【 ခရီးသွား ဆောင်းပါး 】 ဒဏ်ရာတွေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့ကလေး

【 ခရီးသွား ဆောင်းပါး 】 ဒဏ်ရာတွေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့ကလေး

ရခိုင်ပြည်နယ် မောင်တောမြို့ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ရာ နေရာ၊ အာဏာစက်သက်ရောက်ရာ နေရာဖြစ်ပေမယ့် ခေတ်အဆက်ဆက် လူမျိုးရေးပဋိပက္ခတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

၁၉၄၂ ခုနှစ်တွင် ပါကစ္စတန်သို့ ရခိုင်ပြည် ထည့်သွင်းရေး အစီအစဉ်ကြောင့် မောင်တောမြို့နယ်ရှိ ရခိုင်ရွာများ ဖျက်ဆီးခံခဲ့ရပြီး လူဦးရေသောင်းကျော် သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်း ကာလမှာလည်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အစိုးရက အချိန်မီ ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။၁၉၉၄ ခုနှစ်တွင် RSO အဖွဲ့ဝင်များက ဗုံးခွဲတိုက်ခိုက် စီးနင်းဝင်ရောက်မှုများကြောင့် ရခိုင်တိုင်းရင်းသားအချို့ သေဆုံးကာ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်၊ မေလနှင့် ဇွန်လများတွင် ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့များ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခမှ အစပြု၍ ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာ ဒေသအများအပြားတွင် ရခိုင်နှင့် ဘင်္ဂါလီတို့ အခြေအနေများ ပိုမိုတင်းမာလာခဲ့ပြီး အဓိကရုဏ်းများ ဖြစ်ပွားကာ လူအများအပြား သေဆုံးခဲ့ကြပါတယ်။ယင်းအကြမ်းဖက်မှုမှ စတင်ကာ နောက်ပိုင်းနှစ်တွေမှာ မိတ္ထီလာ အပါအဝင် မြို့နယ်အချို့မှာလည်း အမျိုးတူ ပဋိပက္ခမီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် မှာတော့ ကျီးကန်းပြင်ဌာနချုပ်၊ ကိုးတန်ကောက်ကင်းစခန်းနဲ့ ငါးခူရနယ်မြေရုံးများအား ဘင်္ဂါလီ အကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်ရပ်တွေဟာ ပေါ်ပေါက်ခဲ့ဲပြန်ပါတယ်။

၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှာ မောင်တောခရိုင်အတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်း (၃၀) အား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စတင်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် အကြမ်းဖက်ဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။

မောင်တောမြို့ဟာ မြန်မာနိုင်ငံ အနောက်ဘက်အစွန် နတ်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး ဗြိတိသျှအစိုးရလက်ထက် ဦးမောင်တော ဆိုသူကို မြို့ဝန်အဖြစ် လုပ်ကိုင်ခဲ့တာကို အစွဲပြပြီး မောင်တောမြို့လို့ ခေါ်တွင်ခဲ့ပါတယ်။နတ်မြစ်အတွင်းသို့ စီးဝင်လျက်ရှိတဲ့ တပ်ချောင်းအနီး စစ်ရေးစစ်ရာ အချက်အချာကျတဲ့ မုံတောအရပ်မှ တပ်ချခဲ့ပြီးနောက်ပိုင်း လူအများ အခြေချနေထိုင်လာတဲ့အတွက် မုံတောမှ မောင်တောလို့ အမည်တွင်လာခဲ့တယ်လို့လည်း ရှေးရာဇဝင် မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်ဟာ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ လူဦးရေအထူထပ်ဆုံး မြို့နယ်တစ်ခုဖြစ်ပြီး ဘင်္ဂါလီအများစု နေထိုင်ကြသလို လူဦးရေတိုးပွားမှု အမြင့်ဆုံးဒေသတစ်ခုလည်း ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မိုင်ပေါင်း (၁၆၈) မိုင် ထိစပ်နေပြီး အရှေ့ဘက်မှာ ဘူးသီးတောင်မြို့၊ တောင်ဘက်မှာ ရသေ့တောင်မြို့နဲ့ ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်မှာ နတ်မြစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တည်ရှိပြီး ရခိုင်၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန်၊ ဟိန္ဒူ၊ ဗမာ၊ ချင်းနဲ့ ဘင်္ဂါလီ လူမျိုးများ နေထိုင်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ဒေသလည်းဖြစ်ပြီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီဒေသမှာ ဒေသခံတွေ ဘယ်လိုတွေနေထိုင်ကြလဲ၊ ဘာတွေလုပ်ကိုင် စားသောက်ကြသလဲ၊ သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေအတွက် လုံခြုံတယ်လို့ ခံစားကြရဲ့လားဆိုတာတွေကို သိချင်နေခဲ့တာကြာပါပြီ။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သတင်းယူဖို့ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့ အဲ့ဒီဒေသရဲ့ လက်ရှိအခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

စစ်တွေမြို့ကို ရောက်ရှိတယ်ဆိုရင်ပဲ တွေ့မြင်ရတာက မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ မတွေ့မမြင်ရတော့တဲ့ သုံးဘီးကားတွေပဲ ဖြစ်ပါတယ်။စစ်တွေမြို့မှ ရေချမ်းပြင်လှေဆိပ်ကို သွားရောက်ခဲ့ပြီး ရေချမ်းပြင်ဆိပ်ကမ်းမှတဆင့် တစ်ဖက်ကမ်းမှာရှိတဲ့ အငူမော်ဆိပ်ကမ်းကို ၁ နာရီခန့် စက်လှေစီးပြီး သွားရောက်ခဲ့ရပါတယ်။
အငူမော်ဆိပ်ကမ်းမှာတော့ သတင်းအဖွဲ့တွေကို စောင့်ကြိုနေတဲ့ မော်တော်ယာဉ်တန်းနဲ့အတူ အငူမော်မှ မောင်တောမြို့ကို ဆက်လက်ထွက်ခွာလာခဲ့ရပါတယ်။အဲ့ဒီလမ်းတလျှောက်မှာတော့ ရဲကင်းစခန်းတွေကို တွေ့မြင်ရပြီး အချို့စခန်းတွေကို လုံခြုံရေးအတွက် သံဆူးကြိုးများ ကာရံထားတာတွေ၊ ကတုတ်ကျင်းနဲ့ ကင်းမျှော်စင်များ ဆောက်လုပ်နေတာတွေကို တွေ့မြင်ရပါတယ်။

အငူမော်ဆိပ်ကမ်းနဲ့ မောင်တောမြို့ဟာ ၄၉ မိုင်ကျော် ကွာဝေးပြီး လမ်းရဲ့ ဘယ်ဘက်တလျှောက်မှာ ဘင်္ဂလားပင်လယ်အော် ရှိတာကြောင့် ရေလှိုင်းတွေ ကမ်းကိုရိုက်ခတ်နေတဲ့ လှိုင်းပုတ်သံတွေ၊ ပြာလွင်ပြီး လှပတဲ့ မြင်ကွင်းနဲ့ အဆုံးအစမဲ့တဲ့ ပင်လယ်ပြင်ကြီးကိုလည်း လမ်းဘေးတလျှောက် တွေ့မြင်နေရပါတယ်။အဲ့ဒီပင်လယ်ကြီးရဲ့ တစ်ဖက်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မီးရောင်တွေကို ညဘက်မှာ ဒီဘက်ကမ်းကနေ လှမ်းပြီးမြင်ရတယ်လို့ ဒေသခံ ကားမောင်းဆရာက ဆိုပါတယ်။

မောင်တောမြို့မှာလည်း သုံးဘီးကားတွေကို တွေ့မြင်ရပြီး မြို့လယ်မှာရှိတဲ့ နာရီစင်အနီးမှာတော့ ရေသူမရုပ်တုတစ်ခုကို တွေ့မြင်ရပါတယ်။မြို့လယ်ဈေးဆိုင်ကြီးတွေ ရွှေဆိုင်တန်းတွေမှာတော့ ဘာသာခြား လူမျိုးအများစုကိုသာ တွေ့မြင်ရပြီး ရခိုင်တိုင်းရင်းသား လူမျိုးတွေ ပိုင်ဆိုင်တဲ့ ဈေးဆိုင်ကြီးကြီးမားမားကိုတော့ မြင်ရတာမျိုး မရှိတာကြောင့်လည်း ထူးဆန်းတဲ့အဖြစ်ကို မြင်ရပါတယ်။

မောင်တော မြို့မဈေးအနီးမှာ ရခိုင်လူမျိုးအများစု နေထိုင်တဲ့ အမှတ် ၁ ရပ်ကွက် တည်ရှိပြီး အဲ့ဒီရပ်ကွက်မှာရှိတဲ့ တည်းခိုခန်းမှာ ညအိပ်နားနေဖို့ ရွေးချယ်တည်းခိုခဲ့ကြပါတယ်။အဲ့ဒီအနီးတစ်ဝိုင်မှာ တည်းခိုခန်းသုံးခုသာ ရှိနေပြီး အခန်းတွေကလည်း လူတွေပြည့်နှက်လို့နေပါတယ်။တည်းခိုခန်းမှာ လေအေးပေးစက် တပ်ထားတဲ့ အခန်းဟာ သုံးခန်းသာရှိပြီး လာရောက်တည်းခိုသူတွေကတော့ ရရာအခန်းတွေကို တည်းခိုကြပါတယ်။မောင်တောမြို့လယ်မှာ ယခုတည်းခိုတဲ့ တည်းခိုခန်းတွေထက် ပိုမိုကောင်းမွန်တဲ့ တည်းခိုခန်းတွေရှိပေမယ့် သွားရောက်မတည်းခိုကြဘူးလို့ ကျွန်တော်တို့ တည်းခိုတဲ့ တည်းခိုခန်းပိုင်ရှင်က ဆိုပါတယ်။

“ရခိုင်တွေက ဒီနားတစ်စုလေးဘဲရှိတယ်။ကျန်တဲ့နေရာတွေကတော့ သူတို့ကြီးပဲ၊ အဲ့ဒီတော့ လာတဲ့သူတွေ မှန်သမျှက ဒီတည်းခိုခန်းတွေကိုဘဲ လာတည်းကြတယ်” လို့ ဆိုပါတယ်။

မောင်တောမြို့မှာ ညမှောင်ပြီဆိုတာနဲ့ လူအသွားအလာ နည်းပါးပြီး လမ်းမီးအပါအဝင် တစ်မြို့လုံးနီးပါး မှောင်မည်းလျှက်ရှိပါတယ်။အပြင်ထွက် သွားလာလှုပ်ရှားသူ နည်းပါးပြီး လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေဟာလည်း ညဉ့်နက်အထိမနေဘဲ စောစီးစွာပိတ်သိမ်းကြပါတယ်။အဲ့ဒါတွေဟာ ပဋိပက္ခဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပြီး ဒေသခံတွေရဲ့ ယခင်ကဖြစ်ခဲ့တာရဲ့ အရိပ်တွေ စွန်းနေတာကို အထင်သား တွေ့မြင်ရတာဖြစ်ပါတယ်။

မောင်တောမြို့နဲ့ ၅ မိုင်လောက် အကွာမှာတော့ ရွှေဇားကျေးရွာ တည်ရှိပြီး အဲ့ဒီကျေးရွာဟာ ၂၀၁၇ ခုနှစ် ပဋိပက္ခဖြစ်ပွားစဉ်က မွတ်စလင်ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းမရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ရွှေဇားကျေးရွာကို ရောက်ရှိခဲ့တဲ့အချိန်မှာ ရွှေဇား အ.မ.က မူလွန်ကျောင်းမှာ ကျေးရွာသားတွေကို တွေ့ဆုံနိုင်ဖို့ ခေါ်ယူပေးထားပြီး တစ်ဦးချင်းစီကို မေးလိုတဲ့ မေးခွန်းတွေကို မေးမြန်းခွင့်ရခဲ့ပါတယ်။

အဲ့ဒီကျေးရွာမှာ လူဦးရေ ၁၁၃၃၄ ဦး နေထိုင်လျှက်ရှိပြီး မွတ်စလင်ဘာသာ ကိုးကွယ်သူ ၁၀၀၀၀ ကျော် နေထိုင်ကာ ရခိုင်နဲ့ ဟိန္ဒူများ ၇၀၀ ကျော်သာ ရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုး က ဆိုပါတယ်။

“ကျေးရွာမှာ ၁၁၃၃၄ ဦးရှိတယ်။မွတ်စလင် ၁ သောင်းကျော်၊ ရခိုင်နဲ့ ဟိန္ဒူ ပေါင်းပြီး ၇၀၀ လောက်ဘဲရှိတယ်။တစ်ယောက်နဲ့ တစ်ယောက် ပြဿနာဖြစ်တာတွေမရှိဘူး။ဒီအုပ်စုမှာ ပြဿနာဖြစ်ခဲ့တာ မရှိပါဘူး။လူမျိုးရေးပြဿနာ ဖြစ်သွားပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကတော့ အရင်လိုတော့ မရှိတော့ဘူးပေါ့” လို့ လက်ရှိကြုံတွေ့နေမှုကို ပြောဆိုခဲ့ပါတယ်။

နာမည်ကျော်စောခဲ့တဲ့ အင်းဒင်ကျေးရွာကိုလည်း ရောက်ရှိခဲ့ကြပြီး ကျေးရွာအဝင်မှာ စာသင်ကျောင်းကို တွေ့မြင်ရပါတယ်။စာသင်ကျောင်း အနီးမှာတော့ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကို တွေ့မြင်ရပါတယ်။စာသင်ကျောင်းရဲ့ အနောက်ဘက်မှာတော့ အင်းဒင်ကျေးရွာဟာ အနောက်ဘက် တောင်ကြောကြီးနဲ့ တဆက်တည်း တည်ရှိနေပါတယ်။
အဲ့ဒီတောင်ကြောမှာ အကြမ်းဖက်သမားတွေ လာရောက်ပြီး အင်းဒင်ဒေသခံ မွတ်စလင်တွေကို အကြမ်းဖက်သင်တန်းတွေ ပေးခဲ့တယ်လို့ ရခိုင်လူမျိုး ဒေသခံတွေက ပြောဆိုကြပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ် မဖြစ်ပွားမီ ရွာမှာရှိတဲ့ နွားများ မကြာခဏပျောက်ဆုံးခဲ့ပြီး အဲ့ဒီပျောက်ဆုံးမှုဟာလည်း အကြမ်းဖက်သမားတွေ သတ်ဖြတ်စားသောက်သွားကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီကျေးရွာမှာ ယခင်က မွတ်စလင်ဘာသာ ကိုးကွယ်သူ ၄၀၀၀ ခန့် နေထိုင်ခဲ့ပြီး ယခုအခါမှာတော့ တစ်ဖက်နိုင်ငံသို့ ပြောင်းရွှေ့သွားကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး က ပြောပါတယ်။ယခင်နေထိုင်သူများ ပြန်လည်ရောက်ရှိခဲ့ပါက ကြိုဆိုမှာဖြစ်ပေမယ့် အကြမ်းဖက်သမားများ မပါဝင်ဖို့တော့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

“လက်ရှိအချိန်မှာ အင်းဒင်မှာ မွတ်စလင်တွေ မရှိတော့ဘူး၊ အရင်တုန်းက ၃၊ ၄ ထောင်လောက် နေထိုင်ခဲ့တဲ့ရွာကြီး အခုတော့ ဟိုဘက်နိုင်ငံကို ထွက်ပြေးသွားတယ်၊ ရွာထဲမှာ ရခိုင်၊ ဟိန္ဒူ၊ ချင်း၊ ဗမာတွေ နေထိုင်ကြတယ်။လူဦးရေ ၁၄၀၀ ကျော် ရှိတယ်။ပြန်လာတဲ့သူတွေလာရင် လူကောင်းတွေလာရင်တော့ ကြိုဆိုပါတယ်။
အကြမ်းဖက်သမားတွေ ပါလာရင်တော့ လက်မခံချင်ဘူး” လို့ ဆိုပါတယ်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများထဲမှာ အချို့က မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပါက သူတို့ရဲ့ လုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့် အပါအဝင် ယခင်နေထိုင်ရာ နေရာများမှာ ပြန်လည်နေရာချထားပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

မြန်မာအစိုးရကလည်း ပြန်လည်ဝင်ရောက်လာသူများကို စီစစ်လက်ခံရန် လက်ခံရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး နေထိုင်စားသောက်ရန်အတွက် ကြိုတင်စီစဉ်မှုများ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ လူဦးရေ ၂၀၀ ကျော်သာ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာမှာ မြန်မာနိုင်ငံမှ အသိအမှတ်မပြုတဲ့ လူမျိုးအမည်ကို ဖြေဆိုခွင့်မရတဲ့အတွက် စာရင်းကောက် မခံယူသူများကြောင့် ရခိုင်ပြည်နယ်တွင် လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းကျော်ကို စာရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။လက်ရှိအချိန်အထိလည်း အစိုးရက မောင်တောမြို့ရဲ့ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းကို ထုတ်ပြန်နိုင်တာမျိုး မရှိတာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံကြီးများမှာ ကြုံတွေ့နေရတဲ့ ထိစပ်နယ်မြေများရှိ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာရပ်တိုင်းဟာ ရှုပ်ထွေးနက်နဲပြီး ဖြေရှင်းရန် လွန်စွာခက်ခဲတတ်ပါတယ်။နိုင်ငံတိုင်းမှာ မတူညီတဲ့ သမိုင်းကြောင်း၊ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ရှိကြပြီး ဖြေရှင်းဖို့ အချိန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာကပင် အမြစ်တွယ်နေကြတဲ့ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကြောင့် ယုံကြည်စွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အဘက်ဘက်မှ စီမံကိန်းများ ချမှတ်ဆောင်ရွက်မှသာ တည်ငြိမ်အေးချမ်းတဲ့ နေရာဒေသတစ်ခု ပြန်လည်ဖြစ်ပေါ်လာမယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
စက်တင်ဘာ - ၂၄

( Zawgyi )

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ဟာ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ရာ ေနရာ၊ အာဏာစက္သက္ေရာက္ရာ ေနရာျဖစ္ေပမယ့္ ေခတ္အဆက္ဆက္ လူမ်ိဳးေရးပဋိပကၡေတြ အႀကိမ္ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။

၁၉၄၂ ခုႏွစ္တြင္ ပါကစၥတန္သို႔ ရခိုင္ျပည္ ထည့္သြင္းေရး အစီအစဥ္ေၾကာင့္ ေမာင္ေတာၿမိဳ႕နယ္ရွိ ရခိုင္႐ြာမ်ား ဖ်က္ဆီးခံခဲ့ရၿပီး လူဦးေရေသာင္းေက်ာ္ သတ္ျဖတ္ျခင္း ခံခဲ့ရပါတယ္။

၁၉၈၈ ခုႏွစ္ အေရးအခင္း ကာလမွာလည္း ပဋိပကၡမ်ားျဖစ္ပြားခဲ့ၿပီး အစိုးရက အခ်ိန္မီ ျပန္လည္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။၁၉၉၄ ခုႏွစ္တြင္ RSO အဖြဲ႕ဝင္မ်ားက ဗုံးခြဲတိုက္ခိုက္ စီးနင္းဝင္ေရာက္မႈမ်ားေၾကာင့္ ရခိုင္တိုင္းရင္းသားအခ်ိဳ႕ ေသဆုံးကာ ေနအိမ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။

၂၀၁၂ ခုႏွစ္၊ ေမလႏွင့္ ဇြန္လမ်ားတြင္ ရမ္းၿဗဲၿမိဳ႕နယ္ႏွင့္ ေတာင္ကုတ္ၿမိဳ႕မ်ား၌ ျဖစ္ပြားခဲ့ေသာ ပဋိပကၡမွ အစျပဳ၍ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕၊ ႐ြာ ေဒသအမ်ားအျပားတြင္ ရခိုင္ႏွင့္ ဘဂၤါလီတို႔ အေျခအေနမ်ား ပိုမိုတင္းမာလာခဲ့ၿပီး အဓိက႐ုဏ္းမ်ား ျဖစ္ပြားကာ လူအမ်ားအျပား ေသဆုံးခဲ့ၾကပါတယ္။ယင္းအၾကမ္းဖက္မႈမွ စတင္ကာ ေနာက္ပိုင္းႏွစ္ေတြမွာ မိတၳီလာ အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕မွာလည္း အမ်ိဳးတူ ပဋိပကၡမီးေတြ ျဖစ္ေပၚခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္ မွာေတာ့ က်ီးကန္းျပင္ဌာနခ်ဳပ္၊ ကိုးတန္ေကာက္ကင္းစခန္းနဲ႔ ငါးခူရနယ္ေျမ႐ုံးမ်ားအား ဘဂၤါလီ အၾကမ္းဖက္သမားမ်ားက အၾကမ္းဖက္တိုက္ခိုက္တဲ့ ျဖစ္ရပ္ေတြဟာ ေပၚေပါက္ခဲ့ဲျပန္ပါတယ္။

၂၀၁၇ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္မွာ ေမာင္ေတာခ႐ိုင္အတြင္း အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားမ်ားက ရဲကင္း၊ ရဲစခန္း (၃၀) အား တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း စတင္တိုက္ခိုက္မႈေၾကာင့္ ရခိုင္ျပည္နယ္ ေမာင္ေတာခ႐ိုင္တြင္ အၾကမ္းဖက္ျဖစ္စဥ္မ်ား ထပ္မံျဖစ္ေပၚခဲ့ပါတယ္။

ေမာင္ေတာၿမိဳ႕ဟာ ျမန္မာႏိုင္ငံ အေနာက္ဘက္အစြန္ နတ္ျမစ္ရဲ႕ အေရွ႕ဘက္ကမ္းမွာ တည္ရွိၿပီး ၿဗိတိသွ်အစိုးရလက္ထက္ ဦးေမာင္ေတာ ဆိုသူကို ၿမိဳ႕ဝန္အျဖစ္ လုပ္ကိုင္ခဲ့တာကို အစြဲျပၿပီး ေမာင္ေတာၿမိဳ႕လို႔ ေခၚတြင္ခဲ့ပါတယ္။နတ္ျမစ္အတြင္းသို႔ စီးဝင္လ်က္ရွိတဲ့ တပ္ေခ်ာင္းအနီး စစ္ေရးစစ္ရာ အခ်က္အခ်ာက်တဲ့ မုံေတာအရပ္မွ တပ္ခ်ခဲ့ၿပီးေနာက္ပိုင္း လူအမ်ား အေျခခ်ေနထိုင္လာတဲ့အတြက္ မုံေတာမွ ေမာင္ေတာလို႔ အမည္တြင္လာခဲ့တယ္လို႔လည္း ေရွးရာဇဝင္ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ဟာ ရခိုင္ျပည္နယ္ တစ္ခုလုံးမွာ လူဦးေရအထူထပ္ဆုံး ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ဘဂၤါလီအမ်ားစု ေနထိုင္ၾကသလို လူဦးေရတိုးပြားမႈ အျမင့္ဆုံးေဒသတစ္ခုလည္း ျဖစ္ပါတယ္။ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ မိုင္ေပါင္း (၁၆၈) မိုင္ ထိစပ္ေနၿပီး အေရွ႕ဘက္မွာ ဘူးသီးေတာင္ၿမိဳ႕၊ ေတာင္ဘက္မွာ ရေသ့ေတာင္ၿမိဳ႕နဲ႔ ဘဂၤလားပင္လယ္ေအာ္၊ အေနာက္ဘက္မွာ နတ္ျမစ္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေျမာက္ဘက္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ တည္ရွိၿပီး ရခိုင္၊ ဒိုင္းနက္၊ ၿမိဳ၊ သက္၊ မရမာႀကီး၊ ကမန္၊ ဟိႏၵဴ၊ ဗမာ၊ ခ်င္းနဲ႔ ဘဂၤါလီ လူမ်ိဳးမ်ား ေနထိုင္တယ္လို႔ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

သမိုင္းအစဥ္အလာ ႀကီးမားခဲ့တဲ့ ေဒသလည္းျဖစ္ၿပီး ပဋိပကၡေတြ ျဖစ္ပြားခဲ့တဲ့ အဲ့ဒီေဒသမွာ ေဒသခံေတြ ဘယ္လိုေတြေနထိုင္ၾကလဲ၊ ဘာေတြလုပ္ကိုင္ စားေသာက္ၾကသလဲ၊ သူတို႔ရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြအတြက္ လုံၿခဳံတယ္လို႔ ခံစားၾကရဲ႕လားဆိုတာေတြကို သိခ်င္ေနခဲ့တာၾကာပါၿပီ။

၂၀၁၇ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ပဋိပကၡျဖစ္စဥ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္သြားသူမ်ား ျပန္လည္လက္ခံေရးအတြက္ ျမန္မာအစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို သတင္းယူဖို႔ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လအတြင္း သြားေရာက္ခဲ့တဲ့ ခရီးစဥ္မွာေတာ့ အဲ့ဒီေဒသရဲ႕ လက္ရွိအေျခအေနေတြကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရပါတယ္။

စစ္ေတြၿမိဳ႕ကို ေရာက္ရွိတယ္ဆိုရင္ပဲ ေတြ႕ျမင္ရတာက ျမန္မာႏိုင္ငံရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မေတြ႕မျမင္ရေတာ့တဲ့ သုံးဘီးကားေတြပဲ ျဖစ္ပါတယ္။စစ္ေတြၿမိဳ႕မွ ေရခ်မ္းျပင္ေလွဆိပ္ကို သြားေရာက္ခဲ့ၿပီး ေရခ်မ္းျပင္ဆိပ္ကမ္းမွတဆင့္ တစ္ဖက္ကမ္းမွာရွိတဲ့ အငူေမာ္ဆိပ္ကမ္းကို ၁ နာရီခန႔္ စက္ေလွစီးၿပီး သြားေရာက္ခဲ့ရပါတယ္။
အငူေမာ္ဆိပ္ကမ္းမွာေတာ့ သတင္းအဖြဲ႕ေတြကို ေစာင့္ႀကိဳေနတဲ့ ေမာ္ေတာ္ယာဥ္တန္းနဲ႔အတူ အငူေမာ္မွ ေမာင္ေတာၿမိဳ႕ကို ဆက္လက္ထြက္ခြာလာခဲ့ရပါတယ္။အဲ့ဒီလမ္းတေလွ်ာက္မွာေတာ့ ရဲကင္းစခန္းေတြကို ေတြ႕ျမင္ရၿပီး အခ်ိဳ႕စခန္းေတြကို လုံၿခဳံေရးအတြက္ သံဆူးႀကိဳးမ်ား ကာရံထားတာေတြ၊ ကတုတ္က်င္းနဲ႔ ကင္းေမွ်ာ္စင္မ်ား ေဆာက္လုပ္ေနတာေတြကို ေတြ႕ျမင္ရပါတယ္။

အငူေမာ္ဆိပ္ကမ္းနဲ႔ ေမာင္ေတာၿမိဳ႕ဟာ ၄၉ မိုင္ေက်ာ္ ကြာေဝးၿပီး လမ္းရဲ႕ ဘယ္ဘက္တေလွ်ာက္မွာ ဘဂၤလားပင္လယ္ေအာ္ ရွိတာေၾကာင့္ ေရလႈိင္းေတြ ကမ္းကို႐ိုက္ခတ္ေနတဲ့ လႈိင္းပုတ္သံေတြ၊ ျပာလြင္ၿပီး လွပတဲ့ ျမင္ကြင္းနဲ႔ အဆုံးအစမဲ့တဲ့ ပင္လယ္ျပင္ႀကီးကိုလည္း လမ္းေဘးတေလွ်ာက္ ေတြ႕ျမင္ေနရပါတယ္။အဲ့ဒီပင္လယ္ႀကီးရဲ႕ တစ္ဖက္မွာရွိတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္မွ မီးေရာင္ေတြကို ညဘက္မွာ ဒီဘက္ကမ္းကေန လွမ္းၿပီးျမင္ရတယ္လို႔ ေဒသခံ ကားေမာင္းဆရာက ဆိုပါတယ္။

ေမာင္ေတာၿမိဳ႕မွာလည္း သုံးဘီးကားေတြကို ေတြ႕ျမင္ရၿပီး ၿမိဳ႕လယ္မွာရွိတဲ့ နာရီစင္အနီးမွာေတာ့ ေရသူမ႐ုပ္တုတစ္ခုကို ေတြ႕ျမင္ရပါတယ္။ၿမိဳ႕လယ္ေဈးဆိုင္ႀကီးေတြ ေ႐ႊဆိုင္တန္းေတြမွာေတာ့ ဘာသာျခား လူမ်ိဳးအမ်ားစုကိုသာ ေတြ႕ျမင္ရၿပီး ရခိုင္တိုင္းရင္းသား လူမ်ိဳးေတြ ပိုင္ဆိုင္တဲ့ ေဈးဆိုင္ႀကီးႀကီးမားမားကိုေတာ့ ျမင္ရတာမ်ိဳး မရွိတာေၾကာင့္လည္း ထူးဆန္းတဲ့အျဖစ္ကို ျမင္ရပါတယ္။

ေမာင္ေတာ ၿမိဳ႕မေဈးအနီးမွာ ရခိုင္လူမ်ိဳးအမ်ားစု ေနထိုင္တဲ့ အမွတ္ ၁ ရပ္ကြက္ တည္ရွိၿပီး အဲ့ဒီရပ္ကြက္မွာရွိတဲ့ တည္းခိုခန္းမွာ ညအိပ္နားေနဖို႔ ေ႐ြးခ်ယ္တည္းခိုခဲ့ၾကပါတယ္။အဲ့ဒီအနီးတစ္ဝိုင္မွာ တည္းခိုခန္းသုံးခုသာ ရွိေနၿပီး အခန္းေတြကလည္း လူေတြျပည့္ႏွက္လို႔ေနပါတယ္။တည္းခိုခန္းမွာ ေလေအးေပးစက္ တပ္ထားတဲ့ အခန္းဟာ သုံးခန္းသာရွိၿပီး လာေရာက္တည္းခိုသူေတြကေတာ့ ရရာအခန္းေတြကို တည္းခိုၾကပါတယ္။ေမာင္ေတာၿမိဳ႕လယ္မွာ ယခုတည္းခိုတဲ့ တည္းခိုခန္းေတြထက္ ပိုမိုေကာင္းမြန္တဲ့ တည္းခိုခန္းေတြရွိေပမယ့္ သြားေရာက္မတည္းခိုၾကဘူးလို႔ ကြၽန္ေတာ္တို႔ တည္းခိုတဲ့ တည္းခိုခန္းပိုင္ရွင္က ဆိုပါတယ္။

“ရခိုင္ေတြက ဒီနားတစ္စုေလးဘဲရွိတယ္။က်န္တဲ့ေနရာေတြကေတာ့ သူတို႔ႀကီးပဲ၊ အဲ့ဒီေတာ့ လာတဲ့သူေတြ မွန္သမွ်က ဒီတည္းခိုခန္းေတြကိုဘဲ လာတည္းၾကတယ္” လို႔ ဆိုပါတယ္။

ေမာင္ေတာၿမိဳ႕မွာ ညေမွာင္ၿပီဆိုတာနဲ႔ လူအသြားအလာ နည္းပါးၿပီး လမ္းမီးအပါအဝင္ တစ္ၿမိဳ႕လုံးနီးပါး ေမွာင္မည္းလွ်က္ရွိပါတယ္။အျပင္ထြက္ သြားလာလႈပ္ရွားသူ နည္းပါးၿပီး လဘက္ရည္ဆိုင္၊ စားေသာက္ဆိုင္ေတြဟာလည္း ညဥ့္နက္အထိမေနဘဲ ေစာစီးစြာပိတ္သိမ္းၾကပါတယ္။အဲ့ဒါေတြဟာ ပဋိပကၡျဖစ္စဥ္ေတြရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြျဖစ္ၿပီး ေဒသခံေတြရဲ႕ ယခင္ကျဖစ္ခဲ့တာရဲ႕ အရိပ္ေတြ စြန္းေနတာကို အထင္သား ေတြ႕ျမင္ရတာျဖစ္ပါတယ္။

ေမာင္ေတာၿမိဳ႕နဲ႔ ၅ မိုင္ေလာက္ အကြာမွာေတာ့ ေ႐ႊဇားေက်း႐ြာ တည္ရွိၿပီး အဲ့ဒီေက်း႐ြာဟာ ၂၀၁၇ ခုႏွစ္ ပဋိပကၡျဖစ္ပြားစဥ္က မြတ္စလင္ဘာသာဝင္ေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ခဲ့ျခင္းမရွိတဲ့ ေက်း႐ြာတစ္ခုျဖစ္ပါတယ္။ေ႐ႊဇားေက်း႐ြာကို ေရာက္ရွိခဲ့တဲ့အခ်ိန္မွာ ေ႐ႊဇား အ.မ.က မူလြန္ေက်ာင္းမွာ ေက်း႐ြာသားေတြကို ေတြ႕ဆုံႏိုင္ဖို႔ ေခၚယူေပးထားၿပီး တစ္ဦးခ်င္းစီကို ေမးလိုတဲ့ ေမးခြန္းေတြကို ေမးျမန္းခြင့္ရခဲ့ပါတယ္။

အဲ့ဒီေက်း႐ြာမွာ လူဦးေရ ၁၁၃၃၄ ဦး ေနထိုင္လွ်က္ရွိၿပီး မြတ္စလင္ဘာသာ ကိုးကြယ္သူ ၁၀၀၀၀ ေက်ာ္ ေနထိုင္ကာ ရခိုင္နဲ႔ ဟိႏၵဴမ်ား ၇၀၀ ေက်ာ္သာ ရွိတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးတင္စိုး က ဆိုပါတယ္။

“ေက်း႐ြာမွာ ၁၁၃၃၄ ဦးရွိတယ္။မြတ္စလင္ ၁ ေသာင္းေက်ာ္၊ ရခိုင္နဲ႔ ဟိႏၵဴ ေပါင္းၿပီး ၇၀၀ ေလာက္ဘဲရွိတယ္။တစ္ေယာက္နဲ႔ တစ္ေယာက္ ျပႆနာျဖစ္တာေတြမရွိဘူး။ဒီအုပ္စုမွာ ျပႆနာျဖစ္ခဲ့တာ မရွိပါဘူး။လူမ်ိဳးေရးျပႆနာ ျဖစ္သြားၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ယုံၾကည္မႈကေတာ့ အရင္လိုေတာ့ မရွိေတာ့ဘူးေပါ့” လို႔ လက္ရွိႀကဳံေတြ႕ေနမႈကို ေျပာဆိုခဲ့ပါတယ္။

နာမည္ေက်ာ္ေစာခဲ့တဲ့ အင္းဒင္ေက်း႐ြာကိုလည္း ေရာက္ရွိခဲ့ၾကၿပီး ေက်း႐ြာအဝင္မွာ စာသင္ေက်ာင္းကို ေတြ႕ျမင္ရပါတယ္။စာသင္ေက်ာင္း အနီးမွာေတာ့ စိမ္းစိုေနတဲ့ လယ္ကြင္းျပင္ကို ေတြ႕ျမင္ရပါတယ္။စာသင္ေက်ာင္းရဲ႕ အေနာက္ဘက္မွာေတာ့ အင္းဒင္ေက်း႐ြာဟာ အေနာက္ဘက္ ေတာင္ေၾကာႀကီးနဲ႔ တဆက္တည္း တည္ရွိေနပါတယ္။
အဲ့ဒီေတာင္ေၾကာမွာ အၾကမ္းဖက္သမားေတြ လာေရာက္ၿပီး အင္းဒင္ေဒသခံ မြတ္စလင္ေတြကို အၾကမ္းဖက္သင္တန္းေတြ ေပးခဲ့တယ္လို႔ ရခိုင္လူမ်ိဳး ေဒသခံေတြက ေျပာဆိုၾကပါတယ္။

၂၀၁၇ ခုႏွစ္ အၾကမ္းဖက္ျဖစ္စဥ္ မျဖစ္ပြားမီ ႐ြာမွာရွိတဲ့ ႏြားမ်ား မၾကာခဏေပ်ာက္ဆုံးခဲ့ၿပီး အဲ့ဒီေပ်ာက္ဆုံးမႈဟာလည္း အၾကမ္းဖက္သမားေတြ သတ္ျဖတ္စားေသာက္သြားၾကတာ ျဖစ္တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

အဲ့ဒီေက်း႐ြာမွာ ယခင္က မြတ္စလင္ဘာသာ ကိုးကြယ္သူ ၄၀၀၀ ခန႔္ ေနထိုင္ခဲ့ၿပီး ယခုအခါမွာေတာ့ တစ္ဖက္ႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕သြားၾကတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုးမိုး က ေျပာပါတယ္။ယခင္ေနထိုင္သူမ်ား ျပန္လည္ေရာက္ရွိခဲ့ပါက ႀကိဳဆိုမွာျဖစ္ေပမယ့္ အၾကမ္းဖက္သမားမ်ား မပါဝင္ဖို႔ေတာ့ လိုအပ္တယ္လို႔လည္း ဆိုပါတယ္။

“လက္ရွိအခ်ိန္မွာ အင္းဒင္မွာ မြတ္စလင္ေတြ မရွိေတာ့ဘူး၊ အရင္တုန္းက ၃၊ ၄ ေထာင္ေလာက္ ေနထိုင္ခဲ့တဲ့႐ြာႀကီး အခုေတာ့ ဟိုဘက္ႏိုင္ငံကို ထြက္ေျပးသြားတယ္၊ ႐ြာထဲမွာ ရခိုင္၊ ဟိႏၵဴ၊ ခ်င္း၊ ဗမာေတြ ေနထိုင္ၾကတယ္။လူဦးေရ ၁၄၀၀ ေက်ာ္ ရွိတယ္။ျပန္လာတဲ့သူေတြလာရင္ လူေကာင္းေတြလာရင္ေတာ့ ႀကိဳဆိုပါတယ္။
အၾကမ္းဖက္သမားေတြ ပါလာရင္ေတာ့ လက္မခံခ်င္ဘူး” လို႔ ဆိုပါတယ္။

တစ္ဖက္ႏိုင္ငံသို႔ ထြက္ေျပးတိမ္းေရွာင္သြားသူမ်ားထဲမွာ အခ်ိဳ႕က ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာပါက သူတို႔ရဲ႕ လုံၿခဳံေရး၊ ႏိုင္ငံသားျဖစ္ခြင့္ အပါအဝင္ ယခင္ေနထိုင္ရာ ေနရာမ်ားမွာ ျပန္လည္ေနရာခ်ထားေပးဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့ပါတယ္။

ျမန္မာအစိုးရကလည္း ျပန္လည္ဝင္ေရာက္လာသူမ်ားကို စီစစ္လက္ခံရန္ လက္ခံေရးစခန္းမ်ား ဖြင့္လွစ္ထားရွိၿပီး ေနထိုင္စားေသာက္ရန္အတြက္ ႀကိဳတင္စီစဥ္မႈမ်ား ျပဳလုပ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ လူဦးေရ ၂၀၀ ေက်ာ္သာ ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္း အစီရင္ခံစာမွာ ျမန္မာႏိုင္ငံမွ အသိအမွတ္မျပဳတဲ့ လူမ်ိဳးအမည္ကို ေျဖဆိုခြင့္မရတဲ့အတြက္ စာရင္းေကာက္ မခံယူသူမ်ားေၾကာင့္ ရခိုင္ျပည္နယ္တြင္ လူဦးေရရဲ႕ ၃၁ ရာခိုင္ႏႈန္းေက်ာ္ကို စာရင္းေကာက္ယူႏိုင္ခဲ့ျခင္း မရွိဘူးလို႔ ဆိုပါတယ္။လက္ရွိအခ်ိန္အထိလည္း အစိုးရက ေမာင္ေတာၿမိဳ႕ရဲ႕ ၂၀၁၄ ခုႏွစ္ လူဦးေရ သန္းေခါင္စာရင္းကို ထုတ္ျပန္ႏိုင္တာမ်ိဳး မရွိတာကို ေတြ႕ရွိရပါတယ္။

ျမန္မာႏိုင္ငံမွာသာမက ကမာၻ႔ႏိုင္ငံႀကီးမ်ားမွာ ႀကဳံေတြ႕ေနရတဲ့ ထိစပ္နယ္ေျမမ်ားရွိ ေ႐ႊ႕ေျပာင္းေနထိုင္မႈ ျပႆနာရပ္တိုင္းဟာ ရႈပ္ေထြးနက္နဲၿပီး ေျဖရွင္းရန္ လြန္စြာခက္ခဲတတ္ပါတယ္။ႏိုင္ငံတိုင္းမွာ မတူညီတဲ့ သမိုင္းေၾကာင္း၊ မတူညီတဲ့ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္း အစဥ္အလာမ်ား ရွိၾကၿပီး ေျဖရွင္းဖို႔ အခ်ိန္ယူေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္အတြင္း ႏွစ္ေပါင္းမ်ားစြာကပင္ အျမစ္တြယ္ေနၾကတဲ့ ျပႆနာေတြနဲ႔ စိန္ေခၚမႈေတြေၾကာင့္ ယုံၾကည္စြာ အတူယွဥ္တြဲေနထိုင္ႏိုင္ေရးအတြက္ အဘက္ဘက္မွ စီမံကိန္းမ်ား ခ်မွတ္ေဆာင္႐ြက္မွသာ တည္ၿငိမ္ေအးခ်မ္းတဲ့ ေနရာေဒသတစ္ခု ျပန္လည္ျဖစ္ေပၚလာမယ္ဆိုတာကို ေရးသားလိုက္ရပါတယ္။

မင္းထြန္း(အုတ္က်င္း)
စက္တင္ဘာ - ၂၄