ့တို့ လှုပ်ရှားမှုရှိတဲ့ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 
 
 မောင်တော ၊ ဇူလိုင် ၁၈ 
Photo- လူမှုကွန်ရက်