【 ဆောင်းပါး 】 “ငြိမ်းချမ်းသာယာနေချင့်စဖွယ် လူ့ဘောင်အတွက် လိုအပ်နေသည့် လူသားဝါဒ”

【 ဆောင်းပါး 】 “ငြိမ်းချမ်းသာယာနေချင့်စဖွယ် လူ့ဘောင်အတွက် လိုအပ်နေသည့် လူသားဝါဒ”

လူ့ဘဝကို တိုတောင်းတယ်လို့ ပြောတဲ့သူကပြောပြီး လူ့ဘဝခရီးဟာ ရှည်လျားကြမ်းတမ်းလှပါတယ်ရယ်လို့ ညည်းညူချင်သူတွေက ညည်းညူတတ်ကြတာ လူသားတို့သဘာဝပါ။တကယ်တော့ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ်ခုံမင်လှကြပါတယ်။ဘဝကိုရလာပြီး ရှင်သန်ရတဲ့အခိုက်အတန့်လေးမှာ လူတိုင်းသာယာအေးချမ်းတဲ့ဘဝကို ဖြတ်သန်းချင်ကြတာပါ။ဒါပေမဲ့ လူသားတွေဟာ ရခဲတဲ့လူ့ဘဝမှာ တကယ်ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာဖြတ်သန်းကြရပါရဲ့လား။

ကျွန်မတို့ရဲ့ ဘိုးဘွားမိဘတွေဟာ ဒုတိယကမ္ဘာစစ်နဲ့ကြုံခဲ့ကြရပါတယ်။စစ်အတွင်းမှာ ဂျပန်အဝင် အင်္ဂလိပ်အထွက် ကြုံရတဲ့စစ်ပွဲတွေနဲ့ အင်္ဂလိပ်ပြန်အဝင်၊ ဂျပန်ပြန်အထွက်မှာ ကြုံရခဲ့ရတဲ့ စစ်ဘေးစစ်ဒဏ်တွေဟာ ဘယ်လောက်ကြောက်မက်ဖွယ်ဆိုးဝါးတယ်ဆိုတာ ပြန်ပြောပြကြပါတယ်။
ဒါတင်မက ဂျပန်ခေတ်မှာ အစားအစာ၊ အဝတ်နဲ့ ဆေးဝါးရှားပါးလှတဲ့အဖြစ်တွေ၊ ပလိပ်ရောဂါကပ်ဘေးကြုံရပုံတွေကို ပြန်ပြောပြကြပါတယ်။စာတွေထဲမှာ ကြောက်မက်ဖွယ် ဒီခေတ်တွေကိုဖြတ်သန်းရတဲ့ လူသားတွေရဲ့ဘဝအမျိုးမျိုးကို မြင်တွေ့ရပါတယ်။ကလေးဘဝကစပြီး ဒီကနေ့ အသက် ၆၀ ကျော်လာချိန်ထိ မြင်တွေ့နေရတာကတော့ ကျွန်မတို့နိုင်ငံရဲ့ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်ပါ။စစ်ပွဲတွေနဲ့ဝေးရာနေရာမှာနေရပေမဲ့ စစ်ပွဲဖြစ်နေတာတွေ၊ ဟိုဘက်ဒီဘက် သေကြကြေကြတာတွေ၊ ကြားထဲက မြေစာပင်ဘဝနဲ့ စစ်ပြေးစစ်ရှောင်ကြရရှာတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ သတင်းတွေ၊ ပုံရိပ်တွေကို မြင်တွေ့နေရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေကရော၊ စစ်ပွဲထဲ တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်နေရသူတွေနဲ့ စစ်ဘေးဒဏ်သင့်သူတွေ ဘယ်လိုမှ ဘဝမှာတင်းပြည့်ကျပ်ပြည့် ပျော်ရွှင်ငြိမ်းချမ်းမှုကို ခံစားခွင့်မရကြပါဘူး။

သိပ္ပံနဲ့နည်းပညာ အင်မတန်တိုးတက်နေတဲ့ ၂၁ ရာစု ပညာခေတ်ထဲမှာ နေထိုင်ရတာမို့ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကြောက်မက်ဖွယ်ရောဂါဘေးပေါ်လာမယ်လို့ ဘယ်သူမှ စိတ်ကူးနဲ့တောင်မတွေးခဲ့ကြပေမဲ့ မျက်စိနဲ့မမြင်ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုတာလေးရောက်လာပြီး၊ လူသားတွေကို မွှေနှောက်ပစ်လိုက်ပါတယ်။မျက်စိနဲ့မမြင်ရတဲ့ ဒီဗိုင်းရပ်စ်ပိုးလေးတွေက ပြင်းထန်အဆုတ်ရောင် ကိုဗစ်-၁၉ ရောဂါဖြစ်စေတာက လူတွေအားလုံး အထိတ်တလန့်ဖြစ်ကြရပြန်ပါတယ်။တိုးတက်ဖွံ့ဖြိုးလှပါတယ်ဆိုတဲ့ ကမ္ဘာ့နံပါတ်တစ် အမေရိကန်လိုနိုင်ငံမှာတောင် ရောဂါကူးသူတွေများပြားလွန်းပြီး  သေပျောက်နှုန်းအများဆုံး နိုင်ငံစာရင်းတောင် ဝင်သွားပါတော့တယ်။

ချမ်းသာကြွယ်ဝရင် ငြိမ်းချမ်းသာယာမယ် မထင်လိုက်ကြပါနဲ့။ကိုဗစ်-၁၉ ရောဂါကပ်ဘေး ိုက်နေချိန်မှာတောင် အမေရိကန်နဲ့ တရုတ်တို့ ဆက်ရန်စောင်နေကြတာက ချမ်းသာရုံနဲ့ လူသားတွေမငြိမ်းချမ်းနိုင်ကြဘူးဆိုတာကို အထင်းသားမြင်နေရပါတယ်။ကိုယ့်တိုင်းပြည်ကို ပြန်ကြည့်တော့လည်း ရှိသမျှအင်အားလေးနဲ့ အစိုးရ-ပြည်သူ လက်တွဲပြီး ဒီရောဂါကိုရင်ဆိုင်နေရတဲ့ အခြေအနေကတစ်ဘက်၊ တိုက်ပွဲတွေမရပ်နိုင်တဲ့ ရခိုင်အရေးကတစ်ဘက်၊ ဒီကြားထဲ ကြိုကြားကြိုကြား ဟိုနေရာမှာတိုက်ပွဲဖြစ်လိုက်၊ ဒီနေရာမှာဗုံးပေါက်လိုက်ဖြစ်နေတာတွေ ကြားနေရတော့၊ ဆင်လည်းဆင့်အထွာနဲ့၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာနဲ့ မအေးချမ်းကြတာ၊ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခတွေ ခံစားကြရတာကို ပိုနားလည်လာပါတယ်။ဒီကြားထဲ တစ်ကမ္ဘာလုံး နိုင်ငံအားလုံး လူအားလုံး ထပ်ပြီးရင်ဆိုင်ရကြရတာက၊ စီးပွားရေးပါ။လူတိုင်းလိုလို ဝင်ငွေလျော့ကျသွားပါတယ်။
နိုင်ငံတိုင်းရဲ့ စီးပွားရေးတွေ ထုံထိုင်းတုန့်ဆိုင်းသွားတဲ့အဖြစ်ကို ရင်ဆိုင်ကြရပါတယ်။

ငယ်ငယ်တုန်းက လူကြီးသူမတွေကိုရှိခိုးရင် သူတို့ပေးတတ်တဲ့ဆုက “ကပ်ကြီး ၃ ပါး ကျော်လွှားနိုင်ကြပါစေ” တဲ့။ပေးသူကပေးလို့သာ ကြားလိုက်နားထောင်လိုက်ရတာကလား။ကပ်ကြီး ၃ ပါးကို ဇာချဲ့မတွေးမိပေါင်။ခပ်ရွှတ်နောက်နောက် သူငယ်ချင်းကတော့ အဘိုးအဘွားလူကြီးတွေ ကွယ်သွားတာနဲ့ ကပ်ကြီး ၃ ပါးဆိုတော့ အလဲ့ ပိတ်စဖြတ်တဲ့ကတ်ကြေးဆိုတာ ဘုန်းကြီးတွေနဲ့တစ်ဂိုဏ်းထဲကိုးလို့ ပြောင်ပြက်ပြက်ပြောတတ်ပါတယ်။ခုတော့ အသက်အရွယ်နဲ့ တွေ့ကြုံလာရတဲ့အဖြစ်တွေက ကပ်ကြီး ၃ ပါးအကြောင်းကို စဉ်းစားစေပါတော့တယ်။

ရောဂါန္တရကပ် ( ရောဂါဆိုးအထူးနှိပ်စက်သောကာလ)၊ သတ္တန္တရကပ် ( ဓားလက်နက်တို့ဖြင့် သတ်ဖြတ်ကြသည့်ကာလ)၊ ဒုဗ္ဘိက္ခန္တရကပ် (အစားအစာငတ်မွတ်ခေါင်းပါးသောကာလ) ဆိုတဲ့ လူကြီးတွေက လွတ်ပါစေလို့ဆုပေးတဲ့ ကပ်ကြီး ၃ ပါးအကြောင်းကို ကိုဗစ်ရောဂါဖြစ်နေတုန်း ရခိုင်ကတိုက်ပွဲသတင်းတွေ၊ အသေအပျောက်သတင်းတွေကြောင့် တွေးမိပါတယ်။ကပ်ကြီး ၃ ပါးအကြောင်း၊ ကိုယ့်နိုင်ငံအဖြစ်အပျက်တွေနဲ့ ယှဉ်စဉ်းစားကောင်းနေတုန်း မေ ၂၅ ရက်နေ့မှာ အဖြစ်ဆိုးတဲ့သေသွားရရှာတဲ့ ဂျော့ဖလွိုက် ကို အကြောင်းပြုပြီး အမေရိကန်မှာ ပွက်လောရိုက်ကုန်ပါတယ်။အဲဒီလူဖြူလူမည်းခွဲခြားခြင်းက အစပြုတဲ့မီးက တခြားဥရောပနိုင်ငံတွေကိုပါ ကူးစက်သွားပါတယ်။လူတွေလမ်းမပေါ်ထွက်လာကြတယ်။အမေရိကန်မှာဆို ဆိုင်တွေအဖျက်ခံရ၊ ပစ္စည်းတွေ ကားတွေ၊ အဆောက်အအုံတွေ မီးရှို့ခံရတဲ့ထိ အကြမ်းဖက်လုပ်ရပ်တွေပါလာပါတယ်။တစ်ဘက်မှာ ကိုဗစ်ရောဂါ၊ နောက်တဘက်မှာ လူထုအုံကြွပေါက်ကွဲမှုက အမေရိကန်ပုံရိပ်ကို ကမ္ဘာ့အလယ်မှာ အကြီးအကျယ်ကျဆင်းစေပါတော့တယ်။

ဒီအနိဌာရုံတွေကြောင့် စိတ်နောက်ကျိနေတုန်း မဇ္ဈိမရုပ်သံလိုင်းက ပြသွားတဲ့ ဟင်ဒီရုပ်ရှင်ကားတစ်ကားကို အမှတ်မထင်ကြည့်မိပါတယ်။ဒီကားလေးနာမည်က ဘာဂျီယန်ကီဘိုင်ဂျန် (Bajrnagi Bhaijaan) ပါတဲ့။ဇာတ်ကားနာမည်အဓိပ္ပာယ်ကို ဝီကီပီးဒီးယားက အစ်ကိုကြီးဘာဂျီယန်ကီလို့ ပေးထားပါတယ်။ဟိန္ဒူမိတ်ဆွေကတော့ (Bajrnagi ဆိုတာ တန်ဖိုးထားလေးစားရတဲ့ ရာမနတ်ဘုရားလို့ ဆိုလိုတာပါတဲ့။ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် ၃ ဦးပါဝင်ပါတယ်။ပါဝန်အဖြစ် ဟင်ဒီနာမည်ကြီးမင်းသား (Salman Khan)၊ ဒုတိယဇာတ်လိုက်အဖြစ် ကလေးသရုပ်ဆောင် (Harshaali Malhotra)၊ ဇာတ်ရံသရုပ်ဆောင်အဖြစ် မင်းသမီး (Kareena Kapoor Khan) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ပါဝန်ဟာ ရိုးသားလွန်းသူဖြစ်ပေမဲ့ ပညာရေးဘက်မှာမထူးချွန်ပါဘူး။စာမေးပွဲခဏခဏကျလို့ ဖခင်ဖြစ်သူကရိုက်နှက်တာ မကြာခဏခံရသူပါ။ပါဝန် ၁၀ တန်းအောင်တဲ့နှစ်မှာပဲ ဖခင်ဖြစ်သူဆုံးသွားပါတယ်။သူ့ဖခင်မသေခင်က မှာသွားတဲ့အတိုင်း ဖခင်ရဲ့သူငယ်ချင်းရှိရာ ဒေလီကို ပါဝန် ထွက်လာခဲ့ပါတယ်။ဒေလီကိုသွားဖို့စီးလာတဲ့ ကားစပယ်ယာက ကားခကို မိန်းကလေးတစ်ယောက်ကို ပြန်အမ်းရမယ့်ငွေနဲ့တွဲပြီး ပြန်အမ်းပေးတာကြောင့် အဲဒီမိန်းမပျိုလေးနဲ့ ဘုကျခဲ့ပါတယ်။ဒေလီမှာ ဖခင်ဖြစ်သူရဲ့ သူငယ်ချင်းအိမ်ရောက်တော့ ကားအတူတူစီးလာတဲ့ မိန်းမပျိုဟာ အဲဒီအိမ်ရှင့်သမီး ရာဆီကာဆိုသူ ဖြစ်နေပါတော့တယ်။ရာဆီကာနဲ့ ပါဝန် တစ်အိမ်တည်းအတူတူနေရင်း ပါဝန် ရိုးအလွန်းပုံကို ရာဆီကာ သိလာပါတယ်။ရာဆီကာ ကို မိဘချင်း သဘောတူထားသူက လာရောက်စေ့စပ်တဲ့အခါ ရာဆီကာ က ပါဝန်ကိုပဲ ချစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။
ရာဆီကာ့ ဖခင်က ပါဝန် ကို ၅ နှစ်အတွင်း အိမ်တစ်လုံးပိုင်အောင်လုပ်နိုင်ရင် သမီးနဲ့ပေးစားမယ်။မဟုတ်ရင်တော့ မပေးစားဘူးလို့ပြောထားပါတယ်။

ပါဝန်ဟာ ဘာသာတရားကို အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး ရာမနတ်ဘုရားကို အထူးယုံကြည်သူဖြစ်ပါတယ်။ဒါ့အပြင် လိမ်ညာမပြောရုံသာမက၊ ပြောတဲ့အတိုင်း လုပ်ကိုင်တတ်သူဖြစ်ပါတယ်။တစ်နေ့တော့ ရာမနတ်ဘုရားပူဇော်ပွဲမှာ ပါဝင်ဆင်နွှဲရင်း ဆိုင်တစ်ဆိုင်မှာ အမောပြေစားသောက်နေတုန်း ၆ နှစ်အရွယ် မိန်းကလေးလေးက သူစားသောက်နေပုံကို မျက်တောင်မခတ်ရပ်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။ကလေးမလေးကို ပါဝန် ကခေါ်ပြီး ပေါင်မုန့်နဲ့ နွားနို့ကျွေးပါတယ်။ကလေးမလေးစားသောက်နေတုန်း ဆိုင်မှာထားခဲ့ပြီးပြန်ထွက်လာတော့ ကလေးမလေးက သူ့နောက်ကထပ်ချပ်မခွာလိုက်ပါလာတာတွေ့လို့ စကားပြောကြည့်မှ ကလေးမလေးဟာ စကားမပြောနိုင်သူမှန်း သိသွားပါတယ်။ဒီလိုနဲ့ ဒီကလေးမလေးကို သူနေတဲ့အိမ်ကိုခေါ်လာပြီး မွန်နီလို့ နာမည်ပေးလိုက်ပါတယ်။

တကယ်တော့ ဒီကလေးမလေးဟာ အိန္ဒိယကမဟုတ်ဘဲ၊ ပါကစ္စတန်နိုင်ငံက ရွာလေးတစ်ရွာကပါ။သူ့နာမည်က ရှာဟီဒါပါ။၆ နှစ်အရွယ်မှာ ဆော့ကစားရင်း တောင်အောက်ကိုပြုတ်ကျပြီး စကားမပြောနိုင်ဖြစ်သွားတာပါ။အမေလုပ်သူက ရှာဟီဒါ ကို စစ်ဆေး ဆေးကုပေးဖို့ ရထားနဲ့ခေါ်လာတုန်း လမ်းမှာရထားခဏရပ်ပါတယ်။ရထားလမ်းဘေးက တောစပ်မှာ သိုးလေးတစ်ကောင်ကိုမြင်လိုက်တဲ့ ရှာဟီဒါ က ရထားအောက်ဆင်းပြီး သိုးလေးကိုပွတ်သတ်ကစားနေတုန်း ရထားထွက်သွားလို့ သူကျန်ခဲ့ပါတယ်။နောက်လာတဲ့ရထားပေါ် ရှာဟီဒါ တက်ပြီးလိုက်လာပေမဲ့ သူလိုက်လာတဲ့ရထားက ကုန်ရထားဖြစ်နေပါတယ်။သူ့အမေပါသွားတဲ့ရထားနဲ့ ရှာဟီဒါ ပါလာတဲ့ရထားက လမ်းခွဲမှာ ရထားတစ်စင်းနဲ့တစ်စင်း လမ်းကွဲသွားပါပြီ။ဒီလိုနဲ့ ဒေလီကလမ်းတွေပေါ် လျှောက်သွားနေတုန်း ပါဝန်နဲ့ တွေ့ကြတာပါ။

နောက်တော့ မွန်နီဟာ မူဆလင်လူမျိုး ပါကစ္စတန်နိုင်ငံကဆိုတာကို ပါဝန်တို့ အိမ်သားတွေသိသွားကြပါတယ်။ဇာတ်မြင့် - ဇာတ်နိမ့် ခွဲခြားတဲ့ ပါဝန့်ယောက္ခမလောင်းက မွန်နီ ကို ပြန်ပို့ခိုင်းပါတော့တယ်။မွန်နီ ကို ပါကစ္စတန်သံရုံးက တဆင့်ပြန်ပို့ဖို့ကြိုးစားတော့လည်း ဗီဇာမပြနိုင်လို့မရပါဘူး။
အေးဂျင့်တစ်ခုကို ငွေပေးပြီးပို့ခိုင်းတော့လည်း အေးဂျင့်က လူကုန်ကူးဂိုဏ်းဖြစ်နေပြီး မွန်နီ ကို လိင်လုပ်ငန်းလုပ်တဲ့အိမ်ဆီ တဆင့်ပြန်ရောင်းစားလိုက်ပါတယ်။အဲဒါကို ပါဝန် က ချက်ခြင်းရိပ်မိပြီး မွန်နီ ကို လိုက်ကယ်ရပြန်ပါတယ်။ပါဝန်တစ်ယောက် ဘုရားကျောင်းထဲဝင် ရာမနတ်ဘုရားကို ဝတ်ပြုကန်တော့ပြီး မွန်နီ ကို အိမ်ရောက်တဲ့ထိ ပို့ပေးပါမယ်လို့ ကတိပြုလိုက်ပါတယ်။

သူ့မှာရော မွန်နီမှာပါ ဗီဇာမရှိလို့ အိန္ဒိယ - ပါကစ္စတန် နယ်စပ်ကဝင်ဖို့လုပ်ပါတယ်။နယ်စပ်မှာ ဟိုဘက်၊ ဒီဘက် နှစ်ဘက်စလုံးက သံဆူးကြိုးတွေကာထားပါတယ်။နယ်စပ်ကို တရားမဝင် လူအသယ်အပို့လုပ်ပေးနေတဲ့ ဂျစ်ကားနဲ့ သူတို့လိုက်ခဲ့ကြပါတယ်။အဲဒီကားသွားတဲ့လမ်းက နှစ်နိုင်ငံနယ်စပ် အကာအရံတွေအောက်မှာ ခိုးဖောက်ထားတဲ့ ဥမင်လိုဏ်ခေါင်းလမ်းပါ။သူတို့ ပါကစ္စတန်ဘက်ရောက်တာနဲ့ လုံခြုံရေးတွေဝိုင်းထားတာကို ခံရပါတော့တယ်။သေနတ်နဲ့ချိန်ထားတဲ့ လုံခြုံရေးစစ်သားတွေမေးသမျှ ပါဝန် က အမှန်အတိုင်းဖြေနေတော့ စစ်သားတွေက ပါဝန် ကို အရူးလို့ထင်လာကြပါတယ်။စစ်ဗိုလ်လုပ်သူကစဉ်းစားပြီး ပါဝန် ကို ပါကစ္စတန်ထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့ ပါဝန် ပြန်ထွက်လာရင် ဒီနယ်စပ်ဂိတ်ကပဲပြန်ထွက်ပါမယ်ဆိုတဲ့ ကတိကိုတောင်းပါတယ်။ပါဝန်ကလည်း ရာမနတ်ဘုရားကို ကိုးကွယ်သူဖြစ်တဲ့အတွက် မညာဘူး၊ ကတိတည်ပါမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီသတင်းဟာ ပါကစ္စတန်ရဲတွေဆီ ရောက်သွားပါတယ်။ပါကစ္စတန်ရဲတွေက သူတို့နှစ်ယောက်ကို ဖမ်းမိသွားချိန်မှာ ပါဝန် ဘယ်လိုရှင်းပြပါစေ၊ ပါဝန် ကို အိန္ဒိယသူလျှိုလို့ (ထောက်လှမ်းရေးဒလျှို) တထစ်ချယူဆကြပါပြီ။သူတို့နှစ်ယောက် ရဲလက်ထဲကထွက်ပြေးချိန်မှာ နောက်က ရဲတွေလိုက်လာသလို၊ သတင်းထောက်တစ်ယောက်ကလည်း သတင်းယူဖို့လိုက်လာပါတယ်။ပါဝန်တို့ စီးလာတဲ့ကားပေါ်မှာ ရုပ်ဖျက်ထားတဲ့ သတင်းထောက်ပါလာပြီး သတင်းထောက်က ပါဝန် ပြောတာတွေဟာ အမှန်ဖြစ်ကြောင်းသိသွားပါတယ်။ပါဝန်ရဲ့ ရိုးသားမှုနဲ့ မေတ္တာစေတနာကိုနားလည်သွားတဲ့၊ သတင်းထောက်က ရဲကိုသတင်းအမှန်ပြန်မပို့တော့ဘဲ။မွန်နီရဲ့ရွာကို ရောက်ရှိရေးအတွက် ကူညီပါတော့တယ်။နောက်ဆုံး အခက်အခဲမျိုးစုံကြားက မွန်နီ ကို ပို့ပေးရမယ့်ရွာဟာ ဘယ်ရွာဆိုတာသိရချိန်မှာ ရဲတွေကလည်း သူတို့ကိုတောနင်းရှာကြပါပြီ။ပါဝန် က ဉာဏ်သုံးပြီး လူလုံးထွက်ပြလိုက်ပါတယ်။ရဲတွေက သူ့နောက်ကို သဲကြီးမဲကြီးလိုက်အောင်လှည့်ထုတ်ပြီး အဖမ်းခံလိုက်ပါတယ်။ဒီအချိန်မှာ သတင်းထောက်က မွန်နီတို့ရွာကို အရောက်သွားပြီး မွန်နီ ကို သူ့အမေဆီပို့ပေးနိုင်ခဲ့ပါတယ်။ပြီးတော့ ဒီဖြစ်ရပ်ကို သူတို့ပြေးလာတဲ့ လမ်းတလျှောက်လုံး သူရိုက်လာတဲ့ဗီဒီယိုကို  ရုပ်သံလိုင်းတစ်လိုင်းနဲ့ချိတ်ပြီး တင်ပေးလိုက်ပါတယ်။ဒီအချိန်မှာ ပါကစ္စတန်ရဲအရာရှိကြီး လိုချင်တာက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါဝန် က သူဟာ အိန္ဒိယဒလျှို (သူလျှို) လို့ ဝန်ခံတဲ့ ဝန်ခံချက်ပါ။

ဒီဝန်ခံချက်ထွက်လာဖို့ ပါဝန် ကို အမျိုးမျိုးရိုက်နှက်ညှဉ်းဆဲနေတုန်း ရုပ်သံလိုင်းက ပါဝန်တို့ရဲ့ အဖြစ်မှန်ကို ထုတ်လွှင့်ပြနေသလို သတင်းစာတွေကလည်း ဖော်ပြကြပါပြီ။ဒီလိုနဲ့ ပါဝန် ပြန်လွတ်လာပါတယ်။ပါဝန် က သူ့ကတိအတိုင်း ပါကစ္စတန်နယ်စပ်ဂိတ်ကတဆင့်ပြန်ဖို့ နယ်စပ်ကိုလာခဲ့ပါတယ်။ရာဆီကာတို့ တစ်မိသားစုလုံးနဲ့ အိန္ဒိယပြည်သူတွေက အိန္ဒိယဘက်က နယ်စပ်ခြံစည်းရိုးနောက်မှာ အုံနဲ့ကျင်းနဲ့ရောက်နေသလို၊ ပါဝန် ကို နှုတ်ဆက်ဖို့ ပါကစ္စတန်လူထုကလည်း သူတို့ဘက်က နယ်စပ်ခြံစည်းရိုးနား ရောက်နေကြပါပြီ။မွန်နီလို့ ပါဝန် နာမည်ပေးထားတဲ့ ရှာဟီဒါလည်း အပြေးအလွှားရောက်လာပါတယ်။သူတို့ဘက်ကိုကျောခိုင်းပြီး အိန္ဒိယနယ်မြေထဲ ဝင်လုလု ပါဝန် ကို ကြည့်ရင်း သူ့ပါးစပ်လေး တဟဟဖြစ်လာပြီး အန်ကယ်လ်လို့ အော်ခေါ်လိုက်ပါတယ်။ရှာဟီဒါ စကားပြန်ပြောနိုင်ပါပြီ။

ရှာဟီဒါ နှုတ်က အန်ကယ်လ်လို့ ပထမဆုံးလှမ်းခေါ်တဲ့စကားကို ခက်ခက်ခဲခဲ ထစ်ငေါ့အသံထွက်ရပေမဲ့၊ နောက်ပိုင်းမှာတော့ အန်ကယ်လ်ဆိုတဲ့ စကားလုံးကို အလွယ်တကူကျယ်ကျယ်လောင်လောင် ခေါ်နိုင်သွားပါတယ်။ဒါ့အပြင် ရှာဟီဒါ က “အရှင်ရာမကို ကိုးကွယ်ပါတယ်” လို့ လှမ်းအော်လိုက်ပါတယ်။ဒီစကားဟာ ရှာဟီဒါတစ်ယောက် ပါဝန်နဲ့ စတွေ့ချိန်ကစပြီး သူအိမ်ပြန်ရောက်ခါနီးအချိန်ထိ ပါဝန်ဆီက နေ့စဉ်ကြားနေရတဲ့စကားပါ။ပါဝန် က အိန္ဒိယနယ်နမိတ်ထဲမဝင်ဘဲ ပြန်လှည့်လာပါတယ်။ရှာဟီဒါကလည်း သူတို့ဘက်က နယ်စပ်ဂိတ်ကထွက်လာပါတယ်။
သူတို့နှစ်ယောက် နှစ်နိုင်ငံနယ်စပ်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လိုက်ကြပါတယ်။နယ်စပ်ခြံစည်းရိုး တစ်ဘက်တစ်ချက်မှာတော့ ဝမ်းသာမျက်ရည်ဝဲနေတဲ့ နှစ်နိုင်ငံကပြည်သူတွေ။

အေးချမ်းသာယာချင်ကြတဲ့ ကျွန်မတို့ဟာ လူမျိုးခွဲခြားမှု၊ ဇာတ်နိမ့် - ဇာတ်မြင့်ခွဲခြားမှု၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာကွဲပြားမှု၊ အသားအရောင်ကွဲပြားမှု၊ နိုင်ငံရေးအယူဝါဒကွဲပြားမှု စတဲ့ ခွဲခြားမှုတွေ ကွဲပြားမှုတွေကြားမှာ နေထိုင်နေကြရဆဲပါ။ဒီရုပ်ရှင်ကားလေးက လူသားဝါဒထွန်းကားမှသာ လူသားတွေနဲ့ လူ့လောကကို အေးချမ်းသာယာစေမယ်ဆိုတာ ပြသသွားပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးပြီးစီးခဲ့ပါတယ်။၂၀၁၅ မှာ စတင်ပြသခဲ့တာပါ။ဒီရုပ်ရှင်ဟာ အိန္ဒိယမှာသာမက ကမ္ဘာ့နိုင်ငံအတော်များများမှာ ပြသခဲ့ရပြီး ငွေကြေးအရရော၊ အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတစ်ကားပါ။

ကျွန်မတို့ရဲ့ ၂၁ ရာစု တာဝန်ဟာ လူသားဝါဒထွန်းကားရေးပါ။အခုဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါဘေးကြားထဲမှာတောင် စီးပွားရေးအတွက် တိုက်ခိုက်နေသူတွေ၊ အသားအရောင်ကွဲပြားမှုကို ခွဲခြားဆက်ဆံသူတွေကြောင့် ပညာခေတ်ထဲနေထိုင်နေကြပါတယ်ဆိုတဲ့ လူသားတွေ လူရိုင်းပုံပေါက်လာပြီး မအေးချမ်းကြ မငြိမ်းချမ်းနိုင်ကြပါဘူး။လူ့ဘဝရတုန်းရခိုက် လူတိုင်းအေးချမ်းသာယာတဲ့ဘဝမှာ နေချင်ကြပါတယ်။ကိုယ်ချင်းစာတရားနဲ့ တခြားလူတွေလည်း ကိုယ့်လိုပဲ အေးချမ်းသာယာတဲ့ဘဝလေးထဲ နေချင်ကြပေလိမ့်မယ်ဆိုတဲ့ စာနာစိတ်နဲ့ လူသားဝါဒရှင်သန်ဖို့ ကြိုးပမ်းကြပါစို့။

ခင်နှင်းဦး
ဇွန် - ၁၀
( Zawgyi )
လူ႔ဘဝကို တိုေတာင္းတယ္လို႔ ေျပာတဲ့သူကေျပာၿပီး လူ႔ဘဝခရီးဟာ ရွည္လ်ားၾကမ္းတမ္းလွပါတယ္ရယ္လို႔ ညည္းညဴခ်င္သူေတြက ညည္းညဴတတ္ၾကတာ လူသားတို႔သဘာဝပါ။တကယ္ေတာ့ ဆင္းရဲခ်မ္းသာမေ႐ြး၊ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး၊ လူတိုင္းလူတိုင္းဟာ ကိုယ့္ဘဝကိုယ္ခုံမင္လွၾကပါတယ္။ဘဝကိုရလာၿပီး ရွင္သန္ရတဲ့အခိုက္အတန႔္ေလးမွာ လူတိုင္းသာယာေအးခ်မ္းတဲ့ဘဝကို ျဖတ္သန္းခ်င္ၾကတာပါ။ဒါေပမဲ့ လူသားေတြဟာ ရခဲတဲ့လူ႔ဘဝမွာ တကယ္ၿငိမ္းၿငိမ္းခ်မ္းခ်မ္း သာသာယာယာျဖတ္သန္းၾကရပါရဲ႕လား။

ကြၽန္မတို႔ရဲ႕ ဘိုးဘြားမိဘေတြဟာ ဒုတိယကမာၻစစ္နဲ႔ႀကဳံခဲ့ၾကရပါတယ္။စစ္အတြင္းမွာ ဂ်ပန္အဝင္ အဂၤလိပ္အထြက္ ႀကဳံရတဲ့စစ္ပြဲေတြနဲ႔ အဂၤလိပ္ျပန္အဝင္၊ ဂ်ပန္ျပန္အထြက္မွာ ႀကဳံရခဲ့ရတဲ့ စစ္ေဘးစစ္ဒဏ္ေတြဟာ ဘယ္ေလာက္ေၾကာက္မက္ဖြယ္ဆိုးဝါးတယ္ဆိုတာ ျပန္ေျပာျပၾကပါတယ္။
ဒါတင္မက ဂ်ပန္ေခတ္မွာ အစားအစာ၊ အဝတ္နဲ႔ ေဆးဝါးရွားပါးလွတဲ့အျဖစ္ေတြ၊ ပလိပ္ေရာဂါကပ္ေဘးႀကဳံရပုံေတြကို ျပန္ေျပာျပၾကပါတယ္။စာေတြထဲမွာ ေၾကာက္မက္ဖြယ္ ဒီေခတ္ေတြကိုျဖတ္သန္းရတဲ့ လူသားေတြရဲ႕ဘဝအမ်ိဳးမ်ိဳးကို ျမင္ေတြ႕ရပါတယ္။ကေလးဘဝကစၿပီး ဒီကေန႔ အသက္ ၆၀ ေက်ာ္လာခ်ိန္ထိ ျမင္ေတြ႕ေနရတာကေတာ့ ကြၽန္မတို႔ႏိုင္ငံရဲ႕ မၿပီးဆုံးႏိုင္ေသးတဲ့ ျပည္တြင္းစစ္ပါ။စစ္ပြဲေတြနဲ႔ေဝးရာေနရာမွာေနရေပမဲ့ စစ္ပြဲျဖစ္ေနတာေတြ၊ ဟိုဘက္ဒီဘက္ ေသၾကေၾကၾကတာေတြ၊ ၾကားထဲက ေျမစာပင္ဘဝနဲ႔ စစ္ေျပးစစ္ေရွာင္ၾကရရွာတဲ့ ေဒသခံတိုင္းရင္းသားေတြရဲ႕ သတင္းေတြ၊ ပုံရိပ္ေတြကို ျမင္ေတြ႕ေနရတဲ့ ျမန္မာျပည္သူေတြရဲ႕ ဘဝေတြကေရာ၊ စစ္ပြဲထဲ တနည္းမဟုတ္တနည္း ပါဝင္ပတ္သက္ေနရသူေတြနဲ႔ စစ္ေဘးဒဏ္သင့္သူေတြ ဘယ္လိုမွ ဘဝမွာတင္းျပည့္က်ပ္ျပည့္ ေပ်ာ္႐ႊင္ၿငိမ္းခ်မ္းမႈကို ခံစားခြင့္မရၾကပါဘူး။

သိပၸံနဲ႔နည္းပညာ အင္မတန္တိုးတက္ေနတဲ့ ၂၁ ရာစု ပညာေခတ္ထဲမွာ ေနထိုင္ရတာမို႔ တစ္ကမာၻလုံးနဲ႔ဆိုင္တဲ့ ေၾကာက္မက္ဖြယ္ေရာဂါေဘးေပၚလာမယ္လို႔ ဘယ္သူမွ စိတ္ကူးနဲ႔ေတာင္မေတြးခဲ့ၾကေပမဲ့ မ်က္စိနဲ႔မျမင္ရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဆိုတာေလးေရာက္လာၿပီး၊ လူသားေတြကို ေမႊေႏွာက္ပစ္လိုက္ပါတယ္။မ်က္စိနဲ႔မျမင္ရတဲ့ ဒီဗိုင္းရပ္စ္ပိုးေလးေတြက ျပင္းထန္အဆုတ္ေရာင္ ကိုဗစ္-၁၉ ေရာဂါျဖစ္ေစတာက လူေတြအားလုံး အထိတ္တလန႔္ျဖစ္ၾကရျပန္ပါတယ္။တိုးတက္ဖြံ႕ၿဖိဳးလွပါတယ္ဆိုတဲ့ ကမာၻ႔နံပါတ္တစ္ အေမရိကန္လိုႏိုင္ငံမွာေတာင္ ေရာဂါကူးသူေတြမ်ားျပားလြန္းၿပီး  ေသေပ်ာက္ႏႈန္းအမ်ားဆုံး ႏိုင္ငံစာရင္းေတာင္ ဝင္သြားပါေတာ့တယ္။

ခ်မ္းသာႂကြယ္ဝရင္ ၿငိမ္းခ်မ္းသာယာမယ္ မထင္လိုက္ၾကပါနဲ႔။ကိုဗစ္-၁၉ ေရာဂါကပ္ေဘး ိုက္ေနခ်ိန္မွာေတာင္ အေမရိကန္နဲ႔ တ႐ုတ္တို႔ ဆက္ရန္ေစာင္ေနၾကတာက ခ်မ္းသာ႐ုံနဲ႔ လူသားေတြမၿငိမ္းခ်မ္းႏိုင္ၾကဘူးဆိုတာကို အထင္းသားျမင္ေနရပါတယ္။ကိုယ့္တိုင္းျပည္ကို ျပန္ၾကည့္ေတာ့လည္း ရွိသမွ်အင္အားေလးနဲ႔ အစိုးရ-ျပည္သူ လက္တြဲၿပီး ဒီေရာဂါကိုရင္ဆိုင္ေနရတဲ့ အေျခအေနကတစ္ဘက္၊ တိုက္ပြဲေတြမရပ္ႏိုင္တဲ့ ရခိုင္အေရးကတစ္ဘက္၊ ဒီၾကားထဲ ႀကိဳၾကားႀကိဳၾကား ဟိုေနရာမွာတိုက္ပြဲျဖစ္လိုက္၊ ဒီေနရာမွာဗုံးေပါက္လိုက္ျဖစ္ေနတာေတြ ၾကားေနရေတာ့၊ ဆင္လည္းဆင့္အထြာနဲ႔၊ ပု႐ြက္ဆိတ္လည္း ပု႐ြက္ဆိတ္အထြာနဲ႔ မေအးခ်မ္းၾကတာ၊ စိတ္ဒုကၡ၊ ကိုယ္ဒုကၡေတြ ခံစားၾကရတာကို ပိုနားလည္လာပါတယ္။ဒီၾကားထဲ တစ္ကမာၻလုံး ႏိုင္ငံအားလုံး လူအားလုံး ထပ္ၿပီးရင္ဆိုင္ရၾကရတာက၊ စီးပြားေရးပါ။လူတိုင္းလိုလို ဝင္ေငြေလ်ာ့က်သြားပါတယ္။
ႏိုင္ငံတိုင္းရဲ႕ စီးပြားေရးေတြ ထုံထိုင္းတုန႔္ဆိုင္းသြားတဲ့အျဖစ္ကို ရင္ဆိုင္ၾကရပါတယ္။

ငယ္ငယ္တုန္းက လူႀကီးသူမေတြကိုရွိခိုးရင္ သူတို႔ေပးတတ္တဲ့ဆုက “ကပ္ႀကီး ၃ ပါး ေက်ာ္လႊားႏိုင္ၾကပါေစ” တဲ့။ေပးသူကေပးလို႔သာ ၾကားလိုက္နားေထာင္လိုက္ရတာကလား။ကပ္ႀကီး ၃ ပါးကို ဇာခ်ဲ႕မေတြးမိေပါင္။ခပ္႐ႊတ္ေနာက္ေနာက္ သူငယ္ခ်င္းကေတာ့ အဘိုးအဘြားလူႀကီးေတြ ကြယ္သြားတာနဲ႔ ကပ္ႀကီး ၃ ပါးဆိုေတာ့ အလဲ့ ပိတ္စျဖတ္တဲ့ကတ္ေၾကးဆိုတာ ဘုန္းႀကီးေတြနဲ႔တစ္ဂိုဏ္းထဲကိုးလို႔ ေျပာင္ျပက္ျပက္ေျပာတတ္ပါတယ္။ခုေတာ့ အသက္အ႐ြယ္နဲ႔ ေတြ႕ႀကဳံလာရတဲ့အျဖစ္ေတြက ကပ္ႀကီး ၃ ပါးအေၾကာင္းကို စဥ္းစားေစပါေတာ့တယ္။

ေရာဂါႏၲရကပ္ ( ေရာဂါဆိုးအထူးႏွိပ္စက္ေသာကာလ)၊ သတၱႏၲရကပ္ ( ဓားလက္နက္တို႔ျဖင့္ သတ္ျဖတ္ၾကသည့္ကာလ)၊ ဒုဗၻိကၡႏၲရကပ္ (အစားအစာငတ္မြတ္ေခါင္းပါးေသာကာလ) ဆိုတဲ့ လူႀကီးေတြက လြတ္ပါေစလို႔ဆုေပးတဲ့ ကပ္ႀကီး ၃ ပါးအေၾကာင္းကို ကိုဗစ္ေရာဂါျဖစ္ေနတုန္း ရခိုင္ကတိုက္ပြဲသတင္းေတြ၊ အေသအေပ်ာက္သတင္းေတြေၾကာင့္ ေတြးမိပါတယ္။ကပ္ႀကီး ၃ ပါးအေၾကာင္း၊ ကိုယ့္ႏိုင္ငံအျဖစ္အပ်က္ေတြနဲ႔ ယွဥ္စဥ္းစားေကာင္းေနတုန္း ေမ ၂၅ ရက္ေန႔မွာ အျဖစ္ဆိုးတဲ့ေသသြားရရွာတဲ့ ေဂ်ာ့ဖလြိဳက္ ကို အေၾကာင္းျပဳၿပီး အေမရိကန္မွာ ပြက္ေလာ႐ိုက္ကုန္ပါတယ္။အဲဒီလူျဖဴလူမည္းခြဲျခားျခင္းက အစျပဳတဲ့မီးက တျခားဥေရာပႏိုင္ငံေတြကိုပါ ကူးစက္သြားပါတယ္။လူေတြလမ္းမေပၚထြက္လာၾကတယ္။အေမရိကန္မွာဆို ဆိုင္ေတြအဖ်က္ခံရ၊ ပစၥည္းေတြ ကားေတြ၊ အေဆာက္အအုံေတြ မီးရႈိ႕ခံရတဲ့ထိ အၾကမ္းဖက္လုပ္ရပ္ေတြပါလာပါတယ္။တစ္ဘက္မွာ ကိုဗစ္ေရာဂါ၊ ေနာက္တဘက္မွာ လူထုအုံႂကြေပါက္ကြဲမႈက အေမရိကန္ပုံရိပ္ကို ကမာၻ႔အလယ္မွာ အႀကီးအက်ယ္က်ဆင္းေစပါေတာ့တယ္။

ဒီအနိဌာ႐ုံေတြေၾကာင့္ စိတ္ေနာက္က်ိေနတုန္း မဇၩိမ႐ုပ္သံလိုင္းက ျပသြားတဲ့ ဟင္ဒီ႐ုပ္ရွင္ကားတစ္ကားကို အမွတ္မထင္ၾကည့္မိပါတယ္။ဒီကားေလးနာမည္က ဘာဂ်ီယန္ကီဘိုင္ဂ်န္ (Bajrnagi Bhaijaan) ပါတဲ့။ဇာတ္ကားနာမည္အဓိပၸာယ္ကို ဝီကီပီးဒီးယားက အစ္ကိုႀကီးဘာဂ်ီယန္ကီလို႔ ေပးထားပါတယ္။ဟိႏၵဴမိတ္ေဆြကေတာ့ (Bajrnagi ဆိုတာ တန္ဖိုးထားေလးစားရတဲ့ ရာမနတ္ဘုရားလို႔ ဆိုလိုတာပါတဲ့။ဒီဇာတ္ကားမွာ အဓိကဇာတ္ေဆာင္ ၃ ဦးပါဝင္ပါတယ္။ပါဝန္အျဖစ္ ဟင္ဒီနာမည္ႀကီးမင္းသား (Salman Khan)၊ ဒုတိယဇာတ္လိုက္အျဖစ္ ကေလးသ႐ုပ္ေဆာင္ (Harshaali Malhotra)၊ ဇာတ္ရံသ႐ုပ္ေဆာင္အျဖစ္ မင္းသမီး (Kareena Kapoor Khan) တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

ပါဝန္ဟာ ႐ိုးသားလြန္းသူျဖစ္ေပမဲ့ ပညာေရးဘက္မွာမထူးခြၽန္ပါဘူး။စာေမးပြဲခဏခဏက်လို႔ ဖခင္ျဖစ္သူက႐ိုက္ႏွက္တာ မၾကာခဏခံရသူပါ။ပါဝန္ ၁၀ တန္းေအာင္တဲ့ႏွစ္မွာပဲ ဖခင္ျဖစ္သူဆုံးသြားပါတယ္။သူ႔ဖခင္မေသခင္က မွာသြားတဲ့အတိုင္း ဖခင္ရဲ႕သူငယ္ခ်င္းရွိရာ ေဒလီကို ပါဝန္ ထြက္လာခဲ့ပါတယ္။ေဒလီကိုသြားဖို႔စီးလာတဲ့ ကားစပယ္ယာက ကားခကို မိန္းကေလးတစ္ေယာက္ကို ျပန္အမ္းရမယ့္ေငြနဲ႔တြဲၿပီး ျပန္အမ္းေပးတာေၾကာင့္ အဲဒီမိန္းမပ်ိဳေလးနဲ႔ ဘုက်ခဲ့ပါတယ္။ေဒလီမွာ ဖခင္ျဖစ္သူရဲ႕ သူငယ္ခ်င္းအိမ္ေရာက္ေတာ့ ကားအတူတူစီးလာတဲ့ မိန္းမပ်ိဳဟာ အဲဒီအိမ္ရွင့္သမီး ရာဆီကာဆိုသူ ျဖစ္ေနပါေတာ့တယ္။ရာဆီကာနဲ႔ ပါဝန္ တစ္အိမ္တည္းအတူတူေနရင္း ပါဝန္ ႐ိုးအလြန္းပုံကို ရာဆီကာ သိလာပါတယ္။ရာဆီကာ ကို မိဘခ်င္း သေဘာတူထားသူက လာေရာက္ေစ့စပ္တဲ့အခါ ရာဆီကာ က ပါဝန္ကိုပဲ ခ်စ္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။
ရာဆီကာ့ ဖခင္က ပါဝန္ ကို ၅ ႏွစ္အတြင္း အိမ္တစ္လုံးပိုင္ေအာင္လုပ္ႏိုင္ရင္ သမီးနဲ႔ေပးစားမယ္။မဟုတ္ရင္ေတာ့ မေပးစားဘူးလို႔ေျပာထားပါတယ္။

ပါဝန္ဟာ ဘာသာတရားကို အလြန္ကိုင္းရႈိင္းသူျဖစ္ၿပီး ရာမနတ္ဘုရားကို အထူးယုံၾကည္သူျဖစ္ပါတယ္။ဒါ့အျပင္ လိမ္ညာမေျပာ႐ုံသာမက၊ ေျပာတဲ့အတိုင္း လုပ္ကိုင္တတ္သူျဖစ္ပါတယ္။တစ္ေန႔ေတာ့ ရာမနတ္ဘုရားပူေဇာ္ပြဲမွာ ပါဝင္ဆင္ႏႊဲရင္း ဆိုင္တစ္ဆိုင္မွာ အေမာေျပစားေသာက္ေနတုန္း ၆ ႏွစ္အ႐ြယ္ မိန္းကေလးေလးက သူစားေသာက္ေနပုံကို မ်က္ေတာင္မခတ္ရပ္ၾကည့္ေနတာကို ေတြ႕လိုက္ရပါတယ္။ကေလးမေလးကို ပါဝန္ ကေခၚၿပီး ေပါင္မုန႔္နဲ႔ ႏြားႏို႔ေကြၽးပါတယ္။ကေလးမေလးစားေသာက္ေနတုန္း ဆိုင္မွာထားခဲ့ၿပီးျပန္ထြက္လာေတာ့ ကေလးမေလးက သူ႔ေနာက္ကထပ္ခ်ပ္မခြာလိုက္ပါလာတာေတြ႕လို႔ စကားေျပာၾကည့္မွ ကေလးမေလးဟာ စကားမေျပာႏိုင္သူမွန္း သိသြားပါတယ္။ဒီလိုနဲ႔ ဒီကေလးမေလးကို သူေနတဲ့အိမ္ကိုေခၚလာၿပီး မြန္နီလို႔ နာမည္ေပးလိုက္ပါတယ္။

တကယ္ေတာ့ ဒီကေလးမေလးဟာ အိႏၵိယကမဟုတ္ဘဲ၊ ပါကစၥတန္ႏိုင္ငံက ႐ြာေလးတစ္႐ြာကပါ။သူ႔နာမည္က ရွာဟီဒါပါ။၆ ႏွစ္အ႐ြယ္မွာ ေဆာ့ကစားရင္း ေတာင္ေအာက္ကိုျပဳတ္က်ၿပီး စကားမေျပာႏိုင္ျဖစ္သြားတာပါ။အေမလုပ္သူက ရွာဟီဒါ ကို စစ္ေဆး ေဆးကုေပးဖို႔ ရထားနဲ႔ေခၚလာတုန္း လမ္းမွာရထားခဏရပ္ပါတယ္။ရထားလမ္းေဘးက ေတာစပ္မွာ သိုးေလးတစ္ေကာင္ကိုျမင္လိုက္တဲ့ ရွာဟီဒါ က ရထားေအာက္ဆင္းၿပီး သိုးေလးကိုပြတ္သတ္ကစားေနတုန္း ရထားထြက္သြားလို႔ သူက်န္ခဲ့ပါတယ္။ေနာက္လာတဲ့ရထားေပၚ ရွာဟီဒါ တက္ၿပီးလိုက္လာေပမဲ့ သူလိုက္လာတဲ့ရထားက ကုန္ရထားျဖစ္ေနပါတယ္။သူ႔အေမပါသြားတဲ့ရထားနဲ႔ ရွာဟီဒါ ပါလာတဲ့ရထားက လမ္းခြဲမွာ ရထားတစ္စင္းနဲ႔တစ္စင္း လမ္းကြဲသြားပါၿပီ။ဒီလိုနဲ႔ ေဒလီကလမ္းေတြေပၚ ေလွ်ာက္သြားေနတုန္း ပါဝန္နဲ႔ ေတြ႕ၾကတာပါ။

ေနာက္ေတာ့ မြန္နီဟာ မူဆလင္လူမ်ိဳး ပါကစၥတန္ႏိုင္ငံကဆိုတာကို ပါဝန္တို႔ အိမ္သားေတြသိသြားၾကပါတယ္။ဇာတ္ျမင့္ - ဇာတ္နိမ့္ ခြဲျခားတဲ့ ပါဝန႔္ေယာကၡမေလာင္းက မြန္နီ ကို ျပန္ပို႔ခိုင္းပါေတာ့တယ္။မြန္နီ ကို ပါကစၥတန္သံ႐ုံးက တဆင့္ျပန္ပို႔ဖို႔ႀကိဳးစားေတာ့လည္း ဗီဇာမျပႏိုင္လို႔မရပါဘူး။
ေအးဂ်င့္တစ္ခုကို ေငြေပးၿပီးပို႔ခိုင္းေတာ့လည္း ေအးဂ်င့္က လူကုန္ကူးဂိုဏ္းျဖစ္ေနၿပီး မြန္နီ ကို လိင္လုပ္ငန္းလုပ္တဲ့အိမ္ဆီ တဆင့္ျပန္ေရာင္းစားလိုက္ပါတယ္။အဲဒါကို ပါဝန္ က ခ်က္ျခင္းရိပ္မိၿပီး မြန္နီ ကို လိုက္ကယ္ရျပန္ပါတယ္။ပါဝန္တစ္ေယာက္ ဘုရားေက်ာင္းထဲဝင္ ရာမနတ္ဘုရားကို ဝတ္ျပဳကန္ေတာ့ၿပီး မြန္နီ ကို အိမ္ေရာက္တဲ့ထိ ပို႔ေပးပါမယ္လို႔ ကတိျပဳလိုက္ပါတယ္။

သူ႔မွာေရာ မြန္နီမွာပါ ဗီဇာမရွိလို႔ အိႏၵိယ - ပါကစၥတန္ နယ္စပ္ကဝင္ဖို႔လုပ္ပါတယ္။နယ္စပ္မွာ ဟိုဘက္၊ ဒီဘက္ ႏွစ္ဘက္စလုံးက သံဆူးႀကိဳးေတြကာထားပါတယ္။နယ္စပ္ကို တရားမဝင္ လူအသယ္အပို႔လုပ္ေပးေနတဲ့ ဂ်စ္ကားနဲ႔ သူတို႔လိုက္ခဲ့ၾကပါတယ္။အဲဒီကားသြားတဲ့လမ္းက ႏွစ္ႏိုင္ငံနယ္စပ္ အကာအရံေတြေအာက္မွာ ခိုးေဖာက္ထားတဲ့ ဥမင္လိုဏ္ေခါင္းလမ္းပါ။သူတို႔ ပါကစၥတန္ဘက္ေရာက္တာနဲ႔ လုံၿခဳံေရးေတြဝိုင္းထားတာကို ခံရပါေတာ့တယ္။ေသနတ္နဲ႔ခ်ိန္ထားတဲ့ လုံၿခဳံေရးစစ္သားေတြေမးသမွ် ပါဝန္ က အမွန္အတိုင္းေျဖေနေတာ့ စစ္သားေတြက ပါဝန္ ကို အ႐ူးလို႔ထင္လာၾကပါတယ္။စစ္ဗိုလ္လုပ္သူကစဥ္းစားၿပီး ပါဝန္ ကို ပါကစၥတန္ထဲ ဝင္ခြင့္ျပဳလိုက္ပါတယ္။ဒါေပမဲ့ ပါဝန္ ျပန္ထြက္လာရင္ ဒီနယ္စပ္ဂိတ္ကပဲျပန္ထြက္ပါမယ္ဆိုတဲ့ ကတိကိုေတာင္းပါတယ္။ပါဝန္ကလည္း ရာမနတ္ဘုရားကို ကိုးကြယ္သူျဖစ္တဲ့အတြက္ မညာဘူး၊ ကတိတည္ပါမယ္လို႔ ကတိေပးခဲ့ပါတယ္။

ဒီသတင္းဟာ ပါကစၥတန္ရဲေတြဆီ ေရာက္သြားပါတယ္။ပါကစၥတန္ရဲေတြက သူတို႔ႏွစ္ေယာက္ကို ဖမ္းမိသြားခ်ိန္မွာ ပါဝန္ ဘယ္လိုရွင္းျပပါေစ၊ ပါဝန္ ကို အိႏၵိယသူလွ်ိဳလို႔ (ေထာက္လွမ္းေရးဒလွ်ိဳ) တထစ္ခ်ယူဆၾကပါၿပီ။သူတို႔ႏွစ္ေယာက္ ရဲလက္ထဲကထြက္ေျပးခ်ိန္မွာ ေနာက္က ရဲေတြလိုက္လာသလို၊ သတင္းေထာက္တစ္ေယာက္ကလည္း သတင္းယူဖို႔လိုက္လာပါတယ္။ပါဝန္တို႔ စီးလာတဲ့ကားေပၚမွာ ႐ုပ္ဖ်က္ထားတဲ့ သတင္းေထာက္ပါလာၿပီး သတင္းေထာက္က ပါဝန္ ေျပာတာေတြဟာ အမွန္ျဖစ္ေၾကာင္းသိသြားပါတယ္။ပါဝန္ရဲ႕ ႐ိုးသားမႈနဲ႔ ေမတၱာေစတနာကိုနားလည္သြားတဲ့၊ သတင္းေထာက္က ရဲကိုသတင္းအမွန္ျပန္မပို႔ေတာ့ဘဲ။မြန္နီရဲ႕႐ြာကို ေရာက္ရွိေရးအတြက္ ကူညီပါေတာ့တယ္။ေနာက္ဆုံး အခက္အခဲမ်ိဳးစုံၾကားက မြန္နီ ကို ပို႔ေပးရမယ့္႐ြာဟာ ဘယ္႐ြာဆိုတာသိရခ်ိန္မွာ ရဲေတြကလည္း သူတို႔ကိုေတာနင္းရွာၾကပါၿပီ။ပါဝန္ က ဉာဏ္သုံးၿပီး လူလုံးထြက္ျပလိုက္ပါတယ္။ရဲေတြက သူ႔ေနာက္ကို သဲႀကီးမဲႀကီးလိုက္ေအာင္လွည့္ထုတ္ၿပီး အဖမ္းခံလိုက္ပါတယ္။ဒီအခ်ိန္မွာ သတင္းေထာက္က မြန္နီတို႔႐ြာကို အေရာက္သြားၿပီး မြန္နီ ကို သူ႔အေမဆီပို႔ေပးႏိုင္ခဲ့ပါတယ္။ၿပီးေတာ့ ဒီျဖစ္ရပ္ကို သူတို႔ေျပးလာတဲ့ လမ္းတေလွ်ာက္လုံး သူ႐ိုက္လာတဲ့ဗီဒီယိုကို  ႐ုပ္သံလိုင္းတစ္လိုင္းနဲ႔ခ်ိတ္ၿပီး တင္ေပးလိုက္ပါတယ္။ဒီအခ်ိန္မွာ ပါကစၥတန္ရဲအရာရွိႀကီး လိုခ်င္တာက ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ပါဝန္ က သူဟာ အိႏၵိယဒလွ်ိဳ (သူလွ်ိဳ) လို႔ ဝန္ခံတဲ့ ဝန္ခံခ်က္ပါ။

ဒီဝန္ခံခ်က္ထြက္လာဖို႔ ပါဝန္ ကို အမ်ိဳးမ်ိဳး႐ိုက္ႏွက္ညႇဥ္းဆဲေနတုန္း ႐ုပ္သံလိုင္းက ပါဝန္တို႔ရဲ႕ အျဖစ္မွန္ကို ထုတ္လႊင့္ျပေနသလို သတင္းစာေတြကလည္း ေဖာ္ျပၾကပါၿပီ။ဒီလိုနဲ႔ ပါဝန္ ျပန္လြတ္လာပါတယ္။ပါဝန္ က သူ႔ကတိအတိုင္း ပါကစၥတန္နယ္စပ္ဂိတ္ကတဆင့္ျပန္ဖို႔ နယ္စပ္ကိုလာခဲ့ပါတယ္။ရာဆီကာတို႔ တစ္မိသားစုလုံးနဲ႔ အိႏၵိယျပည္သူေတြက အိႏၵိယဘက္က နယ္စပ္ၿခံစည္း႐ိုးေနာက္မွာ အုံနဲ႔က်င္းနဲ႔ေရာက္ေနသလို၊ ပါဝန္ ကို ႏႈတ္ဆက္ဖို႔ ပါကစၥတန္လူထုကလည္း သူတို႔ဘက္က နယ္စပ္ၿခံစည္း႐ိုးနား ေရာက္ေနၾကပါၿပီ။မြန္နီလို႔ ပါဝန္ နာမည္ေပးထားတဲ့ ရွာဟီဒါလည္း အေျပးအလႊားေရာက္လာပါတယ္။သူတို႔ဘက္ကိုေက်ာခိုင္းၿပီး အိႏၵိယနယ္ေျမထဲ ဝင္လုလု ပါဝန္ ကို ၾကည့္ရင္း သူ႔ပါးစပ္ေလး တဟဟျဖစ္လာၿပီး အန္ကယ္လ္လို႔ ေအာ္ေခၚလိုက္ပါတယ္။ရွာဟီဒါ စကားျပန္ေျပာႏိုင္ပါၿပီ။

ရွာဟီဒါ ႏႈတ္က အန္ကယ္လ္လို႔ ပထမဆုံးလွမ္းေခၚတဲ့စကားကို ခက္ခက္ခဲခဲ ထစ္ေငါ့အသံထြက္ရေပမဲ့၊ ေနာက္ပိုင္းမွာေတာ့ အန္ကယ္လ္ဆိုတဲ့ စကားလုံးကို အလြယ္တကူက်ယ္က်ယ္ေလာင္ေလာင္ ေခၚႏိုင္သြားပါတယ္။ဒါ့အျပင္ ရွာဟီဒါ က “အရွင္ရာမကို ကိုးကြယ္ပါတယ္” လို႔ လွမ္းေအာ္လိုက္ပါတယ္။ဒီစကားဟာ ရွာဟီဒါတစ္ေယာက္ ပါဝန္နဲ႔ စေတြ႕ခ်ိန္ကစၿပီး သူအိမ္ျပန္ေရာက္ခါနီးအခ်ိန္ထိ ပါဝန္ဆီက ေန႔စဥ္ၾကားေနရတဲ့စကားပါ။ပါဝန္ က အိႏၵိယနယ္နမိတ္ထဲမဝင္ဘဲ ျပန္လွည့္လာပါတယ္။ရွာဟီဒါကလည္း သူတို႔ဘက္က နယ္စပ္ဂိတ္ကထြက္လာပါတယ္။
သူတို႔ႏွစ္ေယာက္ ႏွစ္ႏိုင္ငံနယ္စပ္ၾကားမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္လိုက္ၾကပါတယ္။နယ္စပ္ၿခံစည္း႐ိုး တစ္ဘက္တစ္ခ်က္မွာေတာ့ ဝမ္းသာမ်က္ရည္ဝဲေနတဲ့ ႏွစ္ႏိုင္ငံကျပည္သူေတြ။

ေအးခ်မ္းသာယာခ်င္ၾကတဲ့ ကြၽန္မတို႔ဟာ လူမ်ိဳးခြဲျခားမႈ၊ ဇာတ္နိမ့္ - ဇာတ္ျမင့္ခြဲျခားမႈ၊ ကိုးကြယ္ယုံၾကည္တဲ့ဘာသာကြဲျပားမႈ၊ အသားအေရာင္ကြဲျပားမႈ၊ ႏိုင္ငံေရးအယူဝါဒကြဲျပားမႈ စတဲ့ ခြဲျခားမႈေတြ ကြဲျပားမႈေတြၾကားမွာ ေနထိုင္ေနၾကရဆဲပါ။ဒီ႐ုပ္ရွင္ကားေလးက လူသားဝါဒထြန္းကားမွသာ လူသားေတြနဲ႔ လူ႔ေလာကကို ေအးခ်မ္းသာယာေစမယ္ဆိုတာ ျပသသြားပါတယ္။ဒီ႐ုပ္ရွင္ကို ၂၀၁၄ ခုႏွစ္မွာ ႐ိုက္ကူးၿပီးစီးခဲ့ပါတယ္။၂၀၁၅ မွာ စတင္ျပသခဲ့တာပါ။ဒီ႐ုပ္ရွင္ဟာ အိႏၵိယမွာသာမက ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ ျပသခဲ့ရၿပီး ေငြေၾကးအရေရာ၊ အႏုပညာအရပါ ေအာင္ျမင္ခဲ့တဲ့ကားတစ္ကားပါ။

ကြၽန္မတို႔ရဲ႕ ၂၁ ရာစု တာဝန္ဟာ လူသားဝါဒထြန္းကားေရးပါ။အခုျဖစ္ေနတဲ့ ကိုဗစ္ကပ္ေရာဂါေဘးၾကားထဲမွာေတာင္ စီးပြားေရးအတြက္ တိုက္ခိုက္ေနသူေတြ၊ အသားအေရာင္ကြဲျပားမႈကို ခြဲျခားဆက္ဆံသူေတြေၾကာင့္ ပညာေခတ္ထဲေနထိုင္ေနၾကပါတယ္ဆိုတဲ့ လူသားေတြ လူ႐ိုင္းပုံေပါက္လာၿပီး မေအးခ်မ္းၾက မၿငိမ္းခ်မ္းႏိုင္ၾကပါဘူး။လူ႔ဘဝရတုန္းရခိုက္ လူတိုင္းေအးခ်မ္းသာယာတဲ့ဘဝမွာ ေနခ်င္ၾကပါတယ္။ကိုယ္ခ်င္းစာတရားနဲ႔ တျခားလူေတြလည္း ကိုယ့္လိုပဲ ေအးခ်မ္းသာယာတဲ့ဘဝေလးထဲ ေနခ်င္ၾကေပလိမ့္မယ္ဆိုတဲ့ စာနာစိတ္နဲ႔ လူသားဝါဒရွင္သန္ဖို႔ ႀကိဳးပမ္းၾကပါစို႔။

ခင္ႏွင္းဦး
ဇြန္ - ၁၀