【 ခရီးသွားဆောင်းပါး 】 “ခရီးသွားစျေးကွက်အတွက် လိုအပ်လာတဲ့ ခရီးစဉ်အသစ်”

【 ခရီးသွားဆောင်းပါး 】 “ခရီးသွားစျေးကွက်အတွက် လိုအပ်လာတဲ့ ခရီးစဉ်အသစ်”

ယနေ့ခေတ်အချိန်အခါမှာ ခရီးသွားတယ်ဆိုတာ လူတန်းစားမရွေး အားလပ်ရက်မှာပြုကြတဲ့ အစဉ်အလာလိုဖြစ်နေပါပြီ။ပွင့်လင်းလာတဲ့ ပြည်တွင်းခရီးသွားအရေအတွက်နဲ့အတူ ပြည်တွင်းခရီးသွားစျေးကွက်က ပိုမိုကျယ်ပြန့်လာသလို သွားရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ်ကလည်း ယခင်ကာလများကထက် တိုးပွားလာပါတယ်။ဒါ့အပြင် နှစ်စဉ် ပြည်ပဧည့်သည်ဝင်ရောက်မှု တိုးမြင့်လာခြင်းကြောင့် လှပကျော်ကြားသည့် နေရာဒေသများနှင့် အလားအလာကောင်းမွန်သည့် ခရီးစဉ်ဒေသများတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်များ၊ တည်းခိုရိပ်သာများ တည်ဆောက်လာခြင်း၊ ခရီးသွားကုမ္ပဏီများကို တစ်နေ့တခြားများပြားလာခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ပို့ဆောင်ရေး၊ စားသောက်ဆိုင်စ သည့်လုပ်ငန်းများ ယခင်ကထက် ပိုမိုများပြားလာခြင်းတို့က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှု၏ ပြယုဂ်တစ်ခုအဖြစ် သက်သေပြနေပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းဟာ အဓိကအားဖြင့် ယဉ်ကျေးမှုနှင့် သဘာဝကိုအခြေခံသည့် အပန်းဖြေခရီးစဉ်၊ အားကစားခရီးစဉ်၊ ဘာသာရေးဘုရားဖူးခရီးစဉ်၊ စက်တပ်ရွက်လှေခရီးစဉ်၊ မြစ်တွင်းသွား အပျော်စီးသင်္ဘောခရီးစဉ်၊ မီးပုံပျံခရီးစဉ်များအပြင် တမူထူးခြားသော ရေမြေတောတောင် သဘာဝအခြေအနေများကို အခြေခံ၍ ငှက်ကြည့်ခရီးစဉ်၊ စွန့်စားမှုအခြေခံခရီးစဉ်၊ တောင်တက်ခရီးစဉ်၊ အဏ္ဏဝါခရီးစဉ်များ အမျိုးမျိုးရှိကာ မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်ရှိ ပူတာအိုဒေသ ရေခဲဖုံးလွှမ်းတောင်တန်းများကြောင့် သဘာ၀ကပေးသည့်လက်ဆောင်ကို အပြည့်အ၀သာ အသုံးချနိုင်လျှင် ခရီးသွားဧည့်သည် သန်းပေါင်းများစွာကို ဆွဲဆောင်မှုရှိလာမှာဖြစ်ပြီး ယခုလည်း သဘာ၀အခြေခံ ခရီးစဉ်များကြောင့် ပြည်ပခရီးသွားတွေ ဝင်ရောက်မှုတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာနေပြီ ဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားကို ပြန်ကြည့်လျှင်လည်း မြန်မာနိုင်ငံရဲ့ ခရီးသွားကာလ ပွင့်လင်းရာသီဖြစ်တဲ့ နိုဝင်ဘာလမှစတင်ကာ သင်္ကြန်ကာလဖြစ်သည့် ဧပြီလအထိ ပို့ဆောင်ရေးနှင့် တည်းခိုသည့် အခန်းပြည့်/မပြည့်ကို ကြည့်ပါက တစ်နှစ်ထက် တစ်နှစ် ပိုများပြားလာနေတာကို တွေ့ရမှာဖြစ်သလို ပြည်ကျပ်နေသည့် ခရီးသွားများဖြင့် ပြည်ကျပ်နေသည့် အပန်းဖြေခရီးစဉ်များဒေသများကို ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစကာ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ကြသူများကတော့ တိုးတက်လာသည့်  ပြည်တွင်းခရီးသွားစျေးကွက် ကျယ်ပြန့်လာမှုနှင့် ပြည်တွင်းခရီးသွားလာမှု များပြားလာသည့်အတွက် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှာလည်း ဒီထက်ပိုပြီးတော့ ခရီးသွားလည်ပတ်စရာ အပန်းဖြေနေရာအသစ်များနှင့် ခရီးသွားဒေသအသစ်များကို ဖော်ဆောင်ပေးရန် လိုအပ်နေပြီလို့ ဆိုကြပါတယ်။

အထူးသဖြင့် အခါကြီး၊ ရက်ကြီးများနှင့် အစိုးရရုံးပိတ်ရက်များတွင် အထင်ကရအပန်းဖြေနေရာများတွင် ပြည်တွင်းခရီးသွားများ ပြည့်ကြပ်ကာ တည်းခိုရန်နေရာ အခက်အခဲဖြစ်လာသည့်အတွက် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာသည့် ပြည်တွင်းခရီးသွားဈေးကွက်အတွက် အပန်းဖြေလည်ပတ်စရာ နေရာအသစ်များ ဖော်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ထားကြတာပါ။

ခရီးသွားလာစရာ ဒေသနေရာအသစ်များ

“အစိုးရရုံးပိတ်ရက်မှာ ခရီးသွားတွေက ပိုများတာပေါ့။ခရီးသွားတွေ အများဆုံးကတော့ တောင်ကြီး၊ အင်းလေး၊ ကလောပေါ့၊ အဲဒီဘက်တွေကိုသွားတယ်။နောက် ကရင်ပြည်နယ် ဘားအံဘက်ကို သွားကြတာများတယ်။ထားဝယ် ရှင်ကိုးရှင်ဘက်လည်း သွားကြတယ်။
နောက်တစ်ခုက ပုဂံပေါ့ဗျာ၊ ပုဂံကတော့ တော်တော်များများသွားကြတယ်။ဘုရားဖူးတွေလည်း သွားနေကြတယ်၊ ပိတ်ရက်ဆိုတော့ စုသွားကြတာပေါ့။ရုံးပိတ်ရက်ဆိုရင်တော့ ခရီးသွားတဲ့လူတွေက တအားများပါတယ်။ဒီနှစ်ထဲမှာလည်း ပိတ်ရက်တွေချည်းပဲဆိုတော့ ပြည်တွင်းခရီးသွားလာမှုကို မနှစ်ကထက်စာရင်တော့ ပိုလာမယ်လို့မှန်းပါတယ်” လို့ ရွှေကြေးစည် အဆင့်မြင့်ဘုရားဖူးခရီးသွားလုပ်ငန်း၏ မန်နေဂျာဖြစ်သူ ဦးတင်ထွေး က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ယခုလိုပြည်တွင်းခရီးသွားလာမှုတွေ များပြားလာတာကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှာ ခရီးသွားဖို့ နေရာအသစ်တွေကိုလည်း ဖော်ထုတ်ပေးဖို့လိုနေပြီလို့ ၎င်းကဆိုပါတယ်။

“ပြောရရင် ကျနော်တို့နိုင်ငံမှာ လူဦးရေကများလာတယ်၊ ခရီးသွားလို့ရမယ့်နေရာတွေက နည်းနေတယ်။အဲ့တော့ တစ်နေရာ တစ်နေရာဆို ပိတ်ရက်မှာ အများကြီးဖြစ်နေတယ်။ပုပ္ပါးတောင်ကလပ်ဆိုရင် တက်ဖို့နေရာတောင်မရှိဘူး။အဲ့လိုဖြစ်နေတယ်။နောက် ဒီလိုဗျာ့ အစိုးရရုံးပိတ်ရက်တွေက ပြောင်းသွားတော့ သူကအရင်လိုမဟုတ်ဘူးလေ။ပြီးခဲ့တဲ့နှစ်လောက်ကစပြီးတော့ သီတင်းကျွတ်က အတော်စည်သွားပါတယ်။တန်ဆောင်တိုင်တို့ ခရစ္စမတ်တို့လည်းစည်တယ်။ပြီးရင် သင်္ကြန် စည်မယ်၊ ပြောရရင် ခရီးသွားတွေက အစိုးရရုံးပိတ်ရက်ပေါ်မှာပဲ မူတည်ပါတယ်။ခရီးသွားလာမှု အများဆုံးကာလကတော့ ယခုပွင့်လင်းရာသီပေါ့နော်၊ ပွင့်လင်းရာသီကာလဖြစ်တဲ့ သင်္ကြန်အထိပေါ့။အခုက ပွင့်လင်းရာသီဆိုတော့ ရွှေစက်တော်ဖွင့်ပြီ အလောင်းတော်ကဿပကဖွင့်ပြီ။ဘုရားပွဲတွေကလည်း မပြတ်ရှိနေတော့ ခရီးသွားတွေက သွားနေကြတာပါပဲ။နောက်တစ်ချက်ပြောချင်တာက ကျနော်တို့နိုင်ငံမှာ ခရီးသွားဖို့ နေရာအသစ်လေးတွေကို ပြည်နယ်နဲ့တိုင်းတွေမှာ ဖော်ထုတ်ပေးဖို့အတွက် တောင်းဆိုချင်ပါတယ်။” လို့ ဦးတင်ထွေး က ၎င်း၏အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်းယခုနောက်ပိုင်းကာလတွင် ပြည်တွင်းမှာရှိတဲ့ နေရာဒေသအချို့ကို ခရီးသွားလည်ပတ်စရာ အပန်းဖြေစရာနေရာအသစ်တွေအဖြစ် ဖော်ဆောင်လာကြတာကိုလည်း တွေ့မြင်ရပါတယ်။ပြောရရင် ဂေါ်ရင်ဂျီကျွန်းလို နေရာမျိုးတွေ ဆယ်အိမ်တန်းကမ်းခြေလို နေရာမျိုးတွေအပါအဝင်  တောင်တန်းဒေသ တိမ်ပင်လယ်ခရီးစဉ်၊ နမ့်မွန်းကြီး ရေတံခွန်ခရီးစဉ်တွေနဲ့ စွန့်စားရတာကို ကြိုက်နှစ်သက်တဲ့ ခရီးသွားတွေအဖို့ ရေခဲတောင်တက် ခရီးစဉ်နေရာဒေသအသစ်တွေကို ဖော်ဆောင်လာကြသလို အဆိုပါခရီးစဉ်များကိုလည်း စိတ်ဝင်တစားနဲ့ သွားလာလည်ပတ်ကြသူများကလည်း အများအပြားရှိနေကြတာပါ။

ဘယ်လိုသွားမလဲ ခရီးတွေ

လက်ရှိမှာ ပြည်တွင်းခရီးသွားတွေအနေနဲ့ ပြီးခဲ့တဲ့အစိုးရရုံးပိတ်ရက်များတွင် ပုဂံဒေသ အပါအဝင် ကမ်းခြေဒေသများဖြစ်သည့် ငွေဆောင်၊ ချောင်းသာဘက်သို့ အသွားများကြသလို အင်းတော်ကြီးဒေသ၊ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲကဲ့သို့ အထင်ကရပွဲတော်များသို့ အသွားများကြပြီး တချို့ခရီးသွားများကတော့ နေ့ချင်းပြန်ခရီးစဉ်မျိုးတွေကို အသွားများကြတယ်လို့ ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူတွေက ဆိုကြပြန်ပါတယ်။

ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအနေဖြင့် ယခုနောက်ပိုင်းကာလများတွင် မိမိအစီအစဉ်ဖြင့် ခရီးစဉ်များကို သွားလာတာထက် ဝန်ဆောင်မှုကောင်းမွန်သည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကို ရွေးချယ်သွားလာမှုတွေလည်း ရှိနေတယ်လို့ ကြယ်စင်ကောင်းကင် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ခံဖြစ်သူ ကိုမြင့်ဝင်း က ယခုလိုပြောပြခဲ့ပါတယ်။

“အခုလောလောဆယ်တော့ နှစ်နှစ်လောက်ရှိပြီ၊ ဇလုံတောင်ပေါ့၊ မြစ်ကြီးနား၊ အင်းတော်ကြီး အဲ့ဘက်တွေကို ခရီးသွားတွေ တော်တော်များများသွားကြပါတယ်။နောက်တချို့ကျတော့လည်း ကမ်းခြေဘက်ကိုသွားကြပါတယ်။ချောင်းသာတို့ ငွေဆောင်တို့ဘက်ကို သွားကြတာများပါတယ်။ပြောရရင် ခရီးသွားလုပ်ငန်းဆိုတာ ဝန်ဆောင်မှုလုပ်ငန်းလေ၊ အခုနောက်ပိုင်း ခရီးသွားတွေက ဝန်ဆောင်မှုကောင်းတဲ့အပေါ်မှာ မူတည်ပြီးတော့ ခရီးတွေကသွားကြတာပါပဲ။ဝန်ဆောင်မှုကောင်းတဲ့ ကားလိုင်းတွေကိုကြည့်ပြီး သွားကြတယ်၊ ဘယ်လိုင်းကောင်းလဲ၊ ဘယ်ဟိုတယ်ဝန်ဆောင်မှုကောင်းသလဲ ဒါတွေကို ခရီးသွားတွေက ဂရုတစိုက်ကြည့်ပြီးတော့မှ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ခရီးသွားလုပ်ငန်းတွေနဲ့သွားကြပေါ့။ကျနော်တို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေဘက်ကလည်း သူ့ထက်ငါပေါ့လေ ဝန်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီးဆောင်ရွက်ပေးနေရပါတယ်။အစိုးရရုံးပိတ်ရက်ကတော့ ပုံမှန်ကာလတွေနဲ့မတူဘူးပေါ့၊ ခရီးသွားလာမှုပိုများတာပေါ့လေ။ပြောရရင် ခရီးသွားတွေက ပက်ကေ့စ်ခရီးစဉ်တွေနဲ့ သွားလာတာ အခုနောက်ပိုင်းမှာ ပိုများလာပါတယ်။” လို့ ကိုမြင့်ဝင်း က လက်ရှိပြည်တွင်းခရီးသွားလာမှု စျေးကွက်အခြေအနေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ယခု ၂၀၂၀ ခုနှစ်အတွင်းမှာ အစိုးရရုံးပိတ်ရက်တွေ များ‌ပြားတဲ့အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုက ယခင်နှစ်များကထက် ပိုမိုများပြားလာနိုင်တယ်လို့လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ကြသူများက မျှော်လင့်ထားကြပါတယ်။

ထို့အတူ ခရီးသွားလာရတာကို နှစ်သက်တဲ့ နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှ ဂျပန်ဘာသာစကား အထူးပြုကျောင်းသူ မအေးမြတ်ဖူးခိုင် က ခရီးသွားလာရခြင်းအပေါ် လူငယ်တစ်ဦး၏ စိတ်ခံစားမှုအမြင်တွေကိုလည်း ယခုလိုပြောပြခဲ့ပါသေးတယ်။

“ခရီးသွားရရင် တစ်နှစ်လုံးရဲ့ဖိအားတွေလည်း လျော့သွားတယ်လို့ ခံစားရပါတယ်။ခရီးသွားရရင်ကို ပျော်နေတာပါ။ညီမတို့က ဘုရားတွေလည်းသွားပါတယ်၊ နောက်ကမ်းခြေတွေလည်းသွားပါတယ်၊ တောင်တွေတက်တဲ့ ခရီးတွေသွားတယ်၊ စွန့်စားရတော့ မလုပ်ဖူးတာတွေလုပ်ရတော့ အရမ်းပဲပျော်ပါတယ်။ညီမတို့ကျတော့ သူငယ်ချင်းတွေနဲ့ ခရီးသွားဖြစ်တာများပါတယ်။အရင်တစ်ခေါက်က မုံရွာတို့၊ မန္တလေးဘက်တို့ကို သွားပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလမှာလည်း သူငယ်ချင်းတွေနဲ့ တောင်ကြီးတို့ ကလောတို့ဘက် သွားရောက်လည်ပတ်ခဲ့ပါတယ်။ညီမအနေနဲ့ပြောရရင် ခရီးသွားရတာဟာ သင်ယူရတယ်လို့ပဲ ခံစားရပါတယ်။အရသာမတူတဲ့ ရိုးရာအစားအသောက်တွေကိုစားရတယ်၊ မတူကွဲပြားတဲ့ဘဝတွေကို တွေ့ရတယ်လို့ပဲခံစားရပါတယ်။ပြောရရင် ညီမတို့ကတော့ ခရီးသွားရတာ ဝါသနာပါပါတယ်။” လို့ မအေးမြတ်ဖူးခိုင် က ဆိုပါတယ်။

ထို့အတူ ပြည်တွင်း၌ ခရီးသွားလာမှုတွေ များပြားလျက်ရှိသလို မြန်မာနိုင်ငံသို့ ပြည်ပခရီးသည်ဝင်ရောက်မှုနှုန်းမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုများပြားလာပါတယ်။ဒါ့အပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လာမယ့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ရှစ်သန်းအထိ ဝင်ရောက်လာရန် ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်လည်းကြည်ညိုဖွယ်ရာ ဘုရား၊ ပုထိုးစေတီတွေ စာဖွဲ့လို့မကုန်နိုင်တဲ့ သဘာဝတောတောင်ရေမြေစိမ့်စမ်းတွေ ရှုစားလို့မကုန်နိုင်တဲ့ သဘာဝတရားကြီးကပေးထားတဲ့ အလှတရားတွေနဲ့ပြည့်စုံတဲ့ ငြိမ်းချမ်းပြီး အေးချမ်းသာယာလှပတဲ့ မြန်မာနိုင်ငံအတွင်းမှာ ခရီးသွားလာလည်ပတ်စရာ အပန်းဖြေစရာနေရာ ဒေသအသစ်တွေကို ဖော်ဆောင်နိုင်ခဲ့ပါက ပြည်တွင်းခရီးသွားစျေးကွက်သာမက ပြည်ပခရီးသွားစျေးကွက်တွေပါ ပိုမိုဖွံ့ဖြိုးလာမယ်ဆိုတာကတော့ မလွဲဧကန်ပဲဖြစ်ပါတော့တယ်။

ပြေသိမ်း
ဖေဖော်ဝါရီ - ၂၅

( Zawgyi )

ယေန႔ေခတ္အခ်ိန္အခါမွာ ခရီးသြားတယ္ဆိုတာ လူတန္းစားမေ႐ြး အားလပ္ရက္မွာျပဳၾကတဲ့ အစဥ္အလာလိုျဖစ္ေနပါၿပီ။ပြင့္လင္းလာတဲ့ ျပည္တြင္းခရီးသြားအေရအတြက္နဲ႔အတူ ျပည္တြင္းခရီးသြားေစ်းကြက္က ပိုမိုက်ယ္ျပန႔္လာသလို သြားေရာက္လည္ပတ္ႏိုင္တဲ့ ခရီးစဥ္ကလည္း ယခင္ကာလမ်ားကထက္ တိုးပြားလာပါတယ္။ဒါ့အျပင္ ႏွစ္စဥ္ ျပည္ပဧည့္သည္ဝင္ေရာက္မႈ တိုးျမင့္လာျခင္းေၾကာင့္ လွပေက်ာ္ၾကားသည့္ ေနရာေဒသမ်ားႏွင့္ အလားအလာေကာင္းမြန္သည့္ ခရီးစဥ္ေဒသမ်ားတြင္ ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ဟိုတယ္မ်ား၊ တည္းခိုရိပ္သာမ်ား တည္ေဆာက္လာျခင္း၊ ခရီးသြားကုမၸဏီမ်ားကို တစ္ေန႔တျခားမ်ားျပားလာျခင္း၊ ခရီးသြားလုပ္ငန္းႏွင့္ ဆက္စပ္ေသာ ပို႔ေဆာင္ေရး၊ စားေသာက္ဆိုင္စ သည့္လုပ္ငန္းမ်ား ယခင္ကထက္ ပိုမိုမ်ားျပားလာျခင္းတို႔က ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးလာမႈ၏ ျပယုဂ္တစ္ခုအျဖစ္ သက္ေသျပေနပါတယ္။

ျမန္မာ့ခရီးသြားလုပ္ငန္းဟာ အဓိကအားျဖင့္ ယဥ္ေက်းမႈႏွင့္ သဘာဝကိုအေျခခံသည့္ အပန္းေျဖခရီးစဥ္၊ အားကစားခရီးစဥ္၊ ဘာသာေရးဘုရားဖူးခရီးစဥ္၊ စက္တပ္႐ြက္ေလွခရီးစဥ္၊ ျမစ္တြင္းသြား အေပ်ာ္စီးသေဘၤာခရီးစဥ္၊ မီးပုံပ်ံခရီးစဥ္မ်ားအျပင္ တမူထူးျခားေသာ ေရေျမေတာေတာင္ သဘာဝအေျခအေနမ်ားကို အေျခခံ၍ ငွက္ၾကည့္ခရီးစဥ္၊ စြန္႔စားမႈအေျခခံခရီးစဥ္၊ ေတာင္တက္ခရီးစဥ္၊ အဏၰဝါခရီးစဥ္မ်ား အမ်ိဳးမ်ိဳးရွိကာ ျမန္မာႏိုင္ငံေျမာက္ဖ်ား ကခ်င္ျပည္နယ္ရွိ ပူတာအိုေဒသ ေရခဲဖုံးလႊမ္းေတာင္တန္းမ်ားေၾကာင့္ သဘာ၀ကေပးသည့္လက္ေဆာင္ကို အျပည့္အ၀သာ အသုံးခ်ႏိုင္လွ်င္ ခရီးသြားဧည့္သည္ သန္းေပါင္းမ်ားစြာကို ဆြဲေဆာင္မႈရွိလာမွာျဖစ္ၿပီး ယခုလည္း သဘာ၀အေျခခံ ခရီးစဥ္မ်ားေၾကာင့္ ျပည္ပခရီးသြားေတြ ဝင္ေရာက္မႈေတြက တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုမ်ားျပားလာေနၿပီ ျဖစ္ပါတယ္။

ျပည္တြင္းခရီးသြားကို ျပန္ၾကည့္လွ်င္လည္း ျမန္မာႏိုင္ငံရဲ႕ ခရီးသြားကာလ ပြင့္လင္းရာသီျဖစ္တဲ့ ႏိုဝင္ဘာလမွစတင္ကာ သၾကၤန္ကာလျဖစ္သည့္ ဧၿပီလအထိ ပို႔ေဆာင္ေရးႏွင့္ တည္းခိုသည့္ အခန္းျပည့္/မျပည့္ကို ၾကည့္ပါက တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမ်ားျပားလာေနတာကို ေတြ႕ရမွာျဖစ္သလို ျပည္က်ပ္ေနသည့္ ခရီးသြားမ်ားျဖင့္ ျပည္က်ပ္ေနသည့္ အပန္းေျဖခရီးစဥ္မ်ားေဒသမ်ားကို ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္းမွစကာ ေတြ႕ျမင္လာရၿပီ ျဖစ္ပါတယ္။

ခရီးသြားဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ၾကသူမ်ားကေတာ့ တိုးတက္လာသည့္  ျပည္တြင္းခရီးသြားေစ်းကြက္ က်ယ္ျပန႔္လာမႈႏွင့္ ျပည္တြင္းခရီးသြားလာမႈ မ်ားျပားလာသည့္အတြက္ ျမန္မာႏိုင္ငံအတြင္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတို႔မွာလည္း ဒီထက္ပိုၿပီးေတာ့ ခရီးသြားလည္ပတ္စရာ အပန္းေျဖေနရာအသစ္မ်ားႏွင့္ ခရီးသြားေဒသအသစ္မ်ားကို ေဖာ္ေဆာင္ေပးရန္ လိုအပ္ေနၿပီလို႔ ဆိုၾကပါတယ္။

အထူးသျဖင့္ အခါႀကီး၊ ရက္ႀကီးမ်ားႏွင့္ အစိုးရ႐ုံးပိတ္ရက္မ်ားတြင္ အထင္ကရအပန္းေျဖေနရာမ်ားတြင္ ျပည္တြင္းခရီးသြားမ်ား ျပည့္ၾကပ္ကာ တည္းခိုရန္ေနရာ အခက္အခဲျဖစ္လာသည့္အတြက္ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုမ်ားျပားလာသည့္ ျပည္တြင္းခရီးသြားေဈးကြက္အတြက္ အပန္းေျဖလည္ပတ္စရာ ေနရာအသစ္မ်ား ေဖာ္ေဆာင္ေပးဖို႔ လိုအပ္ေနတယ္လို႔လည္း ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြက သုံးသပ္ထားၾကတာပါ။

ခရီးသြားလာစရာ ေဒသေနရာအသစ္မ်ား

“အစိုးရ႐ုံးပိတ္ရက္မွာ ခရီးသြားေတြက ပိုမ်ားတာေပါ့။ခရီးသြားေတြ အမ်ားဆုံးကေတာ့ ေတာင္ႀကီး၊ အင္းေလး၊ ကေလာေပါ့၊ အဲဒီဘက္ေတြကိုသြားတယ္။ေနာက္ ကရင္ျပည္နယ္ ဘားအံဘက္ကို သြားၾကတာမ်ားတယ္။ထားဝယ္ ရွင္ကိုးရွင္ဘက္လည္း သြားၾကတယ္။
ေနာက္တစ္ခုက ပုဂံေပါ့ဗ်ာ၊ ပုဂံကေတာ့ ေတာ္ေတာ္မ်ားမ်ားသြားၾကတယ္။ဘုရားဖူးေတြလည္း သြားေနၾကတယ္၊ ပိတ္ရက္ဆိုေတာ့ စုသြားၾကတာေပါ့။႐ုံးပိတ္ရက္ဆိုရင္ေတာ့ ခရီးသြားတဲ့လူေတြက တအားမ်ားပါတယ္။ဒီႏွစ္ထဲမွာလည္း ပိတ္ရက္ေတြခ်ည္းပဲဆိုေတာ့ ျပည္တြင္းခရီးသြားလာမႈကို မႏွစ္ကထက္စာရင္ေတာ့ ပိုလာမယ္လို႔မွန္းပါတယ္” လို႔ ေ႐ႊေၾကးစည္ အဆင့္ျမင့္ဘုရားဖူးခရီးသြားလုပ္ငန္း၏ မန္ေနဂ်ာျဖစ္သူ ဦးတင္ေထြး က ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ယခုလိုျပည္တြင္းခရီးသြားလာမႈေတြ မ်ားျပားလာတာေၾကာင့္ ျမန္မာႏိုင္ငံအတြင္းရွိ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအသီးသီးမွာ ခရီးသြားဖို႔ ေနရာအသစ္ေတြကိုလည္း ေဖာ္ထုတ္ေပးဖို႔လိုေနၿပီလို႔ ၎ကဆိုပါတယ္။

“ေျပာရရင္ က်ေနာ္တို႔ႏိုင္ငံမွာ လူဦးေရကမ်ားလာတယ္၊ ခရီးသြားလို႔ရမယ့္ေနရာေတြက နည္းေနတယ္။အဲ့ေတာ့ တစ္ေနရာ တစ္ေနရာဆို ပိတ္ရက္မွာ အမ်ားႀကီးျဖစ္ေနတယ္။ပုပၸါးေတာင္ကလပ္ဆိုရင္ တက္ဖို႔ေနရာေတာင္မရွိဘူး။အဲ့လိုျဖစ္ေနတယ္။ေနာက္ ဒီလိုဗ်ာ့ အစိုးရ႐ုံးပိတ္ရက္ေတြက ေျပာင္းသြားေတာ့ သူကအရင္လိုမဟုတ္ဘူးေလ။ၿပီးခဲ့တဲ့ႏွစ္ေလာက္ကစၿပီးေတာ့ သီတင္းကြၽတ္က အေတာ္စည္သြားပါတယ္။တန္ေဆာင္တိုင္တို႔ ခရစၥမတ္တို႔လည္းစည္တယ္။ၿပီးရင္ သၾကၤန္ စည္မယ္၊ ေျပာရရင္ ခရီးသြားေတြက အစိုးရ႐ုံးပိတ္ရက္ေပၚမွာပဲ မူတည္ပါတယ္။ခရီးသြားလာမႈ အမ်ားဆုံးကာလကေတာ့ ယခုပြင့္လင္းရာသီေပါ့ေနာ္၊ ပြင့္လင္းရာသီကာလျဖစ္တဲ့ သၾကၤန္အထိေပါ့။အခုက ပြင့္လင္းရာသီဆိုေတာ့ ေ႐ႊစက္ေတာ္ဖြင့္ၿပီ အေလာင္းေတာ္ကႆပကဖြင့္ၿပီ။ဘုရားပြဲေတြကလည္း မျပတ္ရွိေနေတာ့ ခရီးသြားေတြက သြားေနၾကတာပါပဲ။ေနာက္တစ္ခ်က္ေျပာခ်င္တာက က်ေနာ္တို႔ႏိုင္ငံမွာ ခရီးသြားဖို႔ ေနရာအသစ္ေလးေတြကို ျပည္နယ္နဲ႔တိုင္းေတြမွာ ေဖာ္ထုတ္ေပးဖို႔အတြက္ ေတာင္းဆိုခ်င္ပါတယ္။” လို႔ ဦးတင္ေထြး က ၎၏အျမင္ကို သုံးသပ္ေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္လည္းယခုေနာက္ပိုင္းကာလတြင္ ျပည္တြင္းမွာရွိတဲ့ ေနရာေဒသအခ်ိဳ႕ကို ခရီးသြားလည္ပတ္စရာ အပန္းေျဖစရာေနရာအသစ္ေတြအျဖစ္ ေဖာ္ေဆာင္လာၾကတာကိုလည္း ေတြ႕ျမင္ရပါတယ္။ေျပာရရင္ ေဂၚရင္ဂ်ီကြၽန္းလို ေနရာမ်ိဳးေတြ ဆယ္အိမ္တန္းကမ္းေျခလို ေနရာမ်ိဳးေတြအပါအဝင္  ေတာင္တန္းေဒသ တိမ္ပင္လယ္ခရီးစဥ္၊ နမ့္မြန္းႀကီး ေရတံခြန္ခရီးစဥ္ေတြနဲ႔ စြန႔္စားရတာကို ႀကိဳက္ႏွစ္သက္တဲ့ ခရီးသြားေတြအဖို႔ ေရခဲေတာင္တက္ ခရီးစဥ္ေနရာေဒသအသစ္ေတြကို ေဖာ္ေဆာင္လာၾကသလို အဆိုပါခရီးစဥ္မ်ားကိုလည္း စိတ္ဝင္တစားနဲ႔ သြားလာလည္ပတ္ၾကသူမ်ားကလည္း အမ်ားအျပားရွိေနၾကတာပါ။

ဘယ္လိုသြားမလဲ ခရီးေတြ

လက္ရွိမွာ ျပည္တြင္းခရီးသြားေတြအေနနဲ႔ ၿပီးခဲ့တဲ့အစိုးရ႐ုံးပိတ္ရက္မ်ားတြင္ ပုဂံေဒသ အပါအဝင္ ကမ္းေျခေဒသမ်ားျဖစ္သည့္ ေငြေဆာင္၊ ေခ်ာင္းသာဘက္သို႔ အသြားမ်ားၾကသလို အင္းေတာ္ႀကီးေဒသ၊ ေတာင္ႀကီး တန္ေဆာင္တိုင္မီးပုံးပ်ံပြဲကဲ့သို႔ အထင္ကရပြဲေတာ္မ်ားသို႔ အသြားမ်ားၾကၿပီး တခ်ိဳ႕ခရီးသြားမ်ားကေတာ့ ေန႔ခ်င္းျပန္ခရီးစဥ္မ်ိဳးေတြကို အသြားမ်ားၾကတယ္လို႔ ခရီးသြားဝန္ေဆာင္မႈ လုပ္ကိုင္သူေတြက ဆိုၾကျပန္ပါတယ္။

ဒါ့အျပင္ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ားအေနျဖင့္ ယခုေနာက္ပိုင္းကာလမ်ားတြင္ မိမိအစီအစဥ္ျဖင့္ ခရီးစဥ္မ်ားကို သြားလာတာထက္ ဝန္ေဆာင္မႈေကာင္းမြန္သည့္ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းေတြကို ေ႐ြးခ်ယ္သြားလာမႈေတြလည္း ရွိေနတယ္လို႔ ၾကယ္စင္ေကာင္းကင္ ျမန္မာျပည္အႏွံ႔ ဘုရားဖူးခရီးသြားဝန္ေဆာင္မႈလုပ္ငန္းမွ တာဝန္ခံျဖစ္သူ ကိုျမင့္ဝင္း က ယခုလိုေျပာျပခဲ့ပါတယ္။

“အခုေလာေလာဆယ္ေတာ့ ႏွစ္ႏွစ္ေလာက္ရွိၿပီ၊ ဇလုံေတာင္ေပါ့၊ ျမစ္ႀကီးနား၊ အင္းေတာ္ႀကီး အဲ့ဘက္ေတြကို ခရီးသြားေတြ ေတာ္ေတာ္မ်ားမ်ားသြားၾကပါတယ္။ေနာက္တခ်ိဳ႕က်ေတာ့လည္း ကမ္းေျခဘက္ကိုသြားၾကပါတယ္။ေခ်ာင္းသာတို႔ ေငြေဆာင္တို႔ဘက္ကို သြားၾကတာမ်ားပါတယ္။ေျပာရရင္ ခရီးသြားလုပ္ငန္းဆိုတာ ဝန္ေဆာင္မႈလုပ္ငန္းေလ၊ အခုေနာက္ပိုင္း ခရီးသြားေတြက ဝန္ေဆာင္မႈေကာင္းတဲ့အေပၚမွာ မူတည္ၿပီးေတာ့ ခရီးေတြကသြားၾကတာပါပဲ။ဝန္ေဆာင္မႈေကာင္းတဲ့ ကားလိုင္းေတြကိုၾကည့္ၿပီး သြားၾကတယ္၊ ဘယ္လိုင္းေကာင္းလဲ၊ ဘယ္ဟိုတယ္ဝန္ေဆာင္မႈေကာင္းသလဲ ဒါေတြကို ခရီးသြားေတြက ဂ႐ုတစိုက္ၾကည့္ၿပီးေတာ့မွ ဝန္ေဆာင္မႈေကာင္းေကာင္းေပးႏိုင္တဲ့ ခရီးသြားလုပ္ငန္းေတြနဲ႔သြားၾကေပါ့။က်ေနာ္တို႔ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းေတြဘက္ကလည္း သူ႔ထက္ငါေပါ့ေလ ဝန္ေဆာင္မႈေတြကို အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးစားၿပီးေဆာင္႐ြက္ေပးေနရပါတယ္။အစိုးရ႐ုံးပိတ္ရက္ကေတာ့ ပုံမွန္ကာလေတြနဲ႔မတူဘူးေပါ့၊ ခရီးသြားလာမႈပိုမ်ားတာေပါ့ေလ။ေျပာရရင္ ခရီးသြားေတြက ပက္ေက့စ္ခရီးစဥ္ေတြနဲ႔ သြားလာတာ အခုေနာက္ပိုင္းမွာ ပိုမ်ားလာပါတယ္။” လို႔ ကိုျမင့္ဝင္း က လက္ရွိျပည္တြင္းခရီးသြားလာမႈ ေစ်းကြက္အေျခအေနကို ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ယခု ၂၀၂၀ ခုႏွစ္အတြင္းမွာ အစိုးရ႐ုံးပိတ္ရက္ေတြ မ်ား‌ျပားတဲ့အတြက္ ျပည္တြင္း၊ ျပည္ပ ခရီးသြားလာမႈက ယခင္ႏွစ္မ်ားကထက္ ပိုမိုမ်ားျပားလာႏိုင္တယ္လို႔လည္း ခရီးသြားဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ၾကသူမ်ားက ေမွ်ာ္လင့္ထားၾကပါတယ္။

ထို႔အတူ ခရီးသြားလာရတာကို ႏွစ္သက္တဲ့ ႏိုင္ငံျခားဘာသာတကၠသိုလ္ (YUFL) မွ ဂ်ပန္ဘာသာစကား အထူးျပဳေက်ာင္းသူ မေအးျမတ္ဖူးခိုင္ က ခရီးသြားလာရျခင္းအေပၚ လူငယ္တစ္ဦး၏ စိတ္ခံစားမႈအျမင္ေတြကိုလည္း ယခုလိုေျပာျပခဲ့ပါေသးတယ္။

“ခရီးသြားရရင္ တစ္ႏွစ္လုံးရဲ႕ဖိအားေတြလည္း ေလ်ာ့သြားတယ္လို႔ ခံစားရပါတယ္။ခရီးသြားရရင္ကို ေပ်ာ္ေနတာပါ။ညီမတို႔က ဘုရားေတြလည္းသြားပါတယ္၊ ေနာက္ကမ္းေျခေတြလည္းသြားပါတယ္၊ ေတာင္ေတြတက္တဲ့ ခရီးေတြသြားတယ္၊ စြန႔္စားရေတာ့ မလုပ္ဖူးတာေတြလုပ္ရေတာ့ အရမ္းပဲေပ်ာ္ပါတယ္။ညီမတို႔က်ေတာ့ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားျဖစ္တာမ်ားပါတယ္။အရင္တစ္ေခါက္က မုံ႐ြာတို႔၊ မႏၲေလးဘက္တို႔ကို သြားပါတယ္။ၿပီးခဲ့တဲ့ ဒီဇင္ဘာႏွစ္သစ္ကူး ႐ုံးပိတ္ရက္ကာလမွာလည္း သူငယ္ခ်င္းေတြနဲ႔ ေတာင္ႀကီးတို႔ ကေလာတို႔ဘက္ သြားေရာက္လည္ပတ္ခဲ့ပါတယ္။ညီမအေနနဲ႔ေျပာရရင္ ခရီးသြားရတာဟာ သင္ယူရတယ္လို႔ပဲ ခံစားရပါတယ္။အရသာမတူတဲ့ ႐ိုးရာအစားအေသာက္ေတြကိုစားရတယ္၊ မတူကြဲျပားတဲ့ဘဝေတြကို ေတြ႕ရတယ္လို႔ပဲခံစားရပါတယ္။ေျပာရရင္ ညီမတို႔ကေတာ့ ခရီးသြားရတာ ဝါသနာပါပါတယ္။” လို႔ မေအးျမတ္ဖူးခိုင္ က ဆိုပါတယ္။

ထို႔အတူ ျပည္တြင္း၌ ခရီးသြားလာမႈေတြ မ်ားျပားလ်က္ရွိသလို ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသည္ဝင္ေရာက္မႈႏႈန္းမွာလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမ်ားျပားလာပါတယ္။ဒါ့အျပင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြားဧည့္သည္ ရွစ္သန္းအထိ ဝင္ေရာက္လာရန္ ရည္မွန္းထားတယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္လည္းၾကည္ညိဳဖြယ္ရာ ဘုရား၊ ပုထိုးေစတီေတြ စာဖြဲ႕လို႔မကုန္ႏိုင္တဲ့ သဘာဝေတာေတာင္ေရေျမစိမ့္စမ္းေတြ ရႈစားလို႔မကုန္ႏိုင္တဲ့ သဘာဝတရားႀကီးကေပးထားတဲ့ အလွတရားေတြနဲ႔ျပည့္စုံတဲ့ ၿငိမ္းခ်မ္းၿပီး ေအးခ်မ္းသာယာလွပတဲ့ ျမန္မာႏိုင္ငံအတြင္းမွာ ခရီးသြားလာလည္ပတ္စရာ အပန္းေျဖစရာေနရာ ေဒသအသစ္ေတြကို ေဖာ္ေဆာင္ႏိုင္ခဲ့ပါက ျပည္တြင္းခရီးသြားေစ်းကြက္သာမက ျပည္ပခရီးသြားေစ်းကြက္ေတြပါ ပိုမိုဖြံ႕ၿဖိဳးလာမယ္ဆိုတာကေတာ့ မလြဲဧကန္ပဲျဖစ္ပါေတာ့တယ္။

ေျပသိမ္း
ေဖေဖာ္ဝါရီ - ၂၅