【 ဆောင်းပါး 】 “ကိုဗစ်-၁၉ နှင့် မိရိုးဖလာဗုဒ္ဓဘာသာများကြားမှ ဝိရောဓိ”

【 ဆောင်းပါး 】 “ကိုဗစ်-၁၉ နှင့် မိရိုးဖလာဗုဒ္ဓဘာသာများကြားမှ ဝိရောဓိ”

ကိုဗစ်-၁၉ ကပ်ရောဂါကြီးက၊ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်လိုက်ပါသည်။နေ့ညမပြတ် မရပ်မနားလှုပ်ရှားနေသော လူသားများနှင့် သူတို့၏ နေ့တဓူဝလုပ်ငန်းများ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအား၊ ကိုဗစ်က ဆွဲခါလှုပ်ယမ်းလိုက်ပြီးနောက် လူသားတို့၏ လုပ်ငန်းစဉ်အားလုံးကို နှေးကွေးလေးလံသွားစေပေသည်။သိပ္ပံနှင့် နည်းပညာရပ်များ နေ့စဉ်တိုးတက်ဖြစ်ထွန်းနေချိန်တွင် သဘာဝအပေါ်အောင်ပွဲခံရန် နေ့ညမပြတ်ကြိုးပမ်းနေကြသော လူသားများကို မမြင်ရသော ဗိုင်းရပ်စ်ပိုးငယ်လေးများက အရှိုက်ကိုပင့်၍ ထိုးနှက်လိုက်ပေသည်။၂၀၂၀ နှစ်ဦးသည် ကမ္ဘာ့လူသားတို့အလယ်၌ ဘွားခနဲပေါ်လာသော ရောဂါကပ်ဘေးနှင့် မမြင်ရသောပိုးငယ်လေးများပြုသမျှ နုရမည့်အဖြစ်မှ လွတ်မြောက်ရန် လူသားများ ခက်ခဲစွာရုန်းကန်အံတုနေကြရသည့် ကာလဖြစ်လာပါတော့သည်။

၂၀၁၉ ဒီဇင်ဘာမှ ၂၀၂၀ ဇန်နဝါရီတစ်လအတွင်း တရုတ်မှသည် အမေရိကန်ထိ ကိုဗစ်-၁၉ ခြေဆန့်သွားသော်လည်း နယ်နမိတ်ချင်းထိစပ်နေသည့် နီးကပ်စွာသော အိမ်နီးချင်း မြန်မာနိုင်ငံကိုမူ ကြောက်စရာဧည့်သည်ကြီးက ကျော်လွှားသွားခဲ့ပါသည်။နေ့စဉ်လိုလို မြန်မာတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူမရှိသေးဟူသော အဖြေက မြန်မာတို့ကို စိတ်သက်သာရာရစေခဲ့ပါသည်။မြန်မာနိုင်ငံတွင် အပူဆုံးကာလများသည် မတ်လမှ မေလကုန်ခါနီးထိ ဖြစ်ပါသည်။ထို့ပြင် မြန်မာတို့၏ နှစ်သစ်ကူးသည် အပူဆုံးကာလ တန်ခူးလ (ဧပြီ) ဖြစ်နေပြန်သည်။ပူပြင်းလှသော တန်ခူးလ၌ မြန်မာတို့၏ နှစ်ကူးအတာသင်္ကြန်ပွဲရှိနေပြီး၊ တပေါင်း၊ တန်ခူးသည် (မတ်နှင့် ဧပြီ) မြန်မာတို့ အလှူအတန်းအပြုဆုံးကာလ၊ ရှင်ပြုဒုလ္လဘပဥ္ဇင်း၊ နားသအလှူများ အပြုဆုံးကာလနှင့် ခရီးအသွားဆုံးကာလဖြစ်ပါသည်။မြန်မာတို့ ပြုမြဲအလှူအတန်းနှင့် မိဖဆွေမျိုးရပ်ထံပြန်ကြမည့် သင်္ကြန်ကာလကို ကိုဗစ်-၁၉ က တားဆီးလိုက်ပါသည်။

၁၂ မတ် ၂၀၂၀ တွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က၊ ကိုဗစ်-၁၉ ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပါသည်။သည်တော့မှ မြန်မာတို့ကို လူစုလူဝေးမပြုလုပ်ရန် စတင်တားမြစ်ခြင်းဖြစ်ပါသည်။ဤတွင် မတ်လဆန်းကပင် ကြိုတင်စီစဉ်ထားကြသည့် မြို့နယ်၊ ကျေးရွာအနှံ့ရှိ ရဟန်းခံရှင်ပြုပွဲများ လှူဒါန်းရေးအခက်တွေ့ကြတော့သည်။ထို့ပြင် မတ် ၂၃ ရက်နေ့၌မြန်မာတွင် ကိုဗစ်လူနာ ၂ ဦး စတင်တွေ့လိုက်ခြင်းကြောင့် လူစုလူဝေးမလုပ်ရန်သာမက၊ တတ်နိုင်သမျှအပြင်မထွက်ဘဲ၊ နေအိမ်များတွင်သာနေကြရန် နှိုးဆော်ချက်များလည်း ထွက်လာပါသည်။ထို့နောက် ကိုဗစ်ကူးစက်ခံထားရသူ ဆယ်ဂဏန်းကျော်လာရာ၊ လူစုလူဝေးမပြုလုပ်ရန်၊ နာရေးကိစ္စမှအပ လူစုလူဝေးမလုပ်ရန် ပိုမိုတင်းကျပ်လာပါသည်။

စာရေးသူတို့ ရပ်ကွက်သည် သာရေး၊ နာရေးအားလုံး လော်စပီကာ ( သို့မဟုတ်) အသံကျယ်လောင်စွာဖွင့်သည့် ဆောင်းဘောက်စ် သုံးကြပါသည်။၂၀၁၉ ကတည်းက အတည်ပြုခဲ့သည့် စည်ပင်ဥပဒေသည် စာရေးသူတို့ရပ်ကွက်တွင် အသက်မဝင်ပေ။အသုဘရက်လည်ကိုလည်း လော်စပီကာ (သို့မဟုတ်) အသံချဲ့စက်သံ ဆူဆူညံ။မင်္ဂလာဆောင်ဧည့်ခံပွဲဆိုလည်း အသံချဲ့စက်သံ ဆူဆူညံ။နာရေးသာရေးအိမ်နှင့် အနီးဝန်းကျင်ကြားသာရုံ အသံမဟုတ်ဘဲ၊ အလွန်ကျယ်လောင်စွာဖွင့်သည့် အသံချဲ့စက်သံကို တားဆီးသူသည် ထိုရပ်ကွက်တွင် လူမှုရေးနားမလည်သူ၊ ဘာသာရေးနားမလည် ဖြစ်ရတော့သည်။ကျယ်လောင်သောအသံ၏ အန္တရာယ်ကိုလည်းနားမလည်ကြ။ထိုသို့ သာရေးနာရေးတွင် စက်ကလေးဖွင့်လိုက်ရမှဆိုသည့် အစွဲကလည်း အရိုးစွဲနေကြသည်။သူတို့တွင် မိရိုးဖလာ ဗုဒ္ဓဘာသာအသိမှလွဲ၍ မှန်ကန်သော ဗုဒ္ဓဘာသာအသိမရှိဟုဆိုပါက လုံးဝလက်ခံမည့် အနေအထားတွင် မရှိကြပေ။

စာရေးသူတို့နှင့် တစ်လမ်းသာခြားသည့် အိမ်မှ အလှူဒါယကာသည် ဤနွေတွင် အကြီးအကျယ် ရဟန်းခံရှင်ပြုပေးရန် ပြင်ဆင်ထားသည်။ရပ်ကွက်ထဲမှ ရဟန်းခံပဥ္ဇင်းတက်မည့်သူများ၊ ရှင်ပြုမည့်ကလေးများအား အလှူဒါယကာက၊ ကွယ်လွန်သူ ဇနီးအတွက် ရည်စူးလှူဒါန်းမည်ဖြစ်သည်။
မဏ္ဍပ်ကြီး ဟိန်းနေအောင်ထိုးထားပြီးမှ ကိုဗစ်ရောဂါကူးစက်သူ ရှိလာပြီဆိုသော အနေအထားအရ၊ ဘုန်းကြီးကျောင်းက လူစုလူဝေးဖြင့် လာခွင့်မပြုတော့ပေ။အလှူဒါယကာကား စိတ်ဓာတ်မကျ။မဏ္ဍပ်သို့ သံဃာတစ်ပါးပါးကိုပင့်၍ ရဟန်းခံရှင်ပြုပေးမည်။သိမ်မဝင်ရသဖြင့် ရဟန်းမပြုတော့မည့်သူများ၊ အမည်စာရင်းပေးထားပြီးမှ ရှင်မပြုတော့ဟု ဖျက်သိမ်းလိုက်သည့် မိဘများလည်းရှိလာသည်။သည်တော့ အလှူဒါယကာက ရဟန်းခံမည့်အစီအစဉ်ကို ဖျက်လိုက်သော်လည်း ကလေးတွေကိုတော့ ရှင်ပြုပေးမည်။

အလှူကို ၃ ရက်လုပ်မည်ဖြစ်ရာ၊ ပထမနေ့တွင် မနက်လင်းလင်းချင်း အသံချဲ့စက်သံဆူညံစွာဖွင့်လျက် မောင်ရှင်လောင်းများနှင့် သူတို့၏မိဘများအား ကားပေါ်တင်ကာ၊ ရပ်ကွက်ကိုပတ်သည်။သည်အသံချဲ့စက် အိမ်ရှေ့မှဖြတ်ချိန်တွင် အသံချဲ့စက်သံအား မိနစ်ပိုင်းမျှသာကြားရသည်ကပင် အတော်နားဒုက္ခရောက်ရပါသည်။သည်နောက် ညနေဘက် ဆံချသည်။နောက်နေ့ ရှင်ပြုကြသည်။ထိုနေ့တစ်နေ့လုံးနီးပါး အသံချဲ့စက်သံ တညံညံနှင့်။နောက်ဆုံး တတိယနေ့ကား စတုဒီသာကျွေးမွေးလှူဒါန်းပွဲနှင့် ရေစက်ချအမျှဝေပွဲဖြစ်ပါသည်။မနက်လင်းကတည်းက ဘယ်သူမဆို ထမင်းလာစားကြပါအော်လိုက်၊ သီချင်းဖွင့်လိုက် လုပ်နေသည့် အသံချဲ့စက်သံကို စာရေးသူ မနည်းသည်းခံနေရပါသည်။နေ့လယ် ၁၁ နာရီကျော်သော် သည်းခံနိုင်စိတ်ကုန်ခမ်းသွားပြီ။အလှူရှင်ကို ပြောနိုင်ဆိုနိုင်ချေရှိသည့် ဆရာမတစ်ဦးထံ ဖုန်းဆက်ရသည်။

“ဆရာမရေ အလှူရှင်ကို သတိပေးလိုက်ပါအုံး။နာရေးကလွဲလို့ တခြားကိစ္စ လူစုလူဝေးမလုပ်ရ ကြေညာထားပြီနော်။တစ်နေကုန် စတုဒီသာကျွေးမယ် ချက်ထားတာတွေကတော့ လာတဲ့သူကျွေးပေါ့၊ အသံချဲ့စက် ဒီလောက်ဖွင့်နေတာ တစ်ဖွဲ့ဖွဲ့ရောက်လာရင် ပြဿနာဖြစ်နိုင်တယ်။”

ရပ်ကွက်ထဲတွင် ကလေးများကို စာဖတ်ဝိုင်းလုပ်ပေးနေသည့် ဆရာမက သွားပြောလိုက်ပုံရပါသည်။အသံချဲ့စက်ပိတ်တော့မည်ဖြစ်ကြောင်း၊ သို့သော် မိုးချုပ်သည့်တိုင် မည်သူမဆို ထမင်းလာစားကြပါရန် ဖိတ်ခေါ် ကြောင်းပြောလျက် စက်သံရပ်သွားပါသည်။နားအေးပြီး စိတ်သက်သာရာရသွားသည်မှာ ပြောဖွယ်မရှိပြီ။တခဏကြာသော် စာရေးသူတို့ သနပ်ခါးတုံးဝယ်နေကြဈေးသည် အညာသူမ ရောက်လာပါသည်။သူတို့လင်မယားက အညာမှလာပြီး ဈေးရောင်းရင်း သည်ရပ်ကွက်တွင်နေကြသည်မှာကြာပြီ။သူ့ကို အားလုံးက အညာသူမဟုသာ ခေါ်ကြ၍ အမည်ရင်းပင် ဘာမှန်းမသိ။အညာသူမသည် မျက်နှာရှုံ့မဲ့လျက် “ရွာမှာ ကြော်လှော်ပြီးသားတွေ ဒယ်လိုက်သိမ်းသွားပြီ။ဒီကနေ နောက်တစ်ပတ်လိုက်ဖို့ ကားလက်မှတ်တွေဖြတ်ထားတာ တစ်သိန်းကျော်ဖိုး။အခုရွာမှာ လူစုလူဝေးနဲ့ အလှူမလုပ်ရဆိုတော့ ဒီနှစ်မပြန်ရတော့ဘူး” ဟု ချူသံပါအောင် ညည်းပါတော့သည်။

သူတို့ဒေသက အလှူလုပ်ရန် မန္တလေး၊ ပခုက္ကူ စသည့် မြို့ကြီးများသို့တက်၍ ဈေးဝယ်ကြသည်။အညာငါးခြောက်ထောင်းကြော်ကျွေးရန် ငါးခြောက်များ၊ ပုဇွန်ခြောက်များကို ရန်ကုန်မှ ဝယ်ပို့ကြသည်။ငါးခြောက်နှပ်၊ ငံပြာရည်ကြော် စသည်တို့ကို ရွာလုံးကျွတ်နှင့် အနီးအပါးရွာများမှ လူများအားကျွေးရန် ကြိုတင်ကြော်ထားလေ့ရှိကြပါသည်။

ငါးခြောက်တွေ ရောက်လာကတည်းက ကျေးရွာလူကြီးက လာတားသည်ဆို၏။သို့သော် ရွာခံများကရော၊ ပစ္စည်းပစ္စယဝယ်ပို့နေသည့် ရန်ကုန်ရောက် အညာသူ အညာသားများကပါ နှစ်စဉ်လှူနေတာကို အဆန်းလုပ်လို့ဟုဆိုလျက် ကြိုတင်ကြော်လှော်ကြသည်။သည်တွင် ဝိုင်းဝန်းလုပ်သူ တပုံတပင်ဖြစ်နေရာ ချက်ပြုတ်ပြီးသားများကို ခဏသိမ်းသွားခြင်းဖြင့် လူစုခွဲပေးလိုက်သတဲ့။

နောက်တစ်နေ့ထုတ် သတင်းစာထဲတွင် နေပြည်တော် နယ်နမိတ်အတွင်းရှိ ရွာများသည် ရဟန်းခံရှင်ပြုမည့် အလှူများကို တားဆီးနေသည့်ကြားမှ လုပ်နေကြသဖြင့် လူစုလူဝေးဖြစ်စေသည်ကို ဥပဒေအရ အရေးယူတော့မည်ဆိုသည့် သတင်းပါလာပါသည်။သည်တွင် မြန်မာတို့၏ နွေရာသီရဟန်းခံရှင်ပြုအလှူပွဲများအပေါ်  မည်မျှသဒ္ဓါစိတ်ထက်သန်လျက် ထမင်းရည်ချောင်းစီးကျွေးရပါမှ လှူရပါမှဆိုသည့် အစွဲမည်မျှကြီးကြောင်းသိလာကာ၊ စိတ်လည်းမကောင်း၊ သနားလည်းသနားမိပါသည်။သို့သော် သည်ရောဂါဆိုးသည် ကပ်ဘေးဖြစ်၍ အတတ်နိုင်ဆုံး ရှောင်ရန်ဆောင်ရန်မှအပ ဘာမှမတတ်နိုင်ပေ။

တစ်နေ့ထက်တစ်နေ့ ကိုဗစ်ပိုး ကူးစက်ခံထားရသူ အယောက် ၂၀ ကျော်လာချေပြီ။အကယ်၍ ပိုမိုကူးစက်သူများလာပါက၊ အထိခိုက်ကြီးထိခိုက်ကြမည်မှာ တစ်နေ့လုပ်တစ်နေ့စား၊ လက်လုပ်လက်စားများ ဖြစ်ကြပါသည်။တစ်လမ်းကျော်မှ အလှူ့ဒါယကာကြီးသာ မိရိုးဖလာဗုဒ္ဓဘာသာတို့ထုံးစံ ရဟန်းခံရှင်ပြုပြီး ထမင်းရည်ချောင်းစီး စတုဒီသာမလှူဘဲ၊ ထိုကုန်ကျမည့်ငွေများအား သိမ်းထားပြီး ကိုဗစ်-၁၉ ကြောင့် စားရေးအခက်တွေ့ကြမည့်သူများကို ဆန်၊ ဆီ၊ ငရတ် ကြက်သွန်၊ ပဲ၊ ဆေးဝါး လှူဒါန်းပါက မည်မျှအကျိုးရှိမည်နည်း။ထမင်းဟင်းများကို မိုးပြဲဒယ်များဖြင့်ချက်ထားပြီး မကုန်၍ တအော်အော် တဟစ်ဟစ် လူခေါ်ကျွေးနေရသည့်အဖြစ်ကို ပြန်သတိရပြီး ကုန်သွားသည့်ငွေများကို နှမြောလှပါသည်။

မြန်မာပြည်တဝန်းတွင် ကျင်းပမည့် ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူပွဲများကို လူစုလူဝေးဖြင့် မကျင်းပရသဖြင့် လူနည်းနည်းနှင့် ကျဲကျဲဝိုင်း လှူဒါန်းပြီးနောက် ပိုလျှံထွက်လာသော ငွေကြေးများအား၊ ဆေးရုံများတွင် လိုအပ်နေသည့် နှာခေါင်းစည်းများ၊ ဆရာဝန်နှင့် သူနာပြုများ ဆေးရုံဝန်ထမ်းများစားသောက်ရန် အစားအစာများ၊ ၁၄ ရက် စောင့်ကြည့်ခံရမည့်သူများ နေထိုင်ကြရသည့် စခန်းအသီးသီးသို့ လိုအပ်သည့်အရာများ ပေးလှူမည်ဆိုပါက၊ ဗုဒ္ဓအလိုကျ အလှူပေးသူနှင့် အလှူလက်ခံသူ နှစ်ဦးနှစ်ဘက်အလွန်အကျိုးရှိမည့် အလှူဖြစ်လာဖြစ်ကြောင်း ရဟန်းခံရှင်ပြုလျက် ထမင်းရည်ချောင်းစီး အလှူပေးရန် စိတ်စေတနာထက်သန်လှသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ အမြင်ပြောင်းလာပါက မမျှော်လင့်သည့် ရောဂါကပ်ဘေးကြောင့် ခေတ်မီဆန်းသစ်သည့် အလှူရှင်များဖြစ်လာပါက ကောင်းလေစွဟု တွေးမိပါတော့သည်။

ခင်နှင်းဦး
ဧပြီ - ၈

( Zawgyi )

ကိုဗစ္-၁၉ ကပ္ေရာဂါႀကီးက၊ ကမာၻႀကီးတစ္ခုလုံးကို ကိုင္လႈပ္လိုက္ပါသည္။ေန႔ညမျပတ္ မရပ္မနားလႈပ္ရွားေနေသာ လူသားမ်ားႏွင့္ သူတို႔၏ ေန႔တဓူဝလုပ္ငန္းမ်ား၊ ႐ိုးရာဓေလ့ ထုံးတမ္းစဥ္လာမ်ားအား၊ ကိုဗစ္က ဆြဲခါလႈပ္ယမ္းလိုက္ၿပီးေနာက္ လူသားတို႔၏ လုပ္ငန္းစဥ္အားလုံးကို ေႏွးေကြးေလးလံသြားေစေပသည္။သိပၸံႏွင့္ နည္းပညာရပ္မ်ား ေန႔စဥ္တိုးတက္ျဖစ္ထြန္းေနခ်ိန္တြင္ သဘာဝအေပၚေအာင္ပြဲခံရန္ ေန႔ညမျပတ္ႀကိဳးပမ္းေနၾကေသာ လူသားမ်ားကို မျမင္ရေသာ ဗိုင္းရပ္စ္ပိုးငယ္ေလးမ်ားက အရႈိက္ကိုပင့္၍ ထိုးႏွက္လိုက္ေပသည္။၂၀၂၀ ႏွစ္ဦးသည္ ကမာၻ႔လူသားတို႔အလယ္၌ ဘြားခနဲေပၚလာေသာ ေရာဂါကပ္ေဘးႏွင့္ မျမင္ရေသာပိုးငယ္ေလးမ်ားျပဳသမွ် ႏုရမည့္အျဖစ္မွ လြတ္ေျမာက္ရန္ လူသားမ်ား ခက္ခဲစြာ႐ုန္းကန္အံတုေနၾကရသည့္ ကာလျဖစ္လာပါေတာ့သည္။

၂၀၁၉ ဒီဇင္ဘာမွ ၂၀၂၀ ဇန္နဝါရီတစ္လအတြင္း တ႐ုတ္မွသည္ အေမရိကန္ထိ ကိုဗစ္-၁၉ ေျခဆန႔္သြားေသာ္လည္း နယ္နမိတ္ခ်င္းထိစပ္ေနသည့္ နီးကပ္စြာေသာ အိမ္နီးခ်င္း ျမန္မာႏိုင္ငံကိုမူ ေၾကာက္စရာဧည့္သည္ႀကီးက ေက်ာ္လႊားသြားခဲ့ပါသည္။ေန႔စဥ္လိုလို ျမန္မာတြင္ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူမရွိေသးဟူေသာ အေျဖက ျမန္မာတို႔ကို စိတ္သက္သာရာရေစခဲ့ပါသည္။ျမန္မာႏိုင္ငံတြင္ အပူဆုံးကာလမ်ားသည္ မတ္လမွ ေမလကုန္ခါနီးထိ ျဖစ္ပါသည္။ထို႔ျပင္ ျမန္မာတို႔၏ ႏွစ္သစ္ကူးသည္ အပူဆုံးကာလ တန္ခူးလ (ဧၿပီ) ျဖစ္ေနျပန္သည္။ပူျပင္းလွေသာ တန္ခူးလ၌ ျမန္မာတို႔၏ ႏွစ္ကူးအတာသၾကၤန္ပြဲရွိေနၿပီး၊ တေပါင္း၊ တန္ခူးသည္ (မတ္ႏွင့္ ဧၿပီ) ျမန္မာတို႔ အလႉအတန္းအျပဳဆုံးကာလ၊ ရွင္ျပဳဒုလႅဘပၪၨင္း၊ နားသအလႉမ်ား အျပဳဆုံးကာလႏွင့္ ခရီးအသြားဆုံးကာလျဖစ္ပါသည္။ျမန္မာတို႔ ျပဳၿမဲအလႉအတန္းႏွင့္ မိဖေဆြမ်ိဳးရပ္ထံျပန္ၾကမည့္ သၾကၤန္ကာလကို ကိုဗစ္-၁၉ က တားဆီးလိုက္ပါသည္။

၁၂ မတ္ ၂၀၂၀ တြင္၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က၊ ကိုဗစ္-၁၉ ကို ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာလိုက္ပါသည္။သည္ေတာ့မွ ျမန္မာတို႔ကို လူစုလူေဝးမျပဳလုပ္ရန္ စတင္တားျမစ္ျခင္းျဖစ္ပါသည္။ဤတြင္ မတ္လဆန္းကပင္ ႀကိဳတင္စီစဥ္ထားၾကသည့္ ၿမိဳ႕နယ္၊ ေက်း႐ြာအႏွံ႔ရွိ ရဟန္းခံရွင္ျပဳပြဲမ်ား လႉဒါန္းေရးအခက္ေတြ႕ၾကေတာ့သည္။ထို႔ျပင္ မတ္ ၂၃ ရက္ေန႔၌ျမန္မာတြင္ ကိုဗစ္လူနာ ၂ ဦး စတင္ေတြ႕လိုက္ျခင္းေၾကာင့္ လူစုလူေဝးမလုပ္ရန္သာမက၊ တတ္ႏိုင္သမွ်အျပင္မထြက္ဘဲ၊ ေနအိမ္မ်ားတြင္သာေနၾကရန္ ႏႈိးေဆာ္ခ်က္မ်ားလည္း ထြက္လာပါသည္။ထို႔ေနာက္ ကိုဗစ္ကူးစက္ခံထားရသူ ဆယ္ဂဏန္းေက်ာ္လာရာ၊ လူစုလူေဝးမျပဳလုပ္ရန္၊ နာေရးကိစၥမွအပ လူစုလူေဝးမလုပ္ရန္ ပိုမိုတင္းက်ပ္လာပါသည္။

စာေရးသူတို႔ ရပ္ကြက္သည္ သာေရး၊ နာေရးအားလုံး ေလာ္စပီကာ ( သို႔မဟုတ္) အသံက်ယ္ေလာင္စြာဖြင့္သည့္ ေဆာင္းေဘာက္စ္ သုံးၾကပါသည္။၂၀၁၉ ကတည္းက အတည္ျပဳခဲ့သည့္ စည္ပင္ဥပေဒသည္ စာေရးသူတို႔ရပ္ကြက္တြင္ အသက္မဝင္ေပ။အသုဘရက္လည္ကိုလည္း ေလာ္စပီကာ (သို႔မဟုတ္) အသံခ်ဲ႕စက္သံ ဆူဆူညံ။မဂၤလာေဆာင္ဧည့္ခံပြဲဆိုလည္း အသံခ်ဲ႕စက္သံ ဆူဆူညံ။နာေရးသာေရးအိမ္ႏွင့္ အနီးဝန္းက်င္ၾကားသာ႐ုံ အသံမဟုတ္ဘဲ၊ အလြန္က်ယ္ေလာင္စြာဖြင့္သည့္ အသံခ်ဲ႕စက္သံကို တားဆီးသူသည္ ထိုရပ္ကြက္တြင္ လူမႈေရးနားမလည္သူ၊ ဘာသာေရးနားမလည္ ျဖစ္ရေတာ့သည္။က်ယ္ေလာင္ေသာအသံ၏ အႏၲရာယ္ကိုလည္းနားမလည္ၾက။ထိုသို႔ သာေရးနာေရးတြင္ စက္ကေလးဖြင့္လိုက္ရမွဆိုသည့္ အစြဲကလည္း အ႐ိုးစြဲေနၾကသည္။သူတို႔တြင္ မိ႐ိုးဖလာ ဗုဒၶဘာသာအသိမွလြဲ၍ မွန္ကန္ေသာ ဗုဒၶဘာသာအသိမရွိဟုဆိုပါက လုံးဝလက္ခံမည့္ အေနအထားတြင္ မရွိၾကေပ။

စာေရးသူတို႔ႏွင့္ တစ္လမ္းသာျခားသည့္ အိမ္မွ အလႉဒါယကာသည္ ဤေႏြတြင္ အႀကီးအက်ယ္ ရဟန္းခံရွင္ျပဳေပးရန္ ျပင္ဆင္ထားသည္။ရပ္ကြက္ထဲမွ ရဟန္းခံပၪၨင္းတက္မည့္သူမ်ား၊ ရွင္ျပဳမည့္ကေလးမ်ားအား အလႉဒါယကာက၊ ကြယ္လြန္သူ ဇနီးအတြက္ ရည္စူးလႉဒါန္းမည္ျဖစ္သည္။
မ႑ပ္ႀကီး ဟိန္းေနေအာင္ထိုးထားၿပီးမွ ကိုဗစ္ေရာဂါကူးစက္သူ ရွိလာၿပီဆိုေသာ အေနအထားအရ၊ ဘုန္းႀကီးေက်ာင္းက လူစုလူေဝးျဖင့္ လာခြင့္မျပဳေတာ့ေပ။အလႉဒါယကာကား စိတ္ဓာတ္မက်။မ႑ပ္သို႔ သံဃာတစ္ပါးပါးကိုပင့္၍ ရဟန္းခံရွင္ျပဳေပးမည္။သိမ္မဝင္ရသျဖင့္ ရဟန္းမျပဳေတာ့မည့္သူမ်ား၊ အမည္စာရင္းေပးထားၿပီးမွ ရွင္မျပဳေတာ့ဟု ဖ်က္သိမ္းလိုက္သည့္ မိဘမ်ားလည္းရွိလာသည္။သည္ေတာ့ အလႉဒါယကာက ရဟန္းခံမည့္အစီအစဥ္ကို ဖ်က္လိုက္ေသာ္လည္း ကေလးေတြကိုေတာ့ ရွင္ျပဳေပးမည္။

အလႉကို ၃ ရက္လုပ္မည္ျဖစ္ရာ၊ ပထမေန႔တြင္ မနက္လင္းလင္းခ်င္း အသံခ်ဲ႕စက္သံဆူညံစြာဖြင့္လ်က္ ေမာင္ရွင္ေလာင္းမ်ားႏွင့္ သူတို႔၏မိဘမ်ားအား ကားေပၚတင္ကာ၊ ရပ္ကြက္ကိုပတ္သည္။သည္အသံခ်ဲ႕စက္ အိမ္ေရွ႕မွျဖတ္ခ်ိန္တြင္ အသံခ်ဲ႕စက္သံအား မိနစ္ပိုင္းမွ်သာၾကားရသည္ကပင္ အေတာ္နားဒုကၡေရာက္ရပါသည္။သည္ေနာက္ ညေနဘက္ ဆံခ်သည္။ေနာက္ေန႔ ရွင္ျပဳၾကသည္။ထိုေန႔တစ္ေန႔လုံးနီးပါး အသံခ်ဲ႕စက္သံ တညံညံႏွင့္။ေနာက္ဆုံး တတိယေန႔ကား စတုဒီသာေကြၽးေမြးလႉဒါန္းပြဲႏွင့္ ေရစက္ခ်အမွ်ေဝပြဲျဖစ္ပါသည္။မနက္လင္းကတည္းက ဘယ္သူမဆို ထမင္းလာစားၾကပါေအာ္လိုက္၊ သီခ်င္းဖြင့္လိုက္ လုပ္ေနသည့္ အသံခ်ဲ႕စက္သံကို စာေရးသူ မနည္းသည္းခံေနရပါသည္။ေန႔လယ္ ၁၁ နာရီေက်ာ္ေသာ္ သည္းခံႏိုင္စိတ္ကုန္ခမ္းသြားၿပီ။အလႉရွင္ကို ေျပာႏိုင္ဆိုႏိုင္ေခ်ရွိသည့္ ဆရာမတစ္ဦးထံ ဖုန္းဆက္ရသည္။

“ဆရာမေရ အလႉရွင္ကို သတိေပးလိုက္ပါအုံး။နာေရးကလြဲလို႔ တျခားကိစၥ လူစုလူေဝးမလုပ္ရ ေၾကညာထားၿပီေနာ္။တစ္ေနကုန္ စတုဒီသာေကြၽးမယ္ ခ်က္ထားတာေတြကေတာ့ လာတဲ့သူေကြၽးေပါ့၊ အသံခ်ဲ႕စက္ ဒီေလာက္ဖြင့္ေနတာ တစ္ဖြဲ႕ဖြဲ႕ေရာက္လာရင္ ျပႆနာျဖစ္ႏိုင္တယ္။”

ရပ္ကြက္ထဲတြင္ ကေလးမ်ားကို စာဖတ္ဝိုင္းလုပ္ေပးေနသည့္ ဆရာမက သြားေျပာလိုက္ပုံရပါသည္။အသံခ်ဲ႕စက္ပိတ္ေတာ့မည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ မိုးခ်ဳပ္သည့္တိုင္ မည္သူမဆို ထမင္းလာစားၾကပါရန္ ဖိတ္ေခၚ ေၾကာင္းေျပာလ်က္ စက္သံရပ္သြားပါသည္။နားေအးၿပီး စိတ္သက္သာရာရသြားသည္မွာ ေျပာဖြယ္မရွိၿပီ။တခဏၾကာေသာ္ စာေရးသူတို႔ သနပ္ခါးတုံးဝယ္ေနၾကေဈးသည္ အညာသူမ ေရာက္လာပါသည္။သူတို႔လင္မယားက အညာမွလာၿပီး ေဈးေရာင္းရင္း သည္ရပ္ကြက္တြင္ေနၾကသည္မွာၾကာၿပီ။သူ႔ကို အားလုံးက အညာသူမဟုသာ ေခၚၾက၍ အမည္ရင္းပင္ ဘာမွန္းမသိ။အညာသူမသည္ မ်က္ႏွာရႈံ႕မဲ့လ်က္ “႐ြာမွာ ေၾကာ္ေလွာ္ၿပီးသားေတြ ဒယ္လိုက္သိမ္းသြားၿပီ။ဒီကေန ေနာက္တစ္ပတ္လိုက္ဖို႔ ကားလက္မွတ္ေတြျဖတ္ထားတာ တစ္သိန္းေက်ာ္ဖိုး။အခု႐ြာမွာ လူစုလူေဝးနဲ႔ အလႉမလုပ္ရဆိုေတာ့ ဒီႏွစ္မျပန္ရေတာ့ဘူး” ဟု ခ်ဴသံပါေအာင္ ညည္းပါေတာ့သည္။

သူတို႔ေဒသက အလႉလုပ္ရန္ မႏၲေလး၊ ပခုကၠဴ စသည့္ ၿမိဳ႕ႀကီးမ်ားသို႔တက္၍ ေဈးဝယ္ၾကသည္။အညာငါးေျခာက္ေထာင္းေၾကာ္ေကြၽးရန္ ငါးေျခာက္မ်ား၊ ပုဇြန္ေျခာက္မ်ားကို ရန္ကုန္မွ ဝယ္ပို႔ၾကသည္။ငါးေျခာက္ႏွပ္၊ ငံျပာရည္ေၾကာ္ စသည္တို႔ကို ႐ြာလုံးကြၽတ္ႏွင့္ အနီးအပါး႐ြာမ်ားမွ လူမ်ားအားေကြၽးရန္ ႀကိဳတင္ေၾကာ္ထားေလ့ရွိၾကပါသည္။

ငါးေျခာက္ေတြ ေရာက္လာကတည္းက ေက်း႐ြာလူႀကီးက လာတားသည္ဆို၏။သို႔ေသာ္ ႐ြာခံမ်ားကေရာ၊ ပစၥည္းပစၥယဝယ္ပို႔ေနသည့္ ရန္ကုန္ေရာက္ အညာသူ အညာသားမ်ားကပါ ႏွစ္စဥ္လႉေနတာကို အဆန္းလုပ္လို႔ဟုဆိုလ်က္ ႀကိဳတင္ေၾကာ္ေလွာ္ၾကသည္။သည္တြင္ ဝိုင္းဝန္းလုပ္သူ တပုံတပင္ျဖစ္ေနရာ ခ်က္ျပဳတ္ၿပီးသားမ်ားကို ခဏသိမ္းသြားျခင္းျဖင့္ လူစုခြဲေပးလိုက္သတဲ့။

ေနာက္တစ္ေန႔ထုတ္ သတင္းစာထဲတြင္ ေနျပည္ေတာ္ နယ္နမိတ္အတြင္းရွိ ႐ြာမ်ားသည္ ရဟန္းခံရွင္ျပဳမည့္ အလႉမ်ားကို တားဆီးေနသည့္ၾကားမွ လုပ္ေနၾကသျဖင့္ လူစုလူေဝးျဖစ္ေစသည္ကို ဥပေဒအရ အေရးယူေတာ့မည္ဆိုသည့္ သတင္းပါလာပါသည္။သည္တြင္ ျမန္မာတို႔၏ ေႏြရာသီရဟန္းခံရွင္ျပဳအလႉပြဲမ်ားအေပၚ  မည္မွ်သဒၶါစိတ္ထက္သန္လ်က္ ထမင္းရည္ေခ်ာင္းစီးေကြၽးရပါမွ လႉရပါမွဆိုသည့္ အစြဲမည္မွ်ႀကီးေၾကာင္းသိလာကာ၊ စိတ္လည္းမေကာင္း၊ သနားလည္းသနားမိပါသည္။သို႔ေသာ္ သည္ေရာဂါဆိုးသည္ ကပ္ေဘးျဖစ္၍ အတတ္ႏိုင္ဆုံး ေရွာင္ရန္ေဆာင္ရန္မွအပ ဘာမွမတတ္ႏိုင္ေပ။

တစ္ေန႔ထက္တစ္ေန႔ ကိုဗစ္ပိုး ကူးစက္ခံထားရသူ အေယာက္ ၂၀ ေက်ာ္လာေခ်ၿပီ။အကယ္၍ ပိုမိုကူးစက္သူမ်ားလာပါက၊ အထိခိုက္ႀကီးထိခိုက္ၾကမည္မွာ တစ္ေန႔လုပ္တစ္ေန႔စား၊ လက္လုပ္လက္စားမ်ား ျဖစ္ၾကပါသည္။တစ္လမ္းေက်ာ္မွ အလႉ႔ဒါယကာႀကီးသာ မိ႐ိုးဖလာဗုဒၶဘာသာတို႔ထုံးစံ ရဟန္းခံရွင္ျပဳၿပီး ထမင္းရည္ေခ်ာင္းစီး စတုဒီသာမလႉဘဲ၊ ထိုကုန္က်မည့္ေငြမ်ားအား သိမ္းထားၿပီး ကိုဗစ္-၁၉ ေၾကာင့္ စားေရးအခက္ေတြ႕ၾကမည့္သူမ်ားကို ဆန္၊ ဆီ၊ ငရတ္ ၾကက္သြန္၊ ပဲ၊ ေဆးဝါး လႉဒါန္းပါက မည္မွ်အက်ိဳးရွိမည္နည္း။ထမင္းဟင္းမ်ားကို မိုးၿပဲဒယ္မ်ားျဖင့္ခ်က္ထားၿပီး မကုန္၍ တေအာ္ေအာ္ တဟစ္ဟစ္ လူေခၚေကြၽးေနရသည့္အျဖစ္ကို ျပန္သတိရၿပီး ကုန္သြားသည့္ေငြမ်ားကို ႏွေျမာလွပါသည္။

ျမန္မာျပည္တဝန္းတြင္ က်င္းပမည့္ ရဟန္းခံ၊ ရွင္ျပဳ၊ နားသအလႉပြဲမ်ားကို လူစုလူေဝးျဖင့္ မက်င္းပရသျဖင့္ လူနည္းနည္းႏွင့္ က်ဲက်ဲဝိုင္း လႉဒါန္းၿပီးေနာက္ ပိုလွ်ံထြက္လာေသာ ေငြေၾကးမ်ားအား၊ ေဆး႐ုံမ်ားတြင္ လိုအပ္ေနသည့္ ႏွာေခါင္းစည္းမ်ား၊ ဆရာဝန္ႏွင့္ သူနာျပဳမ်ား ေဆး႐ုံဝန္ထမ္းမ်ားစားေသာက္ရန္ အစားအစာမ်ား၊ ၁၄ ရက္ ေစာင့္ၾကည့္ခံရမည့္သူမ်ား ေနထိုင္ၾကရသည့္ စခန္းအသီးသီးသို႔ လိုအပ္သည့္အရာမ်ား ေပးလႉမည္ဆိုပါက၊ ဗုဒၶအလိုက် အလႉေပးသူႏွင့္ အလႉလက္ခံသူ ႏွစ္ဦးႏွစ္ဘက္အလြန္အက်ိဳးရွိမည့္ အလႉျဖစ္လာျဖစ္ေၾကာင္း ရဟန္းခံရွင္ျပဳလ်က္ ထမင္းရည္ေခ်ာင္းစီး အလႉေပးရန္ စိတ္ေစတနာထက္သန္လွသည့္ မိ႐ိုးဖလာ ဗုဒၶဘာသာဝင္မ်ား အျမင္ေျပာင္းလာပါက မေမွ်ာ္လင့္သည့္ ေရာဂါကပ္ေဘးေၾကာင့္ ေခတ္မီဆန္းသစ္သည့္ အလႉရွင္မ်ားျဖစ္လာပါက ေကာင္းေလစြဟု ေတြးမိပါေတာ့သည္။

ခင္ႏွင္းဦး
ဧၿပီ - ၈