【 နိုင်ငံတကာ‌ဆောင်းပါး 】 တွန်းဟွမ်မြို့အပေါ် သမ္မတရှီ၏ စိတ်အားထက်သန်မှု

【 နိုင်ငံတကာ‌ဆောင်းပါး 】 တွန်းဟွမ်မြို့အပေါ် သမ္မတရှီ၏ စိတ်အားထက်သန်မှု

Taklamakan သဲကန္တာရတွင် တည်ရှိပြီး အရှေ့နှင့် အနောက်ကို ချိတ်ဆက်ထားသည့် ရှေးဟောင်းပိုးလမ်းမ၏ အရေးကြီးသော မှတ်တိုင်ဖြစ်သည့် တွန်းဟွမ်မြို့သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မာဂေါင်းလိုဏ်ဂူရှိရာ အရပ်လည်းဖြစ်သည်။

ထိုကဲ့သို့ သမိုင်းဝင်ယဉ်ကျေးမှုများကြောင့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိပြီး ထိုအထဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း အပါအဝင်ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် သမ္မတ ရှီသည် ဂန်းစုပြည်နယ်ကို လှည့်လည်လေ့လာရာ၌ ထိုလိုဏ်ဂူကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။သမ္မတ ရှီသည် ပြီးခဲ့သောနှစ်များအတွင်း တွန်းဟွမ်၌ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုတိုးတက်စေရေးတို့ကို အာရုံစိုက်ခဲ့သည်။ ၁၉၈၆ ခုနှစ်တုန်းက ဖူကျန်းပြည်နယ်၊ ရှာမန်းမြို့၏ ဒုတိယမြို့တော်ဝန်အဖြစ် ဂန်းစုကို အလည်အပတ်ရောက်ခဲ့စဉ်က တွန်းဟွမ်မြို့သို့ မသွားရောက်နိုင်ခဲ့ခြင်းကို နှစ်ပေါင်း ၃၀ ကြာသည့်တိုင် နှမြောတသဖြင့် ပြောနေဆဲဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် လန်ကျိုးတက္ကသိုလ်၌ ပြည်နယ်ခေါင်းဆောင်အဖြစ် သုတေသနလုပ်ခဲ့စဉ်ကလည်း တွန်းဟွမ်ဆိုင်ရာ လေ့လာချက်များကို မြှင့်တင်အားပေးခြင်းဖြင့် နိုင်ငံအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်းကို ထောက်ပံ့အားပေးခဲ့သည်။များစွာသောအခြေအနေများတွင် သမ္မတ ရှီသည် တွန်းဟွမ်ကို မမေ့မလျော့ဖြင့် ထည့်သွင်းပြောကြားလေ့ရှိပြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်း ယဉ်ကျေးမှုများ၏ အရေးပါသော သမိုင်းဝင် ဗဟိုချက်ဖြစ်ကာ ရှေးခေတ်ပိုးလမ်းမ လူ့ယဉ်ကျေးမှုအမျိုးမျိုးအကြား သမိုင်းခေတ်က အပြန်အလှန်ထိတွေ့ဆက်ဆံခဲ့မှုကို ခင်းကျင်းပြသနေသော ဒေသဖြစ်သည်ဟု ဆိုသည်။

သမ္မတ ရှီအတွက်မူ ဒုန်ဟွမ်းသည် သမိုင်းတွင်သာ ရပ်တန့်မသွားဘဲ ရှေးခေတ်ပိုးလမ်းမလမ်းကြောင်းများကို ကျော်လွန်ပြီး ပူးပေါင်းဆောင်ရွက်ရေးများ ပြန်လည်ရှင်သန်ရေးနှင့် ချဲ့ထွင်ရေးတို့ကို လုပ်ဆောင်လျက်ရှိသည်။သမ္မတ ရှီသည် ရှေးခေတ်ပိုးလမ်းမကို နမူနာယူကာ ၂၁ ရာစု၏ စီးပွားရေးခါးပတ် ပိုးလမ်းမဖြစ်သည့် ခါးပတ်နှင့်လမ်း အစီအစဉ်ကို ၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းက တစ်ခဲနက်ကြိုဆိုခဲ့သည်။

စက်တင်ဘာလ ၂၀၁၉ ခုနှစ်တွင် သမ္မတ ရှီသည် မာဂေါင်းလိုဏ်ဂူ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်လေ့လာနေသည့် ရှေးဟောင်းသုတေသနပညာရှင် ဖန်ကျင်းရှီအား နိုင်ငံတော်၏ထူးချွန်ဆု ပေးအပ်ခဲ့သည်။ရှီသည် ဖန်နှင့် တွေ့ဆုံတိုင်း ဒုန်ဟွမ်း၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းကို စိတ်ဝင်တစား မေးမြန်းပြီး ခရီးသွားများကို ဆွဲဆောင်ရေးကိစ္စအပါအဝင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ခြင်းကဲ့သို့သော အမျိုးမျိုးပြဿနာရပ်များကို ဆွေးနွေးခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားမှုများကြောင့် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ရာတွင် အဆင့်မြင့်နည်းပညာများပါ သုံးလာနိုင်ပြီး တိုးတက်မှုများ မြင်တွေ့လာရသည်။ ၂၀၂၀ ခုနှစ်တွင် လိုဏ်ဂူ၏ ရာသီဥတုအခြေအနေကို လေ့လာရန်အတွက် အထူးဓာတ်ခွဲခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။  မာဂေါင်းလိုဏ်ဂူမှတစ်ဆင့် ထိန်းသိမ်းရေးလိုဏ်ဂူသို့ ရောက်ခဲ့ပြီး ထိုနေရာတွင် ယဉ်ကျေးမှုအမွေအနှစ် ပေါင်း ၆၀,၀၀၀ ကျော် ရှိခဲ့သော်လည်း ၄၀,၀၀၀ ကျော်သည် ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် ဂျပန် စသော နိုင်ငံများထံ ပါသွားခဲ့ခြင်းဖြစ်သည်။

ရှီက ထိုယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များအား ကမ္ဘာတစ်ဝန်းအား ပြသနိုင်ရန် ဒစ်ဂျစ်တယ်ဖြင့် မျှဝေရန် တိုက်တွန်းခဲ့သည်။ဧပြီလ ၂၀၂၃ ခုနှစ်တွင် ထိန်းသိမ်းရေးလိုဏ်ဂူသည် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခု တည်ထောင်နိုင်ခဲ့ပြီး အများပြည်သူအား လေ့လာခွင့်ပေးခဲ့သည်။ထိုပလက်ဖောင်းသည် အဆင့်မြင့်နည်းပညာများကို အသုံးပြုထားပြီး လိုဏ်ဂူ၏ သမိုင်းတစ်ခေတ်မှ ပုံရိပ်များကိုပါ ပြန်လည်ဖန်တီးထားသည်။ထို့ကြောင့် ကြည့်ရှုသူများသည် တွန်းဟွမ်၏ ယဉ်ကျေးမှုများကို အသေအချာလေ့လာနိုင်ပြီး ရှေးခေတ်သို့ ပြန်ရောက်သွားသလိုပင် ခံစားရစေသည်။

သမ္မတ ရှီက မာဂေါင်းလိုဏ်ဂူကို လေ့လာပြီး နှစ်ရက်အကြာတွင် လန်ကျိုးမြို့ရှိ ပုံနှိပ်တိုက်တစ်ခုအား လေ့လာစဉ်၌ တွန်းဟွမ်၏ စာပေများသည် များစွာသော အကြောင်းအရာများဖြစ်ပြီး တန်ဖိုးကြီးသော သမိုင်းဝင်မှတ်တမ်းများဖြစ်သည်ဟု ပြောခဲ့သည်။

သမိုင်းဝင်အရင်းအမြစ်များကို အကောင်းဆုံးအသုံးပြုရန် သမ္မတ ရှီ၏ တိုက်တွန်းမှုအရ တွန်းဟွမ်နှင့် သက်ဆိုင်သော စာအုပ်ပေါင်းများစွာအပြင် သမိုင်းခေတ်က တရုတ်ပြည်သူများ စာရေးသားလေ့ရှိသော ဝါး၊ သစ်သား ပုရပိုက်များကို ပြီးခဲ့သောနှစ်များအတွင်းတွင် ထုတ်ဝေနိုင်ခဲ့သည်။

တွန်းဟွမ်၏ သမိုင်းကြောင်းနှင့်ပတ်သက်သော စာအုပ်အတွဲများကို ပုံနှိပ်ခဲ့ပြီး သမိုင်းကြောင်း မှတ်တမ်းများတွင် လစ်ဟာနေမှုများကို လျှော့ချနိုင်ခဲ့ပြီး တွန်းဟွမ်နှင့်ပတ်သက်ပြီး များစွာသော ညွှန်းဆိုချက်များ ဖြစ်လာခဲ့သည်။ပို၍ ထင်ရှားသည်မှာ တွန်းဟွမ်ယဉ်ကျေးမှုများကို ထိန်းသိမ်းခြင်းသည် ဒေသတွင်းတင်သာမကဘဲ နိုင်ငံတကာသို့ ပျံ့နှံ့ခြင်းဖြစ်သည်။လိုဏ်ဂူများကို ကာကွယ်ရန်အတွက် အသုံးပြုသော အစီအစဉ်များနှင့် နည်းပညာများကို နိုင်ငံတစ်ဝှမ်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း စီမံကိန်းပေါင်း ၅၀၀ ကျော်တွင် အသုံးပြုနေရုံသာမက ခါးပတ်နှင့်လမ်း အစီအစဉ်မှ မိတ်ဖက်နိုင်ငံများသို့ပါ မိတ်ဆက်ပေးနိုင်ခဲ့သည်။

စိုးနိုင်ထွန်း

Ref - CMG | Xi Focus: Xi Jinping and his passion for Dunhuang