【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာပေါ်မှာ စီးပွားရေးဂြိုဟ်တု ဒုတိယအများဆုံးပိုင်ဆိုင်လာတဲ့ တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာပေါ်မှာ  စီးပွားရေးဂြိုဟ်တု ဒုတိယအများဆုံးပိုင်ဆိုင်လာတဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံဟာ စီးပွားရေးသုံး ဂြိုဟ်တုကဏ္ဍကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပါတယ်။ ယခင်က အစိုးရသာ ဦးစီးလုပ်ဆောင်လာခဲ့သော ဒီကဏ္ဍတွင် ပုဂ္ဂလိကကုမ္ပဏီများ ပါဝင်လာစေမယ့် ၁၀ နှစ် စီမံကိန်းကို စတင်ခဲ့ ပါတယ်။

မူဝါဒအထောက်အပံ့များဖြင့် တရုတ်အာကာသယာဉ်စျေးကွက်ဟာ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း အလွန်တိုးတက်လာခဲ့ပါတယ်။ နှစ်စဉ်တိုးတက်မှုဟာ ၂၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ ၂၀၂၂ တွင် စျေးကွက်တန်ဖိုး ယွမ် ၁.၅ ထရီလီယံခန့်ရှိလာမည်ဟု ခန့်မှန်းကြပါတယ်။

လက်ရှိအချိန်အထိ တရုတ်စီးပွားရေးသုံး ဒုံးပျံလုပ်ငန်းများဟာ ဒုံးပျံစမ်းသပ်စေလွှတ်မှုပေါင်း ၈ ခုအထိ လုပ်ဆောင်လာခဲ့ပြီး ထိုထဲတွင် ဒုံးပျံနှစ်ခုကို ပတ်လမ်းထဲသို့ အောင်မြင်စွာ စေလွှတ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံပြီးနောက် စီးပွားရေးဂြိုဟ်တု ဒုတိယအများဆုံး ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်လာပါတယ်။

ပုဂ္ဂလိကအာကာသယာဉ်ကုမ္ပဏီများအတွက်တော့ ကုန်ပစ္စည်းသယ်ယူနိုင်သော ဒုံးပျံတည် ဆောက်ဖို့ အလွန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ အလွန်ကြာရှည်သော တိုးတက်မှုဖြစ်စဉ်နှင့် ထုတ်လုပ်နိုင်မှုနှေးကွေး သောကြောင့်ဖြစ်ပါတယ်။

UCS Satllite Database က ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အတွင်း တရုတ်ဟာ စီးပွားရေးသုံးဂြိုဟ်တုပေါင်း တစ်နှစ်ကို ၁၀ ခု စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ထိုကြောင့် တရုတ်အစိုးရဟာ ဒီကဏ္ဍတွင် စီးပွားရေးအရ ပါဝင်သူများကို ပံ့ပိုးမှုပေးနိုင်ရန် မူဝါဒကို မိတ်ဆက်ခဲ့ပါ တယ်။

“ဂြိုဟ်တုနှင့် ဒုံးပျံ သုတေသနလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဟာ အထူးသဖြင့် ဒုံးပျံဟာ ကြီးမားသော သိပ္ပံ သုတေသနဆိုင်ရာ အခြေခံအဆောက်အဦးများလိုအပ်တယ်” ဟု China National Space Administration တွင် အကြီးဆုံးအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်နေသော ပန်အိုင်ဟွာက ပြောပါတယ်။

“တရုတ်ဟာ ဒီကဏ္ဍတွင် လွန်ခဲ့တဲ့နှစ်များအတွင်း တိုးတက်မှု အသင့်သင့်ဖော်ဆော်လာနိုင်ခဲ့ပါတယ်။ ဒီကဏ္ဍကို ပုဂ္ဂုလိက ကုမ္ပဏီများအတွက်လည်း လမ်းဖွင့်ပေးဖို့ တောင်းဆိုပါတယ်၊ သုတေသနလုပ်ငန်းကနေ ရရှိ ထားသော အချက်အလက်များအားလုံးကို အားလုံးနဲ့ မျှဝေဖို့ တောင်းဆိုပါတယ်” ဟု သူက ဆက်ပြောပါတယ်။

စီးပွားရေးဆိုင်ရာ ဂြိုဟ်တုများ လွှတ်တင်မှုဟာ ၂၀၁၈ ခုနှစ်တုန်းကထက် ၂၀၁၉ ခုနှစ်တွင် နှစ်ဆများလာခဲ့ပြီး ၂၁ ခုအထိ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၂ တွင် ၅၀ အထိရှိလာရန် ခန့်မှန်းရပါတယ်။

ဇွန်လပိုင်းအထိ  ဂြိုဟ်တုတွင်လည်ပတ်နေသော တရုတ်ဂြိုဟ်တုပေါင်း ၁၂၀ အထိရှိခဲ့ပြီး ရာသီဥတု၊ မြေပြင် လေ့လာရေး နှင့် မြေပုံရေးဆွဲး နှင့် သမုဒ္ဒရာလေ့လာမှု အစရှိသော ကဏ္ဍများတွင် ဒီဂြိုဟ်တုများကို အသုံးပြုပါတယ်။

ဩဂုတ်လ ၉ ရက်နေ့တွင် တရုတ်ဟာ စီးပွားရေးသုံး ဒုံးပျံဖြစ်တဲ့ CERES-1 Y3 ကို လွှတ်တင်ခဲ့ပြီး တရုတ် နိုင်ငံထုတ် ပထမဆုံး ပုဂ္ဂလိက ဒုံးပျံဟာ ပတ်လမ်းကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ပါတယ်။

CERES-1 ကို ပေကျင်းအခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Galactic Energy က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ နောက်ထပ် ဂြိုဟ်တုအသစ်ပေါင်း ၁၆ ခုကိုလည်း စေလွှတ်ခဲ့ပြီး Jilin-1 Gaoden 03D09 နှင့် Yunyao-1 04-08 ဂြိုဟ်တုတို့ကလည်း စေလွှတ်နိုင်ခဲ့ပါတယ်။

ဂြိုဟ်တုများကို အများအားဖြင့် စီးပွားရေးသုံး အဝေးထိန်းဆင်ဆာ နှင့် လေထုဓာတ်ပုံများအတွက် အသုံးပြုကြပါတယ်။ Jilian-1 ဂြိုဟ်တုဟာ ကြယ်တာယာအတွက် ထုတ်လုပ်ထားသော တရုတ်နိုင်ငံက အကြီးဆုံး ဂြိုဟ်တုတစ်ခုဖြစ်ပြီး အရည်အသွေးမြင့်မားသော လေ့လာရေးဂြိုဟ်တုအဖြင့် သတ်မှတ်ခံထားရပါတယ်။ လက်ရှိ အချိန်တွင် အပြည့်အဝလည်ပတ်နေသော Jilin-1 ဂြိုဟ်တုပေါင်း ၅၄ ခု အာကာသပေါ်တွင် ရှိနေပြီဖြစ်ပါတယ်။

ချန်ချွန်မြို့တွင် တည်ရှိပြီး Chang Guang Satellite Technology Co., Ltd ဟာ ယခုနှစ် ဒုတိယနှစ်ဝက်တွင် နောက်ထပ် ဂြိုဟ်တုပေါင်း ၂၇ ခု စေလွှတ်ရန် စီစဉ်ထားပါတယ်။

“လက်ရှိအချိန်မှာ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ဟာ Jilin-1 ဂြိုဟ်ကို အသုံးပြုနေပြီး စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး ၊ သဘာဝနှင့် မြို့ပြစီမံရေး နှင့် စီမံကိန်းတို့အတွက် အချက်အလက်များကို ပံ့ပိုးပေးပါတယ်” ဟု CGSTL တွင် ဒုတိယအထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင် နေသော ဂျီယာဟောင်ကွမ်က ပြောပါတယ်။

“၂၀၂၃ နှစ်ကုန်တွင် Jilin-1 ဂြိုဟ်တုအရေအတွက်ဟာ ၁၄၀ အထိရှိလာမှာဖြစ်ပြီး တရုတ်ရဲ့ ၁၄ ကြိမ် မြောက်ငါးနှစ်စီမံကိန်း ၂၀၂၁-၂၀၂၅ ပြီးဆုံးချိန်တွင် ၃၀၀ အထိ တိုးလာမှာဖြစ်ပါတယ်” ဟု သူက ဆက်ပြောပါ တယ်။

Naing

Ref:CMG |China is world's 2nd largest commercial satellite owner